Thursday , November 1 2018
Home / သတင်း / နိုင်ငံရေးသတင်း (page 20)

နိုင်ငံရေးသတင်း

မ.ဘ.သ.၏ ထုတ်ပြန်ချက် အရေးတယူလုပ်ဆောင်မည်မဟုတ်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်ပြောဆို

မင်းအောင်မြင် (မြစ်မခ) နေပြည်တော်၊ ဇူလိုင် (၈) ရက်။ မ.ဘ.သ. မလိုအပ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ဇူလိုင် ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်ကို အရေးတယူ လုပ်ဆောင် သွားမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုလိုက်သည်။ မ.ဘ.သ. ထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်နေသော မ.ဘ.သ. အဖွဲ့အစည်းကြီး အပေါ် မလိုမုန်းထားရန်ငြိုးပွား၍ မတရားကြံစည်အားထုတ်နေမှုများကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၄ ရက် နောက်ဆုံးထား၍ တာဝန် ယူဖြေရှင်းပေးရန် လေးနက်စွာတောင်းဆိုလိုက်ကြောင်းပါရှိသည်။

Read More »

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် (၂၁)ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီတို့ ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးမှု အရေးကြီးသည့်ဆုံးဖြတ်ချက်အချို့ချနိုင်ခဲ့

မင်းအောင်မြင် (မြစ်မခ) နေပြည်တော်၊ ဇူလိုင် (၅) ရက်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီတို့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ အရေးကြီးသည့်ဆုံးဖြတ်ချက် အချို့ချမှတ်နိုင်ခဲ့ကြောင်း တက်ရောက်ဆွေးနွေးသူများထံမှ သိရှိရသည်။ အဆိုပါ ဆွေးနွေးပွဲကို နေပြည်တော်ရှိ Horizontal Lake View Hotel ၌ ဇူလိုင် ၅ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကော်မတီဝင်များအားလုံး ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြကြောင်း (၂၁)ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီဥက္ကဌ ဒေါက်တာတင်မျိုးဝင်းကပြောသည်။

Read More »

၂၁ ရာစုပင်လုံညီလာခံတွင်ပါဝင်သင့်သည့်အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်

မင်းအောင်မြင် (မြစ်မခ) နေပြည်တော်၊ ဇူလိုင် (၄) ရက်။ (၂၁)ရာစုပင်လုံညီလာခံတွင် ပါဝင်သင့်သည့်အကြောင်းအရာများနှင့်ပတ်သက်၍ ညီလာခံကြိုတင်ပြင်ဆင် ရေးကော်မတီဝင်များနှင့် နိုင်ငံတကာမှ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်ပညာရှင်အချို့တို့ နေပြည်တော်ရှိ Horizontal Lake View Hotel တွင် ဇူလိုင် ၃ ရက်က ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေးကော်မတီတွေရဲ့ ညှိနှိုင်းအ စည်းအဝေးပါပဲ။ ကြိုတင်ပြင်ဆင်ရေးကော်မတီရဲ့ ဆပ်ကော်မတီ(၁)နဲ့ ဆပ်ကော်မတီ(၂)ပါပဲ။ ဆပ်ကော်မတီ ဝင်တွေအားလုံးဖိတ်ပြီးတော့ ညှိနှိုင်းပါတယ်။ နိုင်ငံခြားကပညာရှင်တွေနဲ့က တချို့ကိစ္စတွေမှာ နိုင်ငံတကာမှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တဲ့အချက်တွေကို ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေအတွက် ဆွေးနွေးတဲ့ပုံစံမျိုးပါ။ ကျွန်တော်တို့ကော်မတီနှစ်ခုလုပ်နေတာကို ညှိနှိုင်းတာပါ။ ဒါပြီးရင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုတင်ပြမယ်။” ဟု ဆွေးနွေးပွဲတွင် ပါဝင်သည့် …

Read More »

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့တွေ့ဆုံရာတွင် အလုပ် သမားများအရေးအပါအဝင်အချက်(၆)ချက် အဓိကထားဆွေးနွေး

မင်းအောင်မြင်(မြစ်မခ) နေပြည်တော်၊ ဇွန် ၂၉ ရက်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန် ကြီး ပရာဝစ်(တ်)ဝုန်ဆူဝန်တို့ ဇွန် ၂၉ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမားများအရေးကိစ္စတို့အပါအဝင် အချက်(၆)ချက်ကို အဓိကထားဆွေးနွေးခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ သိရှိရသည်။

Read More »

ငြိမ်းချမ်းရေးညီလာခံကို နောက်မကျဘဲကျင်းပသင့်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များဆွေးနွေး

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဇွန် (၂၈) ရက်။ ၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လနောက်ဆုံးပတ်ထက်နောက်မကျဘဲကျင်းပသင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်  NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးကြခဲ့ကြကြောင်း ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောဆိုလိုက်သည်။ နေပြည်တော်ရှိ Horizontal lake View ဟိုတယ်တွင် ဇွန် ၂၈ ရက် နံနက် (၁၀း၀၀)နာရီက ကျင်းပခဲ့သည့် နိုင်ငံ တော်၏ တိုင်ပင်ခံပုဂ္ဂိုလ်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချူပ်(NCA) လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၈)ဖွဲ့မှ ခေါင်းဆောင်တို့က ၂၁ရာစုပင်လုံညီလာခံကျင်းပရေး ဆွေးနွေးပွဲတွင် ထည့်သွင်းနွေးခဲ့ခြင်းဖြစ်သည်။

Read More »