Tuesday , May 28 2019
Home / သတင်း / ဒေသတွင်းသတင်း (page 2)

ဒေသတွင်းသတင်း

ပြည်မြို့နယ်တွင် ယခုဘဏ္ဍာနှစ်အတွင်း ယခင်နှစ်ထက် အခွန်ငွေ ကျပ်သန်း(၂၅၀)ကျော် ပိုမိုကောက်ခံရရှိ

  သီဟလွင် (မြစ်မခ) ပြည်၊ မတ် ၂၃ ရက်။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်တွင် ယခု ဘဏ္ဍာနှစ်အတွင်း အခွန်ကောက်ခံရရှိမှုမှာ ယခင်နှစ်ထက် ကျပ်သန်း(၂၅၀)ကျော် ပိုမိုကောက်ခံရရှိခဲ့ကြောင်း ပြည်မြို့နယ်အခွန်များဦးစီးဌာနမှူးရုံးမှ သိရှိရသည်။ ပြည်မြို့နယ်တွင် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်၊ အထူးကုန် စည်ခွန်တို့မှ ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ် ၂၂ ရက်အထိ ကျပ်(၃၀၄၈)သန်း ကောက်ခံရရှိပြီး ယခင်နှစ်က အလားတူကာလတွင် ကျပ်(၂၇၉၆)သန်းသာ ကောက်ခံရရှိခဲ့သည်။

Read More »

ပဲခူးတိုင်းအတွင်းရှိ ယဉ်ကျေးမှု ပုံစံများနှင့် ရာဇဝင်ပုံစံ အချို့ကို LED မီးလုံးများဖြင့် ပုံဖော်ပြသခြင်းကို တောင်ငူမြို့၌ ပြုလုပ်မည်

  ကျော်မျိုးထွဋ် (မြစ်မခ) ကညွတ်ကွင်း၊ ဇန်နဝါရီ ၁၉ ရက်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အထင်ကရရှိနေသည့် ယဉ်ကျေးမှုပုံစံများနှင့် ရာဇဝင်အချို့ကို LED မီးလုံးများဖြင့် ပုံဖော်ပြသခြင်းကို တောင်ငူမြို့၊ မိုင်ဒါကွင်းတွင် ဇန်နဝါရီ (၂၇)ရက်မှ ဖေဖော်ဝါရီ(၂၀)ရက်ထိ ပြသသွားမည်ဖြစ် ကြောင်း ပြပွဲပြုလုပ်သည့် moon brother LED မီးအလှဆင်ကုမ္ပဏီမှ သိရှိရသည်။

Read More »

ယာဉ်စာရွက်စာတမ်းအတုပြုလုပ်သည့် ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီးပေးသည့် ယာဉ်ထိန်းကို ဂုဏ်ပြုဆုချီးမြှင့်

  နောင် (မြစ်မခ) လားရှိုး၊ ဇန်နဝါရီ ၁၉ ရက်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲအုပ် စေဝင်းအား Lashio  News Group က “ကိုယ်ကျိုးမဖက်တာဝန်ကျေပွန်မှု ၂၀၁၇” ဂုဏ်ပြုဆုပေးအပ်ခြင်းကို ဇန်နဝါရီ ၁၈ ရက်တွင် နယူးပဲလေ့(စ်)ဟိုတယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Read More »

တိုင်းဧရာ ဝန်ကြီးချုပ် မန်းဂျော်နီနှင့် စိုက်ပျိုးရေး မွေးမြုရေး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်းတို့ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြု

  မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ ဇန်နဝါရီ ၁၀ ရက်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီနှင့် စိုက်ပျိုးရေး မွေးမြုရေး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်းတို့ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ဇန်နဝါရီ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာချက်အရ သိရှိရသည်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့် အမှတ်၊ ၁/၂၀၁၈ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) …

Read More »

ဘားအံမြို့နယ်တွင် တစ်နှစ်အရွယ် နွားမလေးအားလိင်ဆက်ဆံသည်ဟုဆိုကာ အမျိုးသားတစ်ဦး အမှုဖွင့်ခံရ

  မောင်မောင်ငြိမ်း (မြစ်မခ) ဘားအံ၊ ဇန်နဝါရီ ၈ ရက်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မင်းဇီကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ အိမ်မွေးတစ်နှစ်အရွယ် နွားမလေးအား လိင်ဆက်ဆံခဲ့သည်ဟုဆိုကာ နွားပိုင်ရှင်၏ တိုင်ကြားချက်အရ တစ်ရွာတည်းနေ အမျိုးသားတစ်ဦးအား ဇန်နဝါရီ ၆ ရက်တွင် နွားပိုင်ရှင်က အမှုဖွင့်သည်ကို စစ်ဆေးလျက်ရှိကြောင်း ဘားအံမြို့နယ် စက်မှုဇုန်နယ်မြေ ရဲစခန်းမှ သိရှိရသည်။ အဆိုပါ နွားမလေးအား လိင်ဆက်ဆံခြင်းကို ဇန်နဝါရီ ၅ ရက် ည ၁၀း၀၀ နာရီခန့်က ပြုလုပ်ခဲ့သည်ဟု တိုင်တန်းချက်တွင် ပါရှိသည်။ “ကျွန်မနွားသုံးကောင်ကို ညမိုးချုပ်တော့ အိမ်အောက်မှာ ချည်ထားတာပါ။ ည ၉ နာရီကျော်ကျော်မှာ ဘေးအိမ် က ဦးလေးကြီးက …

Read More »