Thursday , November 1 2018
Home / သတင်း / လွှတ်တော်သတင်း (page 30)

လွှတ်တော်သတင်း

ပုဒ်မ-၅၉(စ) ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီ

နောင်ရိုး(မြစ်မခ)   ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်သည့်ဥပဒေမူကြမ်းဆွေးနွေးသည့် ပထမနေ့တွင် ပုဒ်မ-၅၉(စ)ကို ပယ် ဖျက်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်အများစုမှ ဆွေးနွေးခဲ့ကြ သည်။ ဇွန်လ(၂၃)ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်း အဝေး(၆၂)ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆(က)နှင့် စပ်လျှဉ်း၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Read More »

ရေကူးတင်ဒါကိစ္စ ဖွဲ့စည်းပုံအခြေခံဥပဒေသာမက သာမန်လူ့ကျင့်ဝတ်ဖောက်ဖျက်မိပါက နှုတ်ထွက်ပေးမည်ဟု ဦးရဲထွဋ်ပြောပြီ

နောင်ရိုး(မြစ်မခ) ရေကူးအသံလွှင့်ရုံဟောင်း တင်ဒါကိစ္စနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အား ဖောက်ဖျက် သည်ဟု ယူဆပါက အချိန်မရွေးစွဲချက်တင်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြည်ထောင်စုလွှတ်တော်၌ ပြောကြားလိုက်သည်။ ပြန်ကြားရေးဝန်ကြီးဌာနပိုင် ယခင်ရေကူးအသံလွှင့်ရုံဝင်း မြေနေရာဧက(၉၀)အား ပုဂ္ဂလိကသို့ အပြီးအပိုင် လွှဲပြောင်းပေးရေးကိစ္စ၌ ပြည်ထောင်စုအစိုးရမှ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အား လိုက်နာခြင်း မရှိကြောင်း ဇွန်လ(၁၈)ရက်နေ့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ဝေဖန်ပြောဆိုမှုကို ၎င်းက ပြန်လည်တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

Read More »

ရွှေတိဂုံစေတီတော် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်မည့်ဥပဒေပြဌာန်းရေးအဆို ပယ်ချခံရ

မင်းအံ့သွန်း (မြစ်မခ)   ရန်ကုန်တိုင်းဒေသကြီး၏ အထင်ကရ ရွှေတိဂုံစေတီတော်မြတ်ကြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင် ရေးအတွက် လိုအပ်သော ဥပဒေပြဌာန်းပေးရေးအဆိုမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ရှုံးနိမ့်ခဲ့သည်။ ထိုအဆိုကို ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဇွန်လ(၁၁)ရက်ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (တတိယ)နေ့တွင် အဆိုတင်သွင်းခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် ၁၁၄ ဦးအနက် ထောက်ခံမဲ (၃)မဲသာ ရရှိခဲ့ပြီး ပယ်ချခံလိုက်ရခြင်းဖြစ်သည်။

Read More »

ကိုယ်စားလှယ်များ ကိုယ်စားမဲပေးခြင်း မပြုလုပ်စေရန် လွှတ်တော်ရုံးကြေညာချက် ထုတ်ပြန်

နောင်ရိုး (မြစ်မခ)   လွှတ်တော်ကိုယ်စားလှယ်များအား မိမိ၏ဆန္ဒမဲပေးကဒ်ဖြင့် ကိုယ်စားမဲပေးခြင်းများ မပြုလုပ်ရန် ပြည်ထောင်စု လွှတ်တော်ရုံးမှ ညွန်ကြားချက်ကို ဇွန်လ (၁၀)ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ ဇွန်လ(၁၀)ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၅၇)ရက်မြောက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ရုံး ညွန်ကြားရေးမှူးချုပ်မှ ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “အစည်းဝေး တက်ရောက်နေချိန်တွင် အခြားလုပ်ငန်းတာဝန်အရ ထွက်ခွာ ရန်ရှိ ပါက  မိမိ၏ ဆန္ဒမဲပေးကဒ်ကို ဖြုတ်သိမ်းပြီး ထွက်ခွာချိန်ပေးမူတည်၍ သိမ်းဆည်းထားခြင်း သို့မဟုတ် သတ် မှတ်နေရာသို့ ပြန်လည်အပ်နှံခြင်း ဆောင်ရွက်ရန်၊ မိမိ၏ ဆန္ဒမဲပေး ကတ်ပြားဖြင့် အခြားကိုယ်စားလှယ်၏ စက် ခလုပ်တွင် …

Read More »

ခေါင်းပေါင်းနှင့်မဟုတ်ပဲ စိတ်ဓါတ်အမှန်ဖြင့် မြန်မာ့ဂုဏ်သိက္ခာမြှင့်တင်ကြဖို့ သူရဦးရွှေမန်းတိုက်တွန်း

နောင်ရိုး(မြစ်မခ) လွှတ်တော်ကိုယ်စားလှယ်များ ခေါင်းပေါင်းပေါင်း၍ မြန်မာ့ ဂုဏ်သိက္ခာမြှင့်တင်မည်ဟု ပြောဆိုမနေပဲ စိတ်ဓါတ် အမှန်ဖြင့် မြှင့်တင်ကြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းပြောကြားလိုက်သည်။ ဇွန်လ(၄)ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းဝေး (၅၅)ရက်မြောက် နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယကမှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Read More »