Thursday , November 1 2018
Home / သတင်း / ကျန်းမာရေးသတင်း (page 20)

ကျန်းမာရေးသတင်း

World  AIDS  Day နေ့ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် လူထုလမ်းလျောက်ပွဲပြုလုပ်

ကိုရှည်ကြီး (မြစ်မခ) မဲဆောက် – ဒီဇင်ဘာ(၁)ရက်။ ဒီဇင်ဘာ(၁)ရက်နေ့တွင် ကျရောက်သည့် World  AIDS  Day ကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် GETTING TO ZERO ဆောင်ပုဒ်ဖြစ်လူထုလမ်းလျောက်ပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လမ်းလျှောက်ပွဲကို မဲဆောက်မြို့မ ရဲစခန်းမှ မယ်တော်ဆေးခန်းထိ ချီတက်လမ်းလျောက်ခဲ့ရာ မဲဆောက်အခြေစိုက်လူမှုရေးအဖွဲ့များ၊ ကျမ်းမာရေးအဖွဲများ၊ ရွှေ့ပြောင်းအလုပ်သမားမျာ၊ နယ်စပ်မှ ရွှေ့ပြောင်း ကျောင်းများမှ ကျောင်းသား/သူများ စုစုပေါင်း ၁၄ ဖွဲ့မှ အင်အား ၇၀၀ ကျော် ပါဝင် လမ်းလျောက်ခဲ့ကြောင်း သိရသည်။

Read More »

သထုံမြို့ ၂၅ ကုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်တွင် ဒေသတွင်း ဝေဒနာရှင်များအား အခမဲ့ကုသပေးမည်

အောင်မြင့်ထွန်း (မြစ်မခ) သထုံ – နိုဝင်ဘာလ (၁၉) ရက်။ မွန်ပြည်နယ်၊ သထုံမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၏ အစီအစဉ်ဖြင့် နိုဝင်ဘာလ ၁၈ ရက်က ဖွင့်လှစ်လိုက်သည့် ၂၅ ကုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်ကြီးတွင် ဒေသတွင်း ဝေဒနာရှင်များအား အခမဲ့ ကုသပေးသွားမည်ကြောင်း သိရှိရသည်။ “ဝေဒနာရှင်တွေအနေနဲ့ ဆေးအတွက် အခပေးစရာမလိုဘူး။ အခမဲ့ ကုသပေးသွားမယ်။  မိမိတို့ စားရေး သောက်ရေးကိုတော့ လူနာရှင်တွေ ကိုယ်တိုင် တာဝန်ယူရမှာပါ။ ဆေးရုံကို အချိန်ပြည့် ဖွင့်ထားပြီးတော့ ပြင်ပလူနာ၊ အတွင်းလူနာတွေကို ကုသပေးသွားမယ်။ မှုခင်းလူနာနဲ့ ကူးစက်ရောဂါ စတာတွေကိုတော့ သက်ဆိုင်ရာ ဆေးရုံတွေကို ပို့ပေးသွားမှာပါ ” ဟု တိုင်းရင်းဆေးရုံမှ …

Read More »

ကိုယ်ခံအားကို စားသည့်ပိုး(ကျန်းမာရေးဆောင်းပါး)

သိုးဖြူ (မြစ်မခ) ဓာတ်ခွဲမှူးလက်ထဲမှ အဖြေစာရွက်ကို သူလှမ်းယူလိုက်ပုံက လုသလိုပင် ဖြစ်သွားမည်ထင်သည်။ ၀မ်းသာသည့် အရှိန်က ထိုအချက်ကို မတွေးအား။ ရုံးခန်းထဲမှ ပြန်ထွက်လာသည့် ခြေလှမ်းတို့ကလည်း လေထဲမှာ ပျံဝဲရသလို ပေါ့ပါးနေသည်။ သူရသည့် ဓာတ်ခွဲအဖြေက “တီဘီရောဂါရှိသည်” ပင်ဖြစ်သည်။ ဒါကပင် သူ့အနာဂတ်ကို ရေ ရာသွားစေသည်။ “ကျွန်တော်တို့အတွက် တစ်ကယ် ပျော်ရွှင်ခဲ့ရတဲ့ ခဏပဲ” ဟု ကိုကျော်စွာ (အမည်လွှဲ) က ပြောသည်။ လွန်ခဲ့ သည့် ၁၀ နှစ်ဝန်းကျင်၊ ၂၀၀၅-၂၀၀၆ ခုနှစ်များဆီသို့ ပြန်ပြောင်းတွေးနေရင်း သူ့မျက်ဝန်းတွေက အဝေးဆီသို့ ကြည့်နေသယောင်ယောင်။

Read More »

ကော့ကရိတ်မြို့နယ် အလယ်တန်းကျောင်းခွဲတစ်ခုမှကျောင်းသားတစ်ရာကျော် သောက်ရေအဆိပ်သင့်

P.T.T (မြစ်မခ)   ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတိုက်နယ်၊ သရက်တောကမ်းနီကျေးရွာ အလယ်တန်းကျောင်းခွဲတွင် တက်ရောက် နေသော ကျောင်းသားတစ်ရာကျော် သောက်ရေအဆိပ်သင့်မှုကြောင့် ကော့ကရိတ်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ကျုံဒိုးတိုက်နယ်ဆေးရုံသို့ အရေးပေါ်တင်ပို့ထားရကြောင်း ကော့ကရိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ကျောင်းသားများသည် စက်တင်ဘာလ ၂၃ ရက်က ကျောင်းခန်းအတွင်း သောက်ရေအိုးမှ ရေကို သောက်ပြီး နောက် မူးဝေအော့အန်ခြင်းမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Read More »

မလိုလားအပ်သည့် ကိုယ်ဝန်နှင့် အန္တရာယ်ရှိကိုယ်ဝန်ဖျက်ချခြင်းကို အရှိန်အဟုန်မြှင့် ကာကွယ်မည်

အောင်ကျော်ဟိန်း (မြစ်မခ)   မလိုလားအပ်သော ကိုယ်ဝန်ဆောင်ခြင်းနှင့် အန္တရာယ်ရှိသော ကိုယ်ဝန်ဖျက်ချခြင်းတို့ကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြင့်တင်ကာကွယ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဒေါက်တာသိန်းသိန်းဌေးက ပြောကြားလိုက်သည်။ သြဂုတ်လ(၂၆)ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မရမ်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ မေ၀င်းမြင့်က ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု လျော့ချနိုင်ရေးကိစ္စနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်းအပေါ် ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

Read More »