Thursday , November 1 2018
Home / သတင်း / ပြည်သူ့ သတင်း (page 5)

ပြည်သူ့ သတင်း

ထိုင်းရှိမြန်မာသံရုံးသည် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ သတင်းပြန်ကြားမှုအားနည်း

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ ဇူလိုင် ၁၀ ရက်။ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးအနေဖြင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ပတ်သက်၍ သတင်းပြန်ကြားမှုများ တွင် အားနည်းချက်များရှိနေပြီး အလုပ်သမားများကလည်း သံရုံးထုတ်ပြန်ချက်များကို စိတ်ဝင်စားမှုနည်းပါး ကြောင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရှိရသည်။ “ထိုင်းဘက်က မြန်မာသံရုံးဘက်ကတော့ ပြန်ကြားရေးက ထုတ်ပြန်တာတွေ တော်တော်အားနည်းပါတယ်။ ထိုင်းရောက် မြန်မာအလုပ်သမားထုတွေကြားထဲမှာကို မပြန့်နှံ့ပါဘူး။ သံရုံးဝက်ဘ်ဆိုက်ကို ဝင်ကြည့်တာနည်း တယ်။”ဟု မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့မှ အထွေထွေ တာဝန်ခံရဲမင်းက ပြောသည်။

Read More »

မလေးရှားနိုင်ငံသို့ မြန်မာလုပ်သားများ ပြန်လည်စေလွှတ်နိုင်ရန် စီစဉ်နေ

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဇူလိုင် ၆ ရက်။ မလေးရှားနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်လိုသည့် မြန်မာလုပ်သားများကို တရားဝင်ပြန်လည်စေလွှတ် ရန် စီစဉ်နေကြောင်း အလုပ်​သမား၊ လူဝင်​မှုကြီးကြပ်​​ရေးနှင့် ပြည်​သူ့အင်​အားဝန်​ကြီးဌာနမှ ပြည်​​ထောင်​စုဝန်ကြီး ဦးသိန်း​ဆွေက ပြောဆိုလိုက်သည်။ မလေးရှားနိုင်ငံ၏ အခြေအနေများနှင့် မြန်မာအလုပ်သမားများ၏ လုံခြုံမှု အခြေအနေမှာ စိုးရိမ်ရသဖြင့် ၂၀၁၆ ဒီဇင်ဘာ ၂၆ ရက်မှစတင်၍ မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုကို ခေတ္တရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။

Read More »

ရန်ကုန်တွင် YBS ယာဉ်များ သတ်မှတ်ချိန်ထိ မပြေးဆွဲခြင်းကြောင့် ကြားကားများ တစ်နေကုန်နီးပါး ပြေးဆွဲနေ

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ ဇူလိုင် ၄ရက်။ ရန်ကုန်တိုင်းဒေသကြီးတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးဘတ်စ်ကားစနစ်(YBS)ကို ပြောင်းလဲပြေးဆွဲခဲ့ ပြီး YBS ယာဉ်များ သတ်မှတ်ချိန်ထိ မပြေးဆွဲခြင်းကြောင့် ကြားကားများမှာ တစ်နေကုန်နီးပါး ပြေးဆွဲလာရ ကြောင်း YBS ယာဉ်လိုင်းများထံမှ သိရှိရသည်။ အများပြည်သူသယ်ယူပို့ဆောင်ရေးဘတ်စ်ကားစနစ် (YBS)ကို ဇန်နဝါရီ ၁၆ ရက်က စတင်ပြောင်းလဲခဲ့သော် လည်း ခရီးသည်အရေအတွက်နှင့် ယာဉ်အစီးရေမမျှတခြင်း၊ သတ်မှတ်အချိန်ထိ မပြေးဆွဲပေးခြင်းများကြောင့် ကြားကားများ ပြေးဆွဲလာခြင်းဖြစ်ကြောင်း သိရသည်။

Read More »

လှိုင်သာယာမြို့နယ်တွင် ယာဉ်ကြောပိတ်ဆို့မှုနှင့် စည်းကမ်းမဲ့ဈေးရောင်းချခြင်းများကို ဖြေရှင်းမည်

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ ဇွန် ၂၇ ရက်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ယာဉ်ကြောပိတ်ဆို့မှုများနှင့် လမ်းမတန်းတွင် စည်းကမ်းမဲ့ ရောင်းချနေသည့် လမ်းဘေးဈေးသည် ကိစ္စများကို မြို့နယ်အဆင့်ဖွဲ့စည်းထားသည့် ကော်မတီက ဖြေရှင်းသွား မည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။ မြို့နယ်အဆင့်ကော်မတီတွင် စည်ပင်သာယာဌာန၊ အထွေထွေအုပ်ချုပ်ရေး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံအရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများပါဝင်၍ ဇွန်လတတိယအပါတ်က စတင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

Read More »

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှ ကျပ်(၃၃၇)ဘီလီယံခန့် အရှုံးပေါ်

  ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဇွန် ၂၇ ရက်။ မြန်မာတစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံ တော်ဘဏ္ဍာငွေကျပ်(၃၃၇)ဘီလီယံခန့် အရှုံးပေါ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။ “နိုင်ငံပိုင်နှင့် ပုဂ္ဂလိကစက်ရုံများမှထုတ်လုပ်သော ဓာတ်အားတစ်ယူနစ်ကုန်ကျစရိတ်မှာ (၉၁.၉၂)ကျပ်ခန့်ရှိ သော်လည်း ဓာတ်အားတစ်ယူနစ်အတွက် ပြန်လည်ကောက်ခံရရှိငွေသည် ပျမ်းမျှ(၆၉.၂၆)ကျပ်သာဖြစ်ပါ၍ နိုင် ငံတော်ဘတ်ဂျတ်မှ ဓာတ်အားတစ်ယူနစ်တိုင်းအတွက် (၂၂.၆၆)ကျပ်ခန့် စိုက်ထုတ်ပေးရသည့်အခြေအနေဖြစ် သဖြင့် ၂၀၁၆-၁၇ ခုနှစ်တွင် စုစုပေါင်း(၃၃၇)ဘီလီယံကျပ်ခန့် အရှုံးခံစိုက်ထုတ်ခဲ့ရပါတယ်။”ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကပြောသည်။

Read More »