Thursday , November 1 2018
Home / သတင်း / ကျန်းမာရေးသတင်း (page 2)

ကျန်းမာရေးသတင်း

ကင်ဆာရောဂါဆေးတွေကြောင့် လက်သည်းနဲ့ အရေပြားမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းရမလဲ

ကင်ဆာရောဂါဝေဒနာရှင်တွေဟာ ဆေးကုသခံယူနေရတဲ့အချိန်မှာ အရေပြားနဲ့ လက်သည်းတွေ ပျက်စီးမှုဖြစ်တတ်ပါတယ်။ ကင်ဆာရောဂါကုထုံးတချို့ဟာ အရေပြားကို ခြောက်သွေ့စေပြီး လက်သည်းခွံလေးတွေကို ကြွပ်ဆက်စေပါတယ်။ ဒါပေမယ့် နေထိုင်မှုပုံစံအနည်းငယ်ပြောင်းလိုက်ရုံနဲ့ ဒီလိုပျက်စီးမှုတွေကို လျော့ချနိုင်မှာဖြစ်ပါတယ်။ အောက်မှာဖော်ပြပေးမှာကတော့ ကင်ဆာရောဂါကုသမှုခံယူနေတဲ့ ဝေဒနာရှင်တစ်ယောက်ဟာ လက်သည်းနဲ့ အရေပြားတွေကို မပျက်စီးအောင်ထိန်းသိမ်းဖို့အတွက် ဆောင်ရန်ရှောင်ရန်အချက်အလတ်လေးတွေပဲ ဖြစ်ပါတယ်။

Read More »

ပုံမှန်မဟုတ်တဲ့ဓမ္မတာအရောင်ကပြောတဲ့ အမျိုးသမီးကျန်းမာရေး

  မအင်္ဂါကနေ ဘယ်လို အရည်မျိုးပဲ ထွက်ထွက် မအီမသာဖြစ်စေပြီး စိတ်ပူပန်မှုကို ဖြစ်စေပါတယ်။ တချို့ဖြစ်စဉ်တွေကတော့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပေမယ့် တချို့တော့ ကျန်းမာရေးပြသနာတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တိုင်း ပြသနာတစ်ခုခုရှိတယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် အမျိုးသမီးတွေ ဘယ်လို ဓမ္မတာလာခြင်းဟာ ဘယ်လိုကျန်းမာရေးပြသနာရှိစေတယ်ဆိုတာကိုတော့ ခွဲခြားသိဖို့လိုအပ်ပါတယ်။ မအင်္ဂါက ထွက်တဲ့ အရည်ဟာ တခါတရံမှာ ကြည်လင်ပြီး ရိုးရိုးရေနဲ့ ဆင်တူပါတယ်။ ၀ါစိမ်းရောင်လည်းရှိနိုင်ပြီး နို့လိုမျိုးအဖြူရောင်လည်းဖြစ်နိုင်ကာ ဒိန်ချဉ်နဲ့လည်း တူနိုင်ပါတယ်။ ဒီအရောင်တွေဟာ ဘာကိုဆိုလိုတယ်ဆိုတာကို နားလည်ခြင်းအားဖြင့် ပြသနာတစ်ခုခုရှိ မရှိကို သိနိုင်ပြီး ပြသနာရှိခဲ့ရင်လည်း အကောင်းဆုံးကုသနိုင်မှာပါ။ အဖြူရောင် မအင်္ဂါက ပုံမှန်ထွက်တဲ့ အရည်ဟာ အကြည်ရောင်ဖြစ်နိုင်သလို နိုနှစ်ရောင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဖြူရောင်စစ်စစ် ထွက်မယ်ဆိုရင်တော့ …

Read More »

(၁၈)နိုင်ငံမှ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများ ကုန်စည်ပြပွဲကို ရန်ကုန်မြို့၌ နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပမည်

  ယမုံ (မြစ်မခ) ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက်။ (၁၈)နိုင်ငံမှ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများ၊ ဆေးရုံသုံးအထောက်အကူပြုပစ္စည်းများနှင့် ဓာတ်ခွဲခန်းသုံး ပစ္စည်းဆိုင်ရာကုန်စည်ပြပွဲကို ရန်ကုန်မြို့ရှိ Myanmar Event Park (MEP) ၌ ကျင်းပသွားမည်ဖြစ်ကြောင်း AMB Tars us Events Group မှ သိရှိရသည်။ အဆိုပါပြပွဲကို နိုဝင်ဘာ ၂၃ ရက်မှ  ၂၅ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ Sule Square ၌ နိုဝင်ဘာ ၉ ရက်ကကျင်းပပြုလုပ်သည့် MEDEX & MYANLAB 2017 ပြပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Read More »

ရင်သားကင်ဆာကို ဘယ်လို ခွဲစိပ်နည်းနဲ့ ကုသတာ အကောင်းဆုံးလဲ

  အမျိုးသမီးတွေကြားထဲမှာ အဖြစ်များလာတဲ့ ရင်သားကင်ဆာကို ခွဲစိပ်ကုသရတော့မယ့်ဆိုရင်တော့ ကုသဖို့ နည်းလမ်း နှစ်မျိုး ရှိပါတယ်။ ပထမနည်းလမ်းကတော့ ကင်ဆာဖြစ်နေတဲ့ ရင်သားတစ်ခုလုံးကို ခွဲစိပ်ဖယ်ရှားလိုက်ခြင်း (mastectomy) နဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကင်ဆာပျံ့ပွားနေတဲ့ နေရာလေးကိုပဲ ကွက်ပြီး ခွဲစိပ်လိုက်ခြင်း( lumpectomy) တို့ပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းနှစ်မျိုးထဲက နည်းလမ်းတစ်မျိုးမျိုးကို ရွေးချယ်ရမှာပါ။

Read More »

မျက်စိစွန်ခြင်းကို ပျောက်ကင်းစေမယ့် နည်းလမ်းတွေ

  မျက်စိစွန်တာကို လူအတော်များများကြုံဖူးကြမှာပါ။ မျက်ခမ်းမှာ ဖြစ်တဲ့ရောဂါဖြစ်လို့ အတော်ကို နေရထိုင်ရ ခက်ပါတယ်။ နောက်ပြီး လူတွေမြင်နိုင်တဲ့ မျက်နှာပေါ်မှာ ဖြစ်တာကြောင့် အလှအပအတွက်လည်း ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး။ ဒါပေမယ့် ဒီလိုမျိုး ဒုက္ခတွေမဖြစ်ရအောင် ရှောင်ကျဉ်ရမယ့် နည်းလမ်းတွေရှိသလို ဒီရောဂါဖြစ်လာရင်လည်း ကိုယ်ကိုယ်တိုင်ပျောက်ကင်းအောင် ကုသနိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။

Read More »