Monday , May 27 2019
Home / သတင်း / ဒေသတွင်းသတင်း

ဒေသတွင်းသတင်း

တိုင်းဧရာအတွင်းရှိ ကြိုးတံတား ၄ စင်းကို ပြင်ဆင် ဆောက်လုပ်မှု တစ်နှစ်ခန့်ကြာမြင့်မည်

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ ဒီဇင်ဘာ ၂၀ ရက်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဝါးခယ်မကြိုးတံတား၊ ရွှေလောင်းကြိုးတံတားနှင့် လပွတ္တာပင်လယ်လေး ကြိုးတံတားများကို ပြန်လည်ပြင်ဆင်ဆောက်လုပ်လျက်ရှိပြီး ဝါးခယ်မကျွန်းကုန်း ကြိုးတံတားကို ဖျက်ပြီး  အသစ် တည်ဆောက်နေပြီဖြစ်ရာ တံတားအားလုံးပြင်ဆင်တည်ဆောက်မှု တစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကြိုးတံတား ၇ စင်းရှိသည့်အနက် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်က မြောင်းမြ ကြိုးတံတား ပျက်ကျခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့ရသည့် နောက်ပိုင်း ပုံစံတူဆောက်လုပ်ထားသည့် ကြိုးတံတား အားလုံး ကြံခိုင်မှု အားနည်းနေသဖြင့် ခံနိုင်ဝန်တန်ချိန်များကို လျော့ချသတ်မှတ်ခဲ့ပြီး ပြန်လည်ပြင်ဆင်မှုများနှင့် အသစ်တည်ဆောက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Read More »

စစ်ကိုင်းတိုင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကာ နာဂသို့ ခရီးသွားမည်

  အေမီအောင် (မြစ်မခ) ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့် တင်ရေး အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကာ နာဂခရီးစဉ်ကို ဇန်နဝါရီ ၁၀ ရက်မှ ၁၈ ရက်အထိ ခရီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ခရီးစဉ်တွင် ကား ၁၉ စီးဖြင့် လူ ၆၁ ဦးလိုက်ပါမည်ဖြစ်ကာ မုံရွာမြို့မှ စတင်၍ အလောင်းတော် ကဿဖ၊ ကလေးဝမြို့၊ မော်လိုက်မြို့၊ ဟုမ္မလင်းမြို့၊ လေရှီးမြို့ရှိ နာဂရိုးရာပွဲတော်၊ မူးချောင်း၊ မိုင်းချောင်းနှင့် မဟာမြိုင်တောလမ်း-သက္ကယ်ကျင်း-ရေဦး-ရွှေဘိုမြို့များကို ဖြတ်၍ စစ်ကိုင်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

Read More »

မိုင်းဖုန်းဆရာတော် စေတီတည်မည့် ကွတ်ခိုင်မြို့အနီးရှိ လွိုင်ဆမ်ဆစ်တောင်ပေါ်သို့ နေ့စဉ်လူသောင်းနှင့်ချီ လာရောက်

  နောင် (မြစ်မခ) လားရှိုး၊ ဇူလိုင် ၉ ရက်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့အနီးရှိ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၆၀၀၀)ဝန်းကျင်မြင့်သော မိုင်းဖုန်းဆရာတော် စေတီတည်ထားမည့် လွိုင်ဆမ်ဆစ်တောင်ပေါ်သို့ နေ့စဉ်လူသောင်းချီ လာရောက်လျက်ရှိ ကြောင်း သိရှိရသည်။ တောင်ပေါ်တွင်တည်ထားမည့် စေတီတော်အတွက် လိုအပ်သောပစ္စည်းများကို တောင်ပေါ်သို့ပို့ဆောင်ပေးခြင်း၊ တောင်ခြေတွင် စတုဒီသာကျွေးမွေးသူများဖြင့် များပြားစည်ကားနေကြောင်း သိရသည်။

Read More »

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် သမိုင်းဝင်စေတီ၊ ပုထိုးများမှ ၉၅ ရာခိုင်နှုန်းခန့်ကို ၂၀၂၀ ခုနှစ်တွင် ပြုပြင် ပြီးစီးမည်

  အေမီအောင် (မြစ်မခ) ရန်ကုန်၊ ဇူလိုင် ၆ ရက်။ လက်ရှိအစိုးရသက်တမ်းအတွင်း ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် သမိုင်းဝင်စေတီပုထိုးများမှ ၉၅ ရာခိုင်နှုန်း ခန့်ကို ၂၀၂၀ ခုနှစ်တွင် ပြုပြင်ပြီးစီးမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရှိရသည်။ ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်းက ငလျင်လှုပ်ခတ်ခြင်းကြောင့် ပုဂံ၊ ညောင်ဦးဒေသတွင် စေတီပုထိုးပေါင်း (၃၀၈)ဆူနှင့် မြောက်ဦး၊ ချောက်၊ ရေနံချောင်း၊ မကွေးမြို့များတွင်လည်း ရှေးဟောင်းစေတီပုထိုး (၁၀၀)ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

Read More »

မိုင်းဖုန်းဆရာတော် စေတီတည်မည့် လွိုင်ဆမ်ဆစ်တောင်တွင် စုပေါင်းသန့်ရှင်းရေးနှင့် လှေကားထစ်များပြု လုပ်မည်

  နောင်(မြစ်မခ) လားရှိုး၊ ဇူလိုင် ၅ ရက်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့ရှိ မိုင်းဖုန်းဆရာတော် စေတီတည်ထားမည့် လွိုင်ဆမ်ဆစ်တောင်တွင် လာရောက်သူများ အတက်အဆင်း အဆင်ပြေစေရန် ရှမ်းမြောက်မှ ပရဟိတအသင်းများ စုပေါင်း သန့်ရှင်းရေး လုပ်ခြင်းနှင့် လှေကားထစ်များပြုလုပ်ပေးခြင်းကို ဇူလိုင် ၇ ရက်တွင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။ မိုင်းဖုန်းဆရာတော်စေတီတည်မည့် လွိုင်ဆမ်ဆစ်တောင်ပေါ်သို့ ကုသိုလ်ယူရန်လာရောက်သူများ အတက်အ ဆင်းအဆင်ပြေစေရန်ရည်ရွယ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပရဟိတအသင်းများ စုပေါင်းပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Read More »