Thursday , November 1 2018
Home / သတင်း / ပညာရေးသတင်း (page 2)

ပညာရေးသတင်း

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းငါးထောင်ကျော်ကို အဆင့်တိုးမြှင့်ပေးခဲ့

မင်းအောင်မြင် (မြစ်မခ) ရန်ကုန်၊ ဇွန် ၁၆ ရက်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်း(၅၀၉၉)ခုကို အဆင့်တိုးမြှင့် ပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

Read More »

ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသည့် မုန့်အများစုမှာ စိတ်ချရသည့် အနေအထားမရှိ

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ ဇွန် ၁၃ ရက်။ အခြေခံပညာ ကျောင်းများရှိ မုန့်ဈေးတန်းများတွင် ရောင်းချနေသည့် မုန့်အများစုမှာ အစားအသောက် ဘေးကင်း လုံခြုံမှုအတွက် စိတ်ချရသည့် အနေအထားတွင် မရှိကြောင်း အစားသောက်များ အရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများထံမှ သိရှိရသည်။ “ကျောင်းမုန့်ဈေးတန်းတွေမှာ ရောင်းချနေတဲ့ မုန့်တွေအများစုက စိတ်မချရဘူး။ နောက်ပြီး သူတို့ရဲ့တန်ဖိုးအရ ကရော၊ ထုပ်ပိုးထားတဲ့အရာတွေကရော၊ အထဲကပစ္စည်းတွေကလည်း ကလေးတွေကြိုက်အောင်လုပ်ထားတာ။ အရသာ အစစ်မဟုတ်ဘူး။”ဟု မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။

Read More »

သထုံမြို့နယ်မှ နွမ်းပါးကျောင်းသား၊ ကျောင်းသူ (၄၀၀၀) ဝန်းကျင်အတွက် စာရေးကိရိယာများ ထောက်ပံ့ လှူဒါန်း

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဇွန် ၁၂ ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ နွမ်းပါးကျောင်းသား၊ ကျောင်းသူ(၄၀၀၀)ဦးဝန်းကျင်အတွက် သထုံမြို့နယ် ပညာရေး ထောက်ပံ့မှု​ စေတနာရှင်များအဖွဲ့မှ စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခြင်းအား သထုံမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ဇွန် ၁၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ သထုံမြို့နယ်အတွင်းရှိ နွမ်းပါးကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာရေးကိရိယာမပြည့်စုံမှုကြောင့် ပညာ သင်ကြားမှု အခက်ခဲမဖြစ်စေရေး၊ ကျောင်းထွက်နှုန်း လျော့ကျလာစေရန်ရည်ရွယ်၍ စေတနာရှင်များ စုပေါင်း ကာ ကလေးများအတွက် စာရေးကိရိယာများလှူဒါန်းပေးခြင်းဖြစ်ကြောင်း သထုံမြို့နယ်ပညာရေး ထောက်ပံ့မှု  စေတနာရှင်များအဖွဲ့မှ ကိုမိုးကျော်သူက ပြောသည်။ 

Read More »

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ အခြေခံပညာကျောင်းများတွင် ယာဉ်၊ လမ်းစည်းကမ်း ပညာပေး ရုပ်စုံကာတွန်း၊ ပိုစတာ၊ ဗွီနိုင်းများ ကပ်ပေးနေ

  ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ ဇွန် ၆ ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသရှိ အခြေခံပညာကျောင်းများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးရုပ် စုံ ကာတွန်း၊ ပိုစတာ၊ ဗွီနိုင်းများကို သက်ဆိုင်ရာမြို့နယ်များရှိ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့(နေပြည်တော်)က လိုက်လံကပ်ပေးနေကြောင်း သိရှိရသည်။

Read More »

ဝေါမြို့နယ်ရှိ ရှမ်းစုမူလွန်ကျောင်းမှာ ကျောင်းသားဦးရေတိုးလာသဖြင့် ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ် တည်ဆောက်

မျိုးမြတ် (မြစ်မခ) ဝေါ၊ ဇွန် ၆ ရက်။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ရှမ်းစုကျေးရွာရှိ မူလတန်းလွန်ကျောင်းတွင် ကျောင်းသားဦးရေ တိုးလာသော် လည်း ကျောင်းဆောင်မလုံလောက်သဖြင့် ကျေးရွာမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ယာယီကျောင်းဆောင်တစ်ခုကို ကျပ်(၂)သိန်းခွဲ အကုန်ကျခံ၍ တည်ဆောက်ပေးထားရကြောင်း သိရှိရသည်။ “ကျောင်းက မူလတန်းကျောင်းကနေ အခုနှစ်မှာ မူလွန်ကျောင်းအဖြစ် (၅)တန်း၊ (၆)တန်းထပ်တိုးပါတယ်။ ကျောင်းဆောင်စာသင်ခန်းကသေးတဲ့အတွက် ကျောင်းသားကများနေလို့ ကျေးရွာကအလှူရှင်များထံက ငွေ ကောက်ခံပြီး ယာယီကျောင်းဆောင် ထပ်ပြီး ဆောက်ပေးတာပါ။ အဖက်ဖက်က လိုအပ်ချက်တွေရှိနေပါတယ်။ မြို့နယ်ပညာရေးမှူးရုံးကိုလည်း ကျောင်းဆောင်လိုအပ်နေကြောင်းကို တင်ပြထားတယ်လို့သိရပါတယ်။”ဟု ရှမ်းစုကျေးရွာကျောင်းအကျိုးတော်ဆောင်ဥက္ကဌ ဦးလင်းအောင်ကပြောသည်။

Read More »