Monday , May 27 2019
Home / သတင်း / ဒေသတွင်းသတင်း (page 10)

ဒေသတွင်းသတင်း

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း ဆိုင်ကယ်အစီးရေ(၁၇)သိန်းနီးပါးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့

မင်းခန့် (မြစ်မခ) မန္တလေး၊ စက်တင်ဘာ ၆ ရက်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ နှစ်ဘီးဆိုင်ကယ်(၁၆၉၄၈၂၆)စီးနှင့် သုံးဘီးဆိုင်ကယ်(၂၈၉၉၅)စီးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။ “ဒါတွေက လက်ရှိချထားပေးတဲ့ အစီးအရေအတွက်ပါ။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာဆိုရင် အများဆုံးချ ထားပေးခဲ့တာပါ။  ဒီလိုချထားပေးခဲ့ပေမယ့် လိုင်စင်မဲ့ ဆိုင်ကယ်တွေကိုလည်း လိုင်စင်လုပ်ပေးဖို့ အစီအစဉ်မရှိ သေးပါဘူး။ မန္တလေးတိုင်းအနေနဲ့က ၂၀၁၄ ခုနှစ်မတိုင်ခင်ကတည်းက လိုင်စင်တွေကို (၉)ကြိမ်တိုင်တိုင်ချထား ပေးခဲ့တာပါ။  ဒီနောက်ပိုင်းတော့ မချပေးသေးပါဘူး။”ဟု မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှု ဦးစီးဌာနမှ ဦးစီးမှူး ဦးနေလင်းက ပြောသည်။

Read More »

မန္တလေးနှင့် ကျောက်မြောင်းအကြား လင်းပိုင်သားပေါက်တစ်ကောင်တွေ့ရှိသည့်သတင်း အတည်မပြုနိုင်သေး

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ စက်တင်ဘာ ၆ ရက်။ မန္တလေးမြို့နှင့် ကျောက်မြောင်းမြို့အကြားရှိ လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း စက်တင်ဘာလပထမအ ပါတ်က လင်းပိုင်သားပေါက်တစ်ကောင်တွေ့ရှိသည့်သတင်းကို အတည်မပြုနိုင်သေးကြောင်း လင်းပိုင်ထိန်းသိမ်း ရေးအဖွဲ့မှ သိရှိရသည်။ လင်းပိုင်သားပေါက်တွေ့ရှိကြောင်း တွေ့ရှိသူများက လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့ထံ ဖုန်းဆက်အကြောင်းကြားခဲ့ သော်လည်း စက်တင်ဘာလဒုတိယပါတ်အတွင်းထွက်ခွာမည့် လင်းပိုင်သုတေသနနှင့် ကင်းလှည့်ခရီးစဉ်ပြီးမှ သာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read More »

MCL ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးသုံးဓာတ်အားပေးစက် (၂၀)မဂ္ဂဝပ်(၂)လုံးဖြင့် လည်ပတ်ခြင်း ကို ခွင့်ပြုမပေးထားဟုဆို

  ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ စက်တင်ဘာ ၅ ရက်။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ MCL ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးသုံးဓာတ်အားပေးစက် (၂၀) မဂ္ဂဝပ်(၂)လုံးဖြင့် စက်လည်ပတ်ခြင်းသည် ခွင့်ပြုမိန့်ရယူထားခြင်း မရှိသောကြောင့် ဥပဒေနှင့်မညီကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က ပြောဆိုလိုက်သည်။ MCL ဘိလပ်မြေစက်ရုံအနေဖြင့် ကျောက်မီးသွေးဓာတ်အားပေးစက်ဖြင့် လျှပ်စစ်ထုတ်လုပ်ပြီး စက်လည်ပတ် ခြင်းသည် ခွင့်ပြုချက်တစ်စုံတစ်ရာ ရယူထားခြင်းမရှိသဖြင့် ဥပဒေနှင့်မညီသည့်အပေါ် အရေးယူပေးရန် တိုက်တွန်းကြောင်းအဆိုကို စက်တင်ဘာ ၅ ရက်က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ က တင်သွင်းလိုက်သည်။

Read More »

ပုဂံဒေသမှ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံနှင့် ဘုရားစေတီများကို ၂၀၂၀ ခုနှစ်မတိုင်ခင် အပြီး ပြုပြင်မည်

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ သြဂုတ် (၃၀)ရက်။ ရှေးဟောင်း ယဉ်ကျေးမှု ပုဂံဒေသတွင်ရှိသည့် ငလျင်ဒဏ်သင့် သာသနိက အဆောက်အအုံတွေ အားလုံးကို ၂၀၂၀ ခုနှစ် မတိုင်ခင် အားလုံး အပြီးပြင်ဆင်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ  သိရှိရသည်။ “နံရံဆေးရေးပန်းချီရှိတဲ့ စေတီဘုရားတွေကိုတော့ အိန္ဒိယနိုင်ငံရယ်၊ ဂျပန်နိုင်ငံရယ်၊ တရုတ်နိုင်ငံရယ် နောက် အီတလီ၊ စပိန် ပါပါတယ်။ အဲဒီနိုင်ငံတွေကပဲ ပြန်လည်ပြုပြင်ပေးဖို့ တာဝန်ယူထားကြပါတယ်။ ပြီးခဲ့တဲ့ (၂၇) ရက်က လုပ်တဲ့ ပုဂံအစည်းအဝေးမှာလည်းပဲ နိုင်ငံပေါင်းစုံက ပညာရှင်ပေါင်းစုံ တက်ကြပါတယ်။ ဒါနဲ့ ပတ် သက်လို့ ခြုံပြီးပြောရမယ်ဆိုရင် ပုဂံမှာရှိတဲ့ သာသနိက အဆောက်အအုံတွေအားလုံးကို ၂၀၂၀ မတိုင်ခင်မှာ အားလုံး …

Read More »

မောင်တောမြို့နယ်အတွင်းရှိ ပိတ်မိနေသည့် ကျေးရွာသားများကို ပြည်နယ်ဝန်ကြီးချုပ် သွားရောက်တွေ့ဆုံ၍ လုံခြုံရေး သတိဝိရိယဖြင့်နေရန်မှာကြား

  အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ သြဂုတ်(၃၀)ရက်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ဘင်္ဂါလီများ၏ ဆက်တိုက်အကြမ်းဖက်မှုကြောင့် စုပေါင်း ရှောင်တိမ်းနေရသည့် ဒေသခံများအား လုံခြုံရေးသတိဝရိယများနှင့် နေထိုင်ရန် ပြည်နယ်ဝန်ကြီးချူပ် ဦးညီပုက မှာကြားခဲ့ကြောင်း တွေ့ဆုံခဲ့သည် ရွာသူရွာသားများ၏ ပြောပြချက်များအရ သိရှိရသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ဦးညီပုတို့ သြဂုတ်(၃၀)ရက်က မောင်တော မြောက်ပိုင်းရှိ  ကျေးရွာများသို့ စားနပ်ရိက္ခများသွားရောက်ထောက်ပံ့ရန် ရဟတ်ယာဉ်ဖြင့် သွားရောက်ကာ ရွာသူ၊ ရွာသား များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

Read More »