Thursday , November 1 2018
Home / သတင်း / လွှတ်တော်သတင်း (page 38)

လွှတ်တော်သတင်း

အဖွင့်အမှာစကား၌ပင် အဝေဖန်ခံနေရသည့် တိုင်းဧရာလွှတ်တော်ဥက္ကဋ္ဌသစ်

လွှတ်တော်အမှာစကား ပထမဆုံးပြောကြားခဲ့သည့် ပြောဆိုခဲ့သောဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအသစ်မှာ အဖွင့်အမှာစကား၌ပင် ပုသိမ်အခြေစိုက်နိုင်ငံရေးအဖွဲ့အစည်းများ၏ ဝေဖန်မှုအား ခံခဲ့ရသည်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌသစ် ဦးတင်စိုးမှာ တပ်မတော်အပေါ် သစ္စာစောင့်သိ တာဝန်ထမ်းဆောင်သွားမည်ဟု အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည့် အတွက်ဝေဖန်ခံနေရခြင်းလည်းဖြစ်သည်။

Read More »

အီလက်ထရောနစ် ဥပဒေသစ်ရေးဆွဲ၍ အဟောင်းအား ပယ်ဖျက်မည်

အီလက်ထရွန်းနစ်ဥပဒေပြစ်မူနှင့် ပြစ်ဒဏ်မှာ ခေတ်နှင့်မလျှော်ညီတော့သဖြင့် ပြင်ဆင်ပယ်ဖျက်သွား မည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်းကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။ ” ဦးသိန်းညွှန့်ရဲ့ဆွေးနွေးချက်တွေက ခေတ်စနစ်အရလိုက်လျောညီထွေမှုရှိပြီး လျှော်ကန် သင့်မြတ်ပါကြောင်း တွေ့ရှိရပါတယ်”ဟု ဒုတိယ၀န်ကြီးဦးသောင်းတင်က ပြောကြားခဲ့သည်။

Read More »

ကချင်ဒေသ၌ အပစ်ရပ်ပြီးမှနိုင်ငံရေးဆွေးနွေးသင့်ကြောင်းအဆို လွှတ်တော်၌ အတည်ပြု

မြန်မာစစ်တပ်နှင့်ကေအိုင်အိုအကြား နှစ်ဖက်အပစ်အခတ်ချက်ချင်းရပ်စဲရေးလုပ်ဆောင်ပြီးမှ နိုင်ငံရေး ဆွေးနွေးမှုများလုပ်ဆောင်သင့်သည်ဟု တိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက အတည်ပြုလက်ခံခဲ့ကြသည်။ အပစ်အခတ်ချက်ချင်ရပ်စဲပြီးမှ နိုင်ငံရေးဆွေးနွေးခြင်းကို ပြုလုပ်သင့်ကြောင်းအဆိုကို ကချင်ပြည်နယ် အင်ဂျန်းယန်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြည်သူ့လွှတ်တော်၌ အရေးကြီး အဆိုအဖြစ် ဇန်န၀ါရီလ (၁၈)ရက်နေ့တွင် ကျင်းပသည့် ဆဌမပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ ခြင်းဖြစ်သည်။

Read More »