Thursday , November 1 2018
Home / သတင်း / ပြည်သူ့ သတင်း (page 177)

ပြည်သူ့ သတင်း

ခရစ္စတိုဖာလိုက်ပါခွင့်မရသည့် လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ

ဇန်န၀ါရီလ(၃၀)ရက်နေ့တွင် ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့နှင့်လိုက်ပါလာသူ ပြင်သစ်နိုင်ငံသားအား ၎င်း၏လုံခြုံရေးအတွက်ဟုဆိုကာ လမ်းလျှောက်သူများနှင့် လိုက်ပါခွင့် မပြုခဲ့ကြောင်း တောင်ငူမြို့နယ်လ.၀.ကမှူးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရှိရသည်။

Read More »

အခပေးနေရာများ၌ အခမဲ့ကားပါကင်များ အစားထိုးဝင်ရောက်

ရန်ကုန်မြို့တွင်းတွင် ယာဉ်ကြောပိတ်ဆို့မှုတနေ့ထက်တစ်နေ့ပိုမိုဆိုးရွားလာခြင်းကြောင့် ရပ်နားခကောက်ခံသည့်ယာဉ်ရပ်နားရာနေရာ(ကားပါကင်)အချို့ကို လာမည့် ဧပြီလမှစ၍ ဖျက်သိမ်းတော့မည်ဟု သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြောသည်။

Read More »

ပညာရှင်ပါဝင်မှုကဏ္ဍတိုးမြှင့်၍ အမျိုးသမီးများအတွက် လုံလောက်သည့်အကာအကွယ်ရယူနိုင်

အမျိုးသမီးများအတွက် ဥပဒေပြုမှုကဏ္ဍတွင် ဥပဒေရေးဆွဲရာ၌ အမျိုးသမီးဥပဒေပညာရှင်များ ပါဝင်မှုအားနည်းခြင်းကြောင့် လုံလောက်သော အကာအကွယ်နှင့် အခွင့်အရေးများ ဆုံးရှုံးမှုများရှိ နေခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်အသိုင်းအ၀ိုင်းက သိရသည်။ “လူ့အဖွဲ့အစည်းတိုင်းမှာရှိတဲ့ မိရိုးဖလာအစွဲအလမ်းတွေ၊ အမျိုးသမီးတွေနဲ့ပတ်သတ်ပြီးတော့ လက်ခံ ကျင့်သုံးမှု တွေကလည်းပဲ အမျိုးသမီးတွေကို ဥပဒေစနစ်ရဲ့ တရားမျှတမှုကို မရရှိအောင် တားဆီးတယ်၊ ပိတ်ပင်တယ်၊ ဒါ့ကြောင့် မညီမျှမှု တွေများနေတယ်။ အမျိုးသမီးတွေအတွက် အင်မတန် အရေးကြီးတဲ့ ဥပဒေတွေကို သက်ဆိုင်ရာနိုင်ငံတိုင်းမှာ ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်မယ်ဆိုရင် မညီမျှမှုတွေဆိုတာ မရှိနိုင်တော့ဘူး”ဟု အငြိမ်းစားတရားသူကြီး ဒေါ်တင်တင်ရီက ပြောသည်။

Read More »

အများချစ်သည့် ဦးဆန်းဆင့်အားတိုင်းလွှတ်တော်သက်တမ်းပြည့်နေနိုင်ရေး ကမ်ပိန်းစတင်

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် မခန့်အပ်ဘဲ ငါးနှစ်သက်တမ်းပြည့်သည်အထိ တိုင်းလွှတ်တော်တွင် တာဝန်ထမ်းဆောင်နိုင်ခွင့်ရရှိစေရန် ပုသိမ် မြို့နေ ပြည်သူလူထုမှ လက်မှတ်ရေးထိုးလှုပ်ရှားမှု စတင်နေပြီဖြစ်သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ဇန်န၀ါရီလ (၂၂)ရက်နေ့က ပေးပို့ခဲ့သော သ၀ဏ်လွှာတွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအား သာသနာရေးဝန်ကြီးအဖြစ်ခန့်အပ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(ဂ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(ခ) တို့အရ ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီမှုရရှိရန် လုပ်ဆောင်ခဲ့သည့်ကိစ္စအပေါ် ယခုကဲ့သို့ တိုင်းလွှတ်တော်တွင် သက်တမ်းပြည့်နေနိုင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှု စတင်ခဲ့ခြင်းဖြစ်သည်။

Read More »

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ တောင်ငူကို အေးချမ်းစွာ ကျြော်ဖတ်

 ပြည်တွင်းငြိမ်းချမ်းရေးအတွက်လိုင်ဇာသို့လမ်းလျှောက်နေသူများအား တောင်ငူမှ ရဲမှူး၊ အုပ်ချုပ်ရေးမှူးတို့က တစ်စုံတစ်ရာ ဟန့်တားခြင်းမရှိပဲ စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ဆုတောင်းစာများပင် ထည့်ပေး လိုက်ကြောင်း သိရှိရသည်။ ယမန်နေ့က ပြည်ပမီဒီယာအချို့တွင် တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူးမှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများအား ဖမ်းဆီးအရေးယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း၊ ထုတ်ပြန်သည့်နိုင်ငံတော်သမ္မ၏ စုဝေးလှည့် လည်ခွင့် တားမြစ်မိန့်အားပယ်ဖျက် ဇန်န၀ါရီလ (၂၈)ရက်နေ့ နေ့စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ ဇန်န၀ါရီလ(၂၉)ရက်နေ့ ညနေပိုင်းတွင် တောင်ငူမြို့သို့ရောက်ရှိခဲ့ကာ ၎င်းမြို့နယ်မှ အေးချမ်းစွာ ထွက်ခွာနိုင် ခြင်းဖြစ်သည်။

Read More »