Thursday , November 1 2018
Home / သတင်း / ကျန်းမာရေးသတင်း (page 5)

ကျန်းမာရေးသတင်း

တိုင်းဧရာတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ယမန်နှစ်ထက်(၂)ဆနီးပါးပိုများလာပြီး ကလေး(၁၆)ဦးသေဆုံး

  မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ ဇူလိုင် ၁၀ ရက်။ ဧရာဝတီတိုင်းဒေသကြီးတွင် ဇွန် ၁ ရက်မှ ဇူလိုင် ၉ ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေမှာ ၂၀၁၆ ခုနှစ်တစ်နှစ်လုံး ဖြစ်ပွားသူအရေအတွက်ထက် (၂)ဆနီးပါးပိုများနေပြီး သွေးလွန်တုပ်ကွေးကြောင့် ကလေးငယ် (၁၆) ဦးအထိ သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်မှ ဇူလိုင် ၉ ရက်အထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ (၁၄၁၆)ဦးရှိနေပြီး ၂၀၁၆ ခုနှစ်တစ်နှစ်လုံးက ဖြစ်ပွားသူဦးရေ (၈၄၃)ဦး ရှိခဲ့ကြောင်း သိရသည်။

Read More »

ကျိုင်းတုံမြို့ရှိ ဆေးအရောင်းဆိုင်များ ဆေးဝါးရောင်းချခွင့် လိုင်စင် လျှောက်ထားရန်လို

ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ ဇွန် ၃၀ ရက်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဆေးမျိုးစုံရောင်းချသူများနှင့် ဆေးအရောင်းဆိုင်များအနေဖြင့် ဆေးဝါးရောင်းချခွင့်လိုင်စင် လျှောက်ထားရန်လိုအပ်ကြောင်း ကျိုင်းတုံခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦး စီးဌာန(FDA)မှ သိရှိရသည်။ “ကျိုင်းတုံမြို့မှာရှိနေကြတဲ့ ဆေးမျိုးစုံရောင်းချနေသူများအနေနဲ့ ပြည်သူ့ကျန်းမာရေးအထောက်အကူပြုလုပ်ငန်း မှာ နိုင်ငံသားတာဝန်ကိုထမ်းဆောင်တဲ့အနေနဲ့ ဆေးဝါးရောင်းချခွင့်လိုင်စင်လျှောက်ထားခြင်း ဆောင်ရွက်ဖို့လို အပ်ပါတယ်။ လိုင်စင်ရှိထားရင်လည်း သက်တမ်းတိုးဖို့ကို မမေ့မလျော့လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။” ဟု ကျိုင်းတုံခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတေဇာဝင်းက ပြောသည်။

Read More »

မွန်ပြည်နယ်အတွင်းရှိမြို့နယ်အသီးသီးတွင် မူးယစ်ဆေးဝါးဆန့်ကျင်ရေး လူငယ်အသင်းအဖွဲ့များကို အမြန် ဆုံးဖွဲ့စည်းသွားမည်

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ ဇွန် ၂၉ ရက်။ မွန်ပြည်နယ်အတွင်းရှိမြို့နယ်အသီးသီးတွင် လူငယ်များကိုအခြေခံသော မူးယစ်ဆေးဝါးဆန့်ကျင်ရေး လူငယ်အ သင်းအဖွဲ့များကို အမြန်ဆုံးဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရှိရသည်။ “မူယစ်ဆေးဝါးက အားလုံးနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်တယ်။ မူးယစ်ဆေးဝါးကျယ်ပြန့်သွားရင် တစ်မျိုးသားလုံး လူ ညွန့်တုံးမယ်။ ဒါကြောင့် လူငယ်တွေကိစ္စကို လူငယ်တွေနဲ့ပြန်ပြီး စည်းရုံး၊ လူငယ်တွေအချင်းချင်း ပြန်ထိန်း ကြောင်းရမယ်။ ဒါကြောင့် မြို့နယ်တိုင်းမှာ လူငယ်တွေအခြေခံတဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေး လူငယ်အသင်း အဖွဲ့တွေ အမြန်ဆုံးဖွဲ့စည်းသွားမယ်”ဟု မွန်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဌ၊ မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးကပြောသည်။

Read More »

ရန်ကုန်နှင့် မန္တလေးတို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ အပြုအမူဆိုင်ရာများကို စစ်တမ်းကောက်ယူမည်

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ ဇွန် ၂၉ ရက်။ ၂၀၁၇ ခုနှစ် အကုန်တွင် ရန်ကုန်နှင့် မန္တလေးအပါအဝင် ဒေသ(၅)ခုခန့်၌ မူးယစ်ဆေးဝါးသုံးစွဲသူများ၏ အပြုအမူဆိုင်ရာများကို သုတေသနပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။ မန္တလေးတွင် မူးယစ်ဆေးဝါးသုံးစွဲသူ(၁၂၀၀)ဝန်းကျင်ကို စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက် တိုင်းဆရာဝန်ကြီး ဒေါက်တာသန်းဝင်း က ပြောသည်။

Read More »

ဝေးလံခေါင်သီဒေသများရှိ သန္ဓေတားဆေးအမှန်တကယ်လိုအပ်နေသည့် အမျိုးသမီးများထံ တားဆေး ရောက်ရှိရန် ဒေါ်လာတစ်သန်းကျော်အသုံးပြုမည်

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဇွန် ၂၈ ရက်။ မြန်မာနိုင်ငံအတွင်း ဝေးလံခေါင်သီသော ဒေသများနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေထိုင်ကြသည့် သန္ဓေ တားဆေး အမှန်တကယ်လိုအပ်နေသော အမျိုးသမီးများအတွက် တားဆေးရရှိနိုင်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် ဒေါ်လာတစ်သန်းကျော်အသုံးပြုသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA)မှ သိရှိရသည်။

Read More »