Thursday , November 1 2018
Home / သတင်း / ကျန်းမာရေးသတင်း (page 3)

ကျန်းမာရေးသတင်း

အသက်ပိုရှည်စေဖို့ တစ်နေ့နာရီဝက်လမ်းလျှောက်စို့

  အားကစာခန်းမကို သွားပြီး အားကစားတွေလုပ်တာကိုမှ ကျန်းမာရေးလိုက်စားတယ်လို့ခေါ်တာ မဟုတ်ပါဘူး။ တစ်နေ့ကို နာရီဝက်လောက်လမ်းလျှောက်တာဟာလည်း ကျန်းမာရေးကို ကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ လေ့လာမှုအသစ်တစ်ခုအရတော့ နေစဉ်ပုံမှန် နာရီဝက်ခန့် လမ်းလျှောက်ခြင်းဟာ ကျန်းမာရေးအပေါ်မှာ အကျိုးသက်ရောက်မှု ကြီးကြီးမားမားဖြစ်စေပါတယ်။ တစ်ပတ်ကို မိနစ် ၁၅၀ လောက် လမ်းလျှောက်တဲ့သူတွေဟာ လမ်းသိပ်မလျှောက်တဲ့ သူတွေထက်ကို ပိုပြီး အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေကို ၂၀ % အထိ လျော့ချပေးပါတယ်လို့ ဆိုပါတယ်။

Read More »

ကျန်းမာပြီးလှပတဲ့ အသားအရေရရှိဖို့ ရှောင်ကျဉ်ရမယ့် အစားအစာ ၅ မျိုး

  အသားအရေ တောက်ပကြည်လင်ဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။ အရေးပြားဟာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်တာကြောင့် အလှအပအတွက် အရေးပြာဟာ အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ အသားအရေခြောက်သွေ့တာ၊ အရေပြားစပ်တာ၊ မာကြောနေတာစတဲ့ အရေပြားဆိုင်ရာ ပြသနာတွေနဲ့ မကြုံတွေ့ရအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းအမျိုးရှိပါတယ်။ ဗီတာမင် A ,C ,D ၊ အိုမီဂါ ၃ ၊ သွပ်ဓါတ် စတဲ့ အရာတွေပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးခြင်းအားဖြင့် အသားအရေလောင်ကျွမ်းခြင်းကို ကာကွယ်ပေးပြီး ၀က်ခြံထွက်ခြင်းကိုလည်း တားဆီးပေးကာ အသားအရည်ကို ကျန်းမာစေပါတယ်။ ဒါပေမယ့် နေ့စဉ်စားနေတဲ့ အစားအစာတွေထဲမှာ အရေပြားကျန်းမာရေးကိုထိခိုက်စေပြီး မွှေးညှင်းပေါက်ကလေးတွေရဲ့ အောက်ခြေမှာရှိတဲ့ အဆီဂလင်းတွေပိတ်ဆိုစေပြီး ၀က်ခြံတွေကို ဖြစ်ပေါ်စေတဲ့ အစားအစာတွေပါဝင်ပါတယ်။ ဒါ့ကြောင့် …

Read More »

စီးကရက်၊ ဆေးပြင်းလိပ်နဲ့ e-cigarette: ဘယ်ဟာက ကျန်းမာရေးအထိခိုက်ဆုံးလဲ။

  e-cigarette ဟာ ဆေးလိပ်တွေ၊ စီးကရက်တွေလောက် ကျန်းမာရေး ဆိုးကျိုးမရှိဘူးလို့ e-cigarette ထုတ်လုပ်ဖြန့်ဖြူးသူတွေက ပြောထားပြီး လူတွေကလည်း e-cigarette တွေကို အများအပြားဝယ်ယူနေကြပါတယ်။ ကျန်းမာရေးအတွက် ဆေးလိပ်၊ စီးကရက်ကပဲ ပိုပြီး ဆိုကျိုးများသလား၊ e-cigarette ကပဲ ပိုပြီး ဆိုကျိုးရှိသလားဆိုတာကိုတော့ လူတွေသိပ်မသိကြပါဘူး။ အထူးသဖြင့် e-cigarette တွေဟာ ကျန်းမာရေးအပေါ်ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲဆိုတဲ့အချက်ကို လူတွေမသိကြသေးပါဘူး။ e-cigarette တွေဘယ်လို အလုပ်လုပ်ကြသလဲ။

Read More »

မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးရှိ H1N1 သံသယရှိလူနာ(၃)ဦး ဓာတ်ခွဲအတည်ပြုအဖြေမရသေးသော်လည်း ကျန်းမာရေးအခြေအနေ တိုးတက်ဟုဆို

  ထိန်လင်းအောင်(မြစ်မခ) မြဝတီ၊ သြဂုတ် ၁၇ ရက်။ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ H1N1 သံသယဖြင့် ဆေးကုသမှုခံယူနေရသည့် လူနာ (၃)ဦးမှာ ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနထံမှ အဖြေမရရှိသေးသော်လည်း ကျန်းမာရေးကောင်း မွန်လာကြောင်း အဆိုပါဆေးရုံမှဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးကပြောဆိုလိုက်သည်။

Read More »

တိုင်းရင်းဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်သို့ တိုက်ရိုက်လျှောက်ထားနိုင်

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ သြဂုတ် ၈ ရက်။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၃/၂၀၁၇)ပါ စည်းကမ်းချက်များ အား ပြန်လည်ရုတ်သိမ်းကြောင်း ကျန်းမာ​ရေးနှင့် အားကစားဝန်​ကြီးဌာနမှ ပြည်​​ထောင်​စုဝန်​ကြီး ဒေါက်တာမြင့်ထွေးကပြောဆိုလိုက်သည်။ ယင်းသို့ဖျက်သိမ်းလိုက်ခြင်းကြောင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားခြင်းကို မြို့နယ်၊ ခရိုင်တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီများသို့ အဆင့်ဆင့်တင်ပြရန် မလိုအပ်ဘဲ တိုင်းဒေသကြီး၊ ပြည် နယ်တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း သိရသည်။

Read More »