Thursday , November 1 2018
Home / သတင်း / ဒေသတွင်းသတင်း (page 20)

ဒေသတွင်းသတင်း

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သာယာဝတီခရိုင်မှာ သဘာဝဘေးအန္တရာယ် အကြိမ်ရေ အကျရောက်ဆုံး ခရိုင်ဖြစ်နေ

မျိုးမြတ် (မြစ်မခ) ပဲခူး၊ ဇူလိုင် ၅ ရက်။ ပဲခူးတိုင်းဒေသကြီးရှိ ခရိုင်(၄)ခုတွင် ဧပြီလမှ ဇွန်လအထိ (၃)လတာကာလအတွင်း သဘာဝဘေးအန္တရာယ်ဖြစ် ပွားမှု အကြိမ်ရေအများဆုံးမှာ သာယာဝတီခရိုင်ဖြစ်ပြီး အဆိုပါခရိုင်အတွင်းရှိ ဒေသခံပြည်သူ (၂၈၀၀)ကျော်မှာ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရကြောင်း ပဲခူးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနမှ သိရှိရသည်။ သာယာဝတီခရိုင်တွင် မီးဘေး(၃)ကြိမ်၊ ရေဘေး(၁)ကြိမ်၊ လေဘေး(၃၆)ကြိမ်၊ မိုးကြိုး(၁)ကြိမ်၊ အခြားဘေး (၁) ကြိမ်၊ စုစုပေါင်း(၄၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ပဲခူးခရိုင်တွင် မီးဘေး(၉)ကြိမ်၊ လေဘေး(၁၉)ကြိမ်၊ ကမ်းပြိုမှု(၁)ကြိမ်၊ မိုးကြိုး(၇)ကြိမ်၊ စုစုပေါင်း(၃၈)ကြိမ်၊ တောင်ငူခရိုင်တွင် မီးဘေး(၁)ကြိမ်၊ လေဘေး(၉)ကြိမ်၊ မိုးကြိုး(၂)ကြိမ်၊ စုစုပေါင်း(၁၂)ကြိမ်၊ ပြည်ခရိုင်တွင် မီးဘေး(၃)ကြိမ်၊ လေဘေး(၃၂)ကြိမ်၊ စုစုပေါင်း(၃၅)ကြိမ်တို့ဖြစ်ပွားခဲ့ ကြောင်း …

Read More »

မန္တလေး-မူဆယ်လမ်းမကြီးပေါ်တွင် အကျွတ်အလွတ်အမျှဝေပွဲများ ပြုလုပ်မည်

နောင်(မြစ်မခ) လားရှိုး၊ ဇူလိုင် ၅ ရက်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးတွင် အကြောင်းအမျိုးမျိုးကြောင့် အ သက်ဆုံးရှုံးသွားကြသူများအတွက် အကျွတ်အလွတ်အမျှဝေပွဲအား ဇူလိုင်လဒုတိယပါတ်အတွင်း (၃)နေရာခွဲ၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မန္တလေး-မူဆယ်လမ်းမကြီးပေါ်၌ အသက်ဆုံးရှုံးသွားခဲ့ရပြီး ဆုတောင်းအမျှဝေခြင်းများ မရရှိကြခြင်းကြောင့် မကျွတ်မလွတ်ဖြစ်နေသူများ ကျွတ်လွတ်၍ အခြားကောင်းမွန်ရာဘဝသို့ ကူးပြောင်းစေရန်ရည်ရွယ်ကာ ယာဉ် မောင်းများက စုပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Read More »

ပြည်မြို့ရှိ ပရဟိတအသင်းအချို့ ဖုန်းဆက်ခြိမ်းခြောက်ခံနေရ

သီဟလွင် (မြစ်မခ) ပြည်၊ ဇူလိုင် ၅ ရက်။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ပေါ်ရှိ ပရဟိတ သာရေး၊ နာရေးအသင်းဝင် အချို့ထံ ဖုန်းဆက် ခြိမ်းခြောက်ခြင်းနှင့် ရန်ရှာခြင်းများ ရှိနေကြောင်း အဆိုပါ အသင်းများထံမှ သိရှိရသည်။ ယင်းကဲ့သို့ပြုလုပ်ခြင်းများကို ဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လဆန်းပိုင်းတို့တွင် ကြုံတွေ့နေရပြီး ပရဟိတအသင်း အချို့၏ ကားများကို လမ်းတွင် ခဲဖြင့်ထုခြင်း၊ အရှေ့မှ ပိတ်ရပ်၍ ရန်ရှာခြင်း၊ လူနာသွားရောက်သယ်ရာတွင် အုပ်စုဖွဲ့ ရန်ရှာခံရခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။

Read More »

မင်္ဂလာဒုံမြို့နယ်မှ လေးလောင်းပြိုင်လူသတ်မှု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ကို ပြန်စိစစ်ပေးရန် သေဆုံးသူများ၏ ဆွေမျိုးများ တောင်းဆို

ထွယ်ဆန် (မြစ်မခ) ရန်ကုန်၊ ဇူလိုင် ၄ ရက်။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်၊ မြအေးချမ်းသာလမ်းမှ မိသားစုလေးဦး အသတ်ခံရမှု  အပေါ် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ပြန်လည်စိစစ်ပေးရန် သေဆုံးသူများ၏ ဆွေမျိုးများ  က ဇူလိုင် ၃ ရက်တွင် မီဒီယာမှ တဆင့်တောင်းဆိုလိုက်ကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ဇွန် ၃၀ ရက်ကထုတ်ပြန်သည့် အမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်တွင် သေဆုံးသူ စိုးနောင်သည် ဘယ်သန်တစ်ယောက်ဖြစ်ကာ တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်တက်သူဖြစ်ပြီး  အိမ်တွင်းရေး ငွေကြေးအရှုပ်အရှင်းရှိခြင်းတို့ကြောင့် စိတ်မတည်ငြိမ်ဖြစ်ကာ သားနှစ်ဦးဖြစ်သည့် မောင်စွမ်း ထက်မြတ်နှင့် မောင်ဟန်သူရ၊ ဇနီးဖြစ်သူ မချယ်ရီပွင့်တို့ကို ဓားဖြင့်ထိုးသတ်ပြီးနောက် မိမိကိုယ်ကိုသတ်သေခဲ့ ကြောင်း ထုန်ပြန်ထားသည်။

Read More »

ပြည်မြို့နယ်အတွင်း သွားလာရာတွင် တုတ်၊ ဓားလက်နက် ကိုင်ဆောင်ခြင်း မပြုလုပ်ရန် ကြေညာချက်ထုတ်

သီဟလွင် (မြစ်မခ) ပြည်၊ ဇူလိုင် ၄ ရက်။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်အတွင်း ပြည်သူများ သွားလာရာတွင် တုတ်၊ ဓားလက်နက်များ  ကိုင်ဆောင်ခြင်း မပြုရန် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ထားကြောင်း သိရှိရသည်။ ပြည်မြို့နယ်အတွင်း ဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လဆန်းပိုင်းတို့တွင် လူသတ်မှု၊ အုပ်စုဖွဲ့၍ ခိုက်ရန်ဖြစ်ပွားမှုများ ဆက်တိုက်နီးပါးဖြစ်နေခြင်းကြောင့် လက်နက်မကိုင်ဆောင်ရန် ဇူလိုင် ၃ ရက်မှ စတင်ကာ ရပ်ကွက်များအတွင်း အသံချဲ့စက်များဖြင့် လိုက်လံကြေညာနေကြောင်း သိရသည်။ “လူငယ်တွေ တုတ်၊ ဓားလက်နက်ကိုင်ဆောင်တာ သူတို့မှာအပြစ်မရှိဘူးလို့ သူတို့စိတ်ထဲထင်နေမှာစိုးလို့ ကျယ် ကျယ်ပြန့်ပြန့်နဲ့ အသိပေးမယ့် မနေ့ညကစပြီး မြို့နယ်အစီအစဉ်အပါအဝင် ရပ်ကွက်တွေအလိုက် သုံးရက်ဆက် တိုက်ကြေညာပါ့မယ်။ တုတ်၊ ဓားလက်နက်ကိုင်ဆောင်တာတွေ၊ ချွန်ထက်တဲ့အရာတွေ၊ …

Read More »