Thursday , November 1 2018
Home / သတင်း / သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (page 9)

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ

d

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ရေထိန်းတာအား အခိုင်အမာတည်ဆောက်ရန် မြို့ခံများ လိုလားနေ

အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ သြဂုတ်(၂၃)ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရေထိန်းတာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုးပေါက် ပျက်စီးလာသည့် အတွက် အခိုင်အမာ တည်ဆောက်ရန် မြို့ခံများမှ လိုလားနေကြောင်း သိရှိရသည်။ အဆိုပါ ရေကာတာဆည်မှာ သက်တမ်း(၇၀)ကျော်ရှိပြီး အရည်အသွေးကျဆင်းလာမှုနှင့် မြေသားများ ဆွေးမြေ့ လာခြင်း၊ ကဏန်းကောင်များနှင့် ရေနေသတ္တဝါများမှ ဖောက်ထွင်းမှုကြောင့် တောင်ရင်းကျေးရွာ အနီး (အုတ် ခေါင်း)မှ ပြင်ဖြူမော်ကျေးရွာထိ အရှည် ပေ(၆၀၀၀) ခန့်ရှိပြီး နေရာ အချို့တွင်အသေးစား ကျိုးပေါက် ပျက်စီး နေသည့် နေရာအများအပြားရှိလာကြောင်း သိရသည်။

Read More »

ဧရာဝတီမြစ်ဝှမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို နယ်သာလန်နှင့် သြစတေးလျနိုင်ငံတို့မှ ကူညီမည်

ပိုင်ထက်(မြစ်မခ) ရန်ကုန်၊ သြဂုတ် (၂၂) ရက်။ ဧရာဝတီမြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို နယ်သာလန်နှင့် သြစတေးလျနိုင်ငံတို့မှ ထောက်ပံ့ကူညီမှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီမှ သိရှိရသည်။ ”စီမံကိန်းကိုလုပ်တာကြာပြီ။ ဘက်စုံတိုးတက်ရေးအတွက် လုပ်တာပါ။ ရေကြောင်းအခြေအနေ၊ သွားလာရေး တွေပါမယ်။ လုပ်ငန်းစဉ်သုံးခုရှိတယ်။ ရေဆိုင်ရာ သတင်းအချက်အလက်တွေရရှိမယ့် အချက်တွေလည်းပါ တယ်။ အခု နယ်သာလန်နဲ့ သြစတေးလျက နည်းပညာပိုင်းတွေ၊ ပညာရှင်တွေ ထောက်ပံ့ပေးသွားမှာပါ”ဟု မြန်မာနိုင်ငံ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအတွင်းရေးမှူး ဦးထွန်းလွင်ဦးကပြောသည်။

Read More »

ရွှေဘိုမြို့နယ် ဘုန်းဘွက်ကျေးရွာ၌ မှုးမြစ်ရေလျှံမှုကြောင့် လူနေအိမ်(၄၀၀)နီးပါး ရေလွှမ်းမိုးမှုဖြင့် ရင်ဆိုင်နေရ

ကောင်းခန့်လင်း (မြစ်မခ) ရွှေဘို၊ သြဂုတ်(၂၂)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွက်ကျေးရွာအုပ်စု၊ ဘုန်းဘွက်ကျေးရွာ၌ မှုးမြစ်ရေလျှံမှုကြောင့် လူနေအိမ်(၄၀၀)နီးပါး ရေလွှမ်းမိုးမှုဖြင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။ “ဒီနေ့ရောဆိုရင် သုံးရက်မြောက်ရှိနေပြီဗျ။ အဲဒီမူးမြစ်ကနေမှ ကျွန်တော်တို့ရွာကို ရေဝင်လာတာပါ။”ဟု ရွှေဘိုမြို့ နယ်၊ ဘုန်းဘွက်ကျေးရွာမှ ဥက္ကဌ ဦးသန်းထွန်းအောင်က ပြောသည်။

Read More »

မိုးညိုမြို့တွင် ဧရာဝတီမြစ်ရေကြီးမှုကာကွယ်ထားသော တာရိုးလမ်းကျိုးပျက်မှုကြောင့် ဒေသခံများ သွားလာရေး ခက်ခဲနေ

သီဟလွင် (မြစ်မခ) ပြည်၊ သြဂုတ် (၁၉) ရက်။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ မိုးညိုမြို့နယ်ရှိကျေးရွာများသို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုမရှိစေရန် ကာရန် ထားသော တားရိုးလမ်းကျိုးပေါက်မှုကြောင့် မြို့နယ်ချင်းဆက်လမ်းပါပြတ်တောက်နေပြီး ဒေသခံများ သွားလာ ရေးခက်ခဲလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ “သွားရေးလာရေးကတော့ တော်တော်လေးဒုက္ခရောက်တာပေါ့။ တာကျိုးပြီး ရွာမှာရေကြီးတော့ လယ်တွေ လည်း ရေမြုပ်၊ နှမ်းတွေလည်းရေမြုပ်တော့ အကုန်ဆုံးရှုံးသွားတယ်။ ကုန်စိမ်းလေးတွေယူပြီး ဒီဘက်ကိုလာ ရောင်းတာ လှေခတွေပါပေးနေရတော့ ကိုယ့်အတွက်အဆင်မပြေဘူးပေါ့။ လမ်းပန်းဆက်သွယ်ရေးကောင်းသွား ရင်တော့ ပိုပြီးအဆင်ပြေတာပေါ့။”ဟု မိုးညိုမြို့နယ် ဆင်ခေါင်းအုပ်စုနေ ဒေါ်လှစိုးကပြောသည်။

Read More »

မိုးညိုမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်(၂၆)လုံးပျက်စီးကာ လူ(၆)ဦးဒဏ်ရာရ

သီဟလွင် (မြစ်မခ) ပြည်၊ သြဂုတ် (၁၇) ရက်။ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ စံပယ်မြှောင်အုပ်စု၊ စိန်တိုင်ကျေးရွာတွင် သြဂုတ် ၁၆ ရက်၊ ညပိုင်းက လေ ဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၂၆)လုံးပျက်စီးကာ လူ(၆)ဦးဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ နေအိမ်များပျက်စီးသွားသည့်နေရာများသို့ မိုညိုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မီးသတ်၊ ကြက်ခြေနီ ကယ်ဆယ်ရေးအဖွဲ့များမှာ သြဂုတ် ၁၇ ရက်တွင်ရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ပြိုလဲသစ်ပင်များနှင့် ပျက်ဆီးသွားသည့် နေအိမ်များကို ကူညီရှင်းလင်းပေးနေကြောင်း သိရှိရသည်။

Read More »