Thursday , November 1 2018
Home / သတင်း / သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (page 11)

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ

d

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၏ ပန်းမြောင်းကြီးချောင်းတစ်လျှောက် ကျေးရွာများတွင် (၃)ရက် ဆက်တိုက် မိုးခေါင်မူကြောင့် သောက်သုံးရေအခက်အခဲများဖြစ်ပေါ်

ပန်လှအောင် (မြစ်မခ) မင်းပြား၊ ဇူလိုင် (၂၈)ရက်။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၏ ပန်းမြောင်းကြီးချောင်းတစ်လျှောက် ကျေးရွာများတွင် (၃)ရက်ဆက်တိုက် မိုးခေါင်နေမူကြောင့် သောက်သုံးရေရှားပါးမှု အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရှိရသည်။ “ရွာမှာရှိတဲ့ ရေကန်တွေက ရေနစ်မြုပ်ခံရတာမို့ သုံးလို့မရတော့ဘူး။ မိုးရွာမှာကိုပဲ အားလုံးမျှော်နေရတယ်။ အ၀တ်လျှော်ရင်လည်း ချောင်းမှာပဲလျှော်နေရတယ်။ တစ်မိုင်လောက်ဝေးတဲ့ ချောင်းတိုရွာနဲ့ အညင်းတောင် ရွာတွေက ရေကိုတစ်ရွာလုံးသွားခပ်နေရတယ်။ ရေအိုးတစ်လုံးရဖို့ အသွားအပြန်(၁)နာရီလောက် သွားကြရတယ်။ ”ဟု ပြင်ယောင်ကျေးရွာအုပ်စု၊ ငတာကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်တင့် ကပြောသည်။

Read More »

စည်းကမ်းလိုက်နာမှုမရှိသေးသဖြင့် ဟိန္ဒားသတ္တုတူးဖော်ရေးလုပ်ငန်း ဒုတိယအကြိမ်ရပ်ဆိုင်းခံရ

သီဟ(မြစ်မခ) ထားဝယ်၊ ဇူလိုင် (၂၇) ရက်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်အတွင်း မြန်မာပွန်ပီပက်ကုမ္ပဏီမှလုပ်ကိုင်နေသည့် ဟိန္ဒားသတ္တုတူးဖော်ရေးလုပ်ငန်းလည်ပတ်ခွင့်ကို ဒုတိယအကြိမ်ထပ်မံရုတ်သိမ်းလိုက်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရှိရသည်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ထောက်ခံချက်ဖြင့် ပြန်လည်၍ စမ်းသပ်လည်ပတ်ခိုင်းထား သည့် ဟိန္ဒားသတ္တုတူးဖော်ရေးလုပ်ကွက်သို့ ဇူလိုင် ၂၄ ရက်တွင် ဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွား ရောက်စစ်ဆေးခဲ့ရာ ရေကြည်ကန်မှ နောက်ဆုံးစွန့်ပစ်သောရေမှာ လုံလောက်သောကြည်လင်မှု မရှိဘဲ ရေနောက်များ စွန့်ထုတ်နေကြောင်းတွေ့ရှိခဲ့ခြင်းကြောင့် ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ကျိုက်ထီးရိုးတောင်အောက်ခြေရှိ ရသေ့တောင်တွင် ကျောက်ထုတ်မှုများလာသည့်အတွက် ဘုရားပျက်စီး မည်ကို ဒေသခံများစိုးရိမ်နေ

မျိုးမြင့်(မြစ်မခ) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရားတောင်အောက်မှ ရသေ့တောင်(ယာဉ်ရပ်နားစခန်း)အနီး တွင် ကျောက်ထုတ်သည့်လုပ်ငန်းပြုလုပ်နေခြင်းမှာ ယခင်ကထက်ပိုမိုများပြားလာခြင်းကြောင့် ဘုရားကြီးပျက်စီး မည်ကိုစိုးရိမ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။ ရသေ့တောင်တွင် ကျောက်ထုတ်လုပ်ငန်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လုပ်ဆောင်စဉ်က ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းခင်းရန်အတွက် ကျောက်ထုတ်ခဲ့ခြင်းဖြစ်ကာ လက်ရှိ တွင် ဘုရားတောင်တက်လမ်းပြီးစီးသွားပြီဖြစ်သော်လည်း ဆက်လက်ထုတ်ယူနေကြောင်း သိရသည်။

Read More »

သစ်တောများ ပြုန်းတီးလာခြင်းကြောင့် ရခိုင်ပြည်နယ်သည် သဘာဝဘေးအန္တရာယ်အဖြစ် အများဆုံး ပြည်နယ်တစ်ခုဖြစ်လာ

ပန်လှအောင် (မြစ်မခ) မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် သဘာဝဘေးအန္တရာယ်အဖြစ်များဆုံးပြည်နယ်တစ်ခုဖြစ်လာခြင်းမှာ သစ်တောများ ပြုန်းတီးလာခြင်းကြောင့် ဖြစ်ကြောင်း လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြင့်အေးက ပြောကြားလိုက်သည်။ “ရခိုင်ပြည်နယ်ဟာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သတ်ရင် အတွေ့အကြုံတွေ ရရှိပြီးသားဖြစ်တယ်။ ဒါပေမယ့် တကယ်တမ်းဖြစ်လာတဲ့အခါ ထိထိရောက်ရောက် တုန့်ပြန်ဆောင်ရွက်နိုင်စွမ်းရှိအောင် ပြည်သူတွေကို အစိုးရ အဖွဲ့အနေနဲ့ လေ့ကျင့်သင်ကြားပေးရတာဟာ တော်တော်လေးအရေးကြီးတဲ့ အပိုင်းအဖြစ်ယူဆတယ်။” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြင့်အေးကပြောသည်။  

Read More »

င၀န်မြစ်ကမ်းနားလမ်းတစ်လျှောက် ကမ်းပါးများ နေ့စဉ်ပြိုကျနေသဖြင့် င၀န်မြစ်ရေထိန်းတာ ကျိုးလာနိုင်

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ ဇူလိုင်(၁၄)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့ င၀န်မြစ်ကမ်းနားလမ်းတစ်လျှောက်ရှိ ကမ်းပါးများသည် ဇူလိုင်လ ၃ ရက်နေ့မှ ဇူလိုင်(၁၄)ရက်နေ့အထိ နေ့စဉ်ပြိုကျနေသဖြင့် င၀န်မြစ်ရေထိန်းတာ ကျိုးပေါက်လာနိုင်ကြောင်း ကန်ကြီးထောင့်မြို့၊ မြစ်ကမ်းထိန်းသိမ်းရေးအဖွဲ့မှ သိရှိရသည်။ င၀န်မြစ်ရေထိန်းတာသည် မြစ်ကမ်းနှင့်နီးကပ်စွာရှိနေသဖြင့် တာကျိုးပေါက်ပါက ကန်ကြီးထောင့်မြို့ပေါ် ရပ်ကွက်များရှိ အိမ်များ၊ ကျောင်းများ၊ ဆန်စက်များရေနစ်မြုပ်ဖွယ် အခြေအနေရှိနေကြောင်း သိရသည်။

Read More »