Thursday , November 1 2018
Home / သတင်း / ရွေးကောက်ပွဲဆိုင်ရာ (page 11)

ရွေးကောက်ပွဲဆိုင်ရာ

ကိုရီးယားရောက်မြန်မာနိုင်ငံသားများ အောက်တိုဘာလအတွင်း ကြိုတင်မဲပေးနိုင်မည်

ဇော်မင်း(မြစ်မခ)   တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက် ပွဲအတွက် ကြိုတင်မဲများကို ဆိုးလ်မြို့ မြန်မာသံရုံးရှိ မဲရုံတွင် အောက်တိုဘာလအတွင်း မဲပေးရမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံရှိ မြန်မာအဖွဲ့အစည်းများထံမှ သိရှိရသည်။ မဲဆန္ဒနယ်ပြင်ပရောက်နေသူများ ကြိုတင်မဲပေးရေးအစီအစဉ်များအတွက် မြန်မာသံရုံးရွေးကောက်ပွဲ လုပ်ငန်း အဖွဲ့၊ မြန်မာအဖွဲ့အစည်းများနှင့် မဲဆန္ဒရှင်များ တွေ့ဆုံညိုနှိုင်းဆွေးနွေးပွဲကို ဇူလိုင် (၁၉) ရက်က ပြုလုပ်ခဲ့ပြီး ကြိုတင်မဲများကို အောက်တိုဘာ (၁၅) ရက်မှ (၁၈) ရက်အထိ မဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read More »

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲလက်မှတ်စက္ကူစာရွက် အင်ဒိုနီးရှားမှ တစ်တန်လျှင် ကန်ဒေါ်လာ(၁၄၀၀)ဖြင့် မှာယူ

မင်းအံ့သွန်း(မြစ်မခ)   ၂၀၁၅ ခုနှစ်ထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲလက်မှတ်စက္ကူစာရွက်ကို အင်ဒိုနီးရှားနိုင်ငံမှ တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၁၄၀၀)ဖြင့် မှာယူတင်သွင်းထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ အဆိုပါစက္ကူစာရွက်မှာ အင်ဒိုနီးရှားနိုင်ငံတွင် ငွေထုတ်နိုင်သည့် စာရွက်အမျိုးအစားဖြစ်ကာ လုံခြုံရေး အစီအစဉ်များလည်းပါဝင်ခြင်းကြောင့် ၂၀၁၀ခုနှစ်ကဲ့သို့ မထင်မရှားဖြစ်ပေါ်မှုများ မဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင်မှ ညွန်ကြားရေးမှုး ဦးဝင်းဦးခိုင်က ဆိုသည်။

Read More »

တိုင်းဧရာ ရေဘေးသင့် ၁၅ မြို့နယ်မဲစာရင်း သတ်မှတ်ရက်ထက် နောက်ဆုတ်ကြေငြာမည်    

မျိုးမင်းထွန်း – ဧရာဝတီတိုင်း(မြစ်မခ) မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၁၄ ရက်နေ့တွင် ကြေညာမည်ဖြစ်သော်လည်း ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးနစ်မြုပ်ဒဏ်ခံစားခဲ့ရသော မြို့နယ် ၁၅ ခုတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတ်မှတ်ရက်ထက်နောက်ကျ၍ ကြေညာခွင့်ပေးထားကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်မှ သိရသည်။ “ရက်အတိအကျတော့ ပေးမထားပါဘူး။ ရက်အနည်းငယ်ပဲ ကွာပါလိမ့်မယ်။ ကျွန်တော်တို့ ကတော့ ကော်မရှင်ရုံးတွေမှာ ရေမြုပ်လို့ ကြေညာလို့ရရင် အမြင့်ပိုင်းဘုန်းကြီးကျောင်းတွေမှာ ကြေညာဖို့ စီစဉ် ညွှန်ကြားထားပါတယ်။ ရေကြီးနစ်မြုပ်ခဲ့တဲ့ ဒေသတွေမှာ စက်တင်ဘာ(၁၄)ရက်နေ့မှာ ကြေညာဖို့ ဆိုတဲ့နေရာမှာ ကျွန်ပျူတာပိုင်းဆိုင်ရာအခက်အခဲတွေကိုလည်း ကြုံတွေ့နေ ရပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့် က ပြောသည်။

Read More »

မဲစာရင်းကပ်ရာတွင် ကူညီနိုင်ရန် ရပ်/ကျေး ကော်မရှင်ဝန်ထမ်း တစ်ဦးလျှင်(၃၀၀၀)ကျပ်နှုန်း ထောက်ပံ့မည်

ချိုမာအောင်(မြစ်မခ)   တိုင်းနှင့် ပြည်နယ်အသီးသီး၌ မဲစာရင်းကပ်ရာတွင် ကူညီနိုင်ရန် ရွှေးကောက်ပွဲကော်မရှင်မှ သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်ဝန်ထမ်းများကို တစ်ဦးလျှင်(၃၀၀၀)ကျပ်နှုန်းဖြင့် (၃)ပတ်တိတိ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိုနှိုင်းအစည်းဝေးပွဲမှ သိရှိရသည်။ အဆိုပါ ထောက်ပံ့မူကို မဲစာရင်းကပ်သည့်ရက် စက်တင်ဘာ(၁၄)ရက်နေ့မှစတင်၍ စက်တင်ဘာလ (၂၇)ရက်နေ့အထိ ပေးအပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဌမှ ရပ်ကျေးကော်မရှင် ၀န်ထမ်း(၃)ဦး စီကို အလှည့်ကျတာဝန်ပေးအပ်သွားမည်ဖြစ်သည်။ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်အရ မဲစာရင်းကပ်တဲ့ ရပ်ကျေးကော်မရှင်ရုံးတွေမှာ ကော်မရှင်ဝန်ထမ်း(၃)ဦးကို တစ်ဦးလျှင်(၃၀၀၀)ကျပ်ငွေကြေးထောက်ပံ့မှုပြုလုပ်သွားမယ်။ မဲစာရင်းကပ်တဲ့ ရက်က(၁၄)ရက်၊ ပြင်ဆင်ဖြည့်စွက်ကန့်ကွက်တာတွေလုပ်ဖို့က (၇)ရက် စုစုပေါင်း(၂၁) ရက်စာ ငွေကြေး ထောက်ပံပေးသွားမှာပါ။”ဟု မွန်ပြည်နယ် ရွေးကောက်ပွဲတာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။ …

Read More »

ချင်းပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းရန် မရှိ

အေမီအောင် (မြစ်မခ)   ချင်းပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းရန်မရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရှိရသည်။ ချင်းပြည်နယ်တွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို သတ်မှတ်ထားသည့်ရက်အတိုင်း ကျင်းပမည် ဖြစ်ကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ  ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များက တွေ့ဆုံတင်ပြပြီးဖြစ်ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလျန်အုပ်က စက်တင်ဘာ(၁၀)ရက်တွင် ပြောကြားလိုက်သည်။

Read More »