Thursday , November 1 2018
Home / သတင်း / ပညာရေးသတင်း (page 3)

ပညာရေးသတင်း

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း(၆၉)ကျောင်းအား အဆင့်တိုးမြှင့်

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဇွန် ၁ ရက်။ ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၆၉)ကျောင်းအား အဆင့်တိုးမြှင့်မှုများ ပြုလုပ်ထားကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေခွင့်ရရှိရေး၊ သင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိရေးအတွက် ပြည် နယ်အတွင်း သွားလာရခက်ခဲသော ကျောင်းအများစုအား အဆင့်တိုးမြှင့်ပေးရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးတင်အောင်က ပြောသည်။

Read More »

တိုင်းဧရာအတွင်းရှိ (၅)နှစ်အရွယ်ကလေးငယ်များ ကျောင်းမအပ်ပါက ဆရာများက အိမ်တိုင်ရာရောက် လိုက်လံ စည်းရုံးမည်

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ မေ (၂၉) ရက်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ (၅)နှစ်အရွယ်ကလေးငယ်များ ကျောင်းဖွင့်ချိန်အထိ ကျောင်းလာအပ်ခြင်းမရှိ ပါက ကျောင်းအပ်ရန် သက်ဆိုင်ရာ ရပ်ရွာရှိကျောင်းမှ ဆရာ၊ ဆရာမများကိုယ်တိုင် အိမ်တိုင်ရာရောက် လိုက်လံစည်းရုံးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ (၅)နှစ်အရွယ်ကလေးငယ်များကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးရုံးများက စာရင်းကောက်ယူထားပြီး ကလေးကို ကျောင်းမအပ်ပါက ကျောင်းအပ်နိုင်ရန် လိုက်လံ စည်းရုံးရန် ညွှန်ကြားထားကြောင်း သိရသည်။

Read More »

တိုင်းအစိုးရပြုလုပ်မည့် School Bus နှင့် ပတ်သက်၍ မီဒီယာများတွင် ရေးသားဖော်ပြချက်သာ သိရှိနေရဟု တိုင်းလွှတ်တော်အမတ် ဒေါ်ကြည်ပြာပြောဆို

ဇော်မင်း (မြစ်မခ) ရန်ကုန်၊ မေ (၁၀) ရက်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇွန်လအတွင်းစတင်အကောင်အထည်ဖော်မည့် School Bus ကိစ္စနှင့် ပတ် သက်၍ မီဒီယာများတွင် ရေးသားဖော်ပြချက်သာ သိရှိနေရပြီး အသေးစိတ်အချက်အလက်များကို မသိရှိသေး ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။ လက်ရှိတွင် မီဒီယာများ၏ ရေးသားဖော်ပြချက်လောက်သာ သိရှိသေးကြောင်း ကျောက်တံတားမြို့နယ်မဲဆန္ဒ နယ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကပြောသည်။

Read More »

ပုသိမ်အဝေးသင်တက္ကသိုလ် ကျောင်းအပ်လက်ခံမည့် ရက်ကို မေလ(၁၂)ရက်အထိ တိုးမြှင့်ထား

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ မေလ (၄)ရက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ်မှ အဝေးသင်ကျောင်းသားများ ကျောင်းအပ်လက်ခံမယ့်ရက်ကို မေလ(၁၂)ရက်အထိ ပိတ်ရက်မရှိ လက်ခံပေးသွားမည်ဖြစ်ကြောင်း ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ညွန့်ဖေထံမှ သိရှိရသည်။ အဝေးသင်ကျောင်းသားများ ကျောင်းအပ်လက်ခံမည့်ရက်ကို မူလကဧပြီလ(၂၄)ရက်မှ ဧပြီလ(၂၈)ရက် အထိ သတ်မှတ်ပေးခဲ့သော်လည်း အဝေးသင်မေဂျာအချို့အောင်စာရင်းထုတ်ပြန်နိင်ခြင်းမရှိသေးခြင်း၊ ကျောင်းအပ် လက်ခံမည့် ရက်နည်းပါးလွန်းခြင်းတို့ကြောင့် နယ်ဝေးမှလာရောက်ကျောင်းအပ်နှံရသည့် ကျောင်းသားဦးရေ များပြားပြီး အခက်အခဲများစွာတွေ့ကြုံခဲ့ရသဖြင့် ကျောင်းအပ်လက်ခံမည့်ရက်ကို ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Read More »

ပထမတန်းသင်ခန်းစာတွင် ဒေသဆိုင်ရာသင်ရိုးသစ်တစ်ခု ထည့်သွင်းသင်ကြားမည်

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဧပြီ (၂၆) ရက်။ လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစတင်၍ ပထမတန်းသင်ခန်းစာတွင် ဒေသဆိုင်ရာသင်ရိုးသစ်တစ်ခု ထည့်သွင်း သင်ကြားသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်၊ သထုံမြို့ရှိ အမှတ်(၄)အထက်တန်းကျောင်းတွင် ဧပြီ ၂၆ ရက်က ပြုလုပ်သော ပထမတန်းသင်ရိုးသစ်ဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲမှ သိရှိရသည်။

Read More »