Thursday , November 1 2018
Home / သတင်း / ပညာရေးသတင်း (page 10)

ပညာရေးသတင်း

အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ဘော်ဒါဆောင်များမရှိသောကြောင့် ကျောင်းသားများ အခက်အခဲဖြစ်ပေါ်နေ

ယမုံ (မြစ်မခ) ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ဘော်ဒါဆောင်များ မရှိသော ကြောင့် စက်မှုလက်မှုနှင့် အသက်မွေးဝမ်းပညာရပ်သင်တန်းသို့ သင်တန်းလာရောက်သင်ကြားသည့် ကျောင်း သားကျောင်းသူများ နေရာအခက်အခဲများရှိနေကြောင်း သိရှိရသည်။ ရန်ကုန်မြို့ Summit Park View Hotelတွင် စက်တင်ဘာလ(၁၄)ရက်နေ့က ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေး နွေးပွဲတွင် အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ဘော်ဒါဆောင်များမရှိသောကြောင့် နေရာအခက်အခဲ အား ဖြေရှင်းနိုင်ရန် ဘော်ဒါကျောင်းဆောင်များ လှူဒါန်းပေးရန် တောင်းဆိုထားကြောင်း သိရသည်။ “အဲ့ဒါကို အခုချိန်ထိတော့ မဝေခွဲရသေးဘူး။ တက်နိုင်ရင်တော့ နိုင်ငံတော် ဘတ်ဂျတ်ကပဲ ဆောက်ဆောက်၊ NGO တွေဘက်ကပဲ လှူလှူပေါ့နော်။ ဆရာမတို့အနေနဲ့တော့ ဘယ်သူပဲ ဆောက်ပေးပေး ကျောင်းဆောင်ရ မယ်ဆိုရင် ကြိုဆိုပါတယ်။ လိုလည်း …

Read More »

မြို့ပြနှင့် ကျေးလက်ဒေသ ပညာရေး ကွာဟချက်များ နည်းပါးစေရန် အမျိုးသား ပညာရေးမဟာ ဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၁)ကို ရေးဆွဲအကောင်အထည်ဖော်နေ

ဝေဖြိုး(မြစ်မခ) နေပြည်တော်၊ စက်တင်ဘာ (၁၃)ရက်။ အခြေခံပညာကဏ္ဍတွင် မြို့ပြနှင့် ကျေးလက်ဒေသ ပညာရေး ကွာဟ ချက်များကို နည်းနိုင်သမျှ နည်းပါးစေရန် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက် နေ ကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးထံမှ သိရှိရသည်။

Read More »

သထုံခရိုင်(၄)မြို့နယ်အတွင်းရှိ ကျောင်းဆရာ၊ ဆရာမများ ကျူရှင်သင်ကြားသည်ဟုတိုင်ကြားခံရပါက ထိရောက်စွာအရေးယူမည်

အောင်မြင့်ထွန်း(မြစ်မခ) သထုံ၊ စက်တင်ဘာ (၁) ရက်။ မွန်ပြည်နယ်၊ သထုံခရိုင်(၄)မြို့နယ်အတွင်းရှိ ကျောင်းဆရာ၊ ဆရာမများအနေဖြင့် ကျူရှင်သင်ကြားသည်ဟု တိုင်ကြားခံရပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သထုံခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ကျောင်းဆရာ၊ ဆရာမများအနေဖြင့် ကျူရှင်သင်ကြားခြင်းမပြုလုပ် ရန်ညွှန်ကြားထားပြီး ကျောင်းပြင်ပတွင် ကျူရှင်သင်ကြားခြင်းမပြုပါဟု ဆရာ၊ ဆရာမများက လက်မှတ်ထိုးထား ရသည့်အတွက် အဆိုပါညွှန်ကြားချက်ကိုဖောက်ဖျက်ပါက အရေးယူမည့်အပြင် တိုင်ကြားသူများရှိပါက အပြစ် အလိုက် သတိပေးခြင်းပြုလုပ်မည်ဖြစ်ကာ သတိပေးခြင်းကို ထပ်မံကျုးလွန်ပါက အဆင့်ဆင့်ထံတင်ပြ၍ အရေး ယူသွားမည်ဖြစ်ကြောင်း သထုံခရိုင် ပညာရေးမှူး ဒေါ်ကြည်ကြည်မာကပြောသည်။

Read More »

သထုံတွင် ကျောင်းပြင်ပ ပညာရေးလုပ်ငန်း ဖွင့်လှစ်

အောင်မြင့်ထွန်း(မြစ်မခ) သထုံ၊ သြဂုတ် ၂၆ ရက်။ မွန်ပြည်နယ်၊ သထုံမြို့အထက(၂)ကျောင်းတွင် သထုံမြို့နယ်အဆင့် ကျောင်းပြင်ပပညာရေးလုပ်ငန်း ဖွင့်ပွဲအ ခမ်းအနားကို သြဂုတ် ၂၅ ရက်တွင်ပြုလုပ်ခဲ့ပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးကလည်း ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကျပ်(၁၀)သိန်းကိုပေးအပ်ခဲ့ကြောင်း သိရှိရသည်။

Read More »

တိုင်းဧရာတွင် ရေကြီးနစ်မြုပ်မှုကြောင့် ပိတ်ထားရသော ကျောင်းပေါင်း ၁၅၀၀ ကျော် ပြန်လည်ဖွင့်လှစ်

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ သြဂုတ်(၂၃)ရက်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံသဖြင့် ပိတ်ထားရသည့် ကျောင်း(၁၇၅၅)ကျောင်းအနက် သြဂုတ်(၂၃)ရက်တွင် (၁၅၁၇)ကျောင်းကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရှိရသည်။ “ကျောင်းတွေပိတ်ခဲ့ရတဲ့အတွက် ကျောင်းသားတွေ စာနောက်ကျသွားတာမျိုး မဖြစ်ရအောင် အချိန်ပိုတွေခေါ် ယူပြီး သင်ကြားသွားမှာပါ။ တခြားခရိုင်များအတွင်းက ကျောင်းများအားလုံးကို ဖွင့်ထားပြီးဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ ဆရာမ ဒေါ်နှင်းနုဝင်းက ပြောသည်။

Read More »