Monday , May 27 2019
Home / သတင်း / ပညာရေးသတင်း

ပညာရေးသတင်း

တွေးခေါ်မှုဦးစားပေးပညာရေးစနစ်ကို ပြောင်းလဲနေပြီဖြစ်သောကြောင့် ယခင်စနစ်အတိုင်းကျင့်သုံးပါက နစ်နာမှုများရှိလာမည်ဟု နိုင်ငံတော် ဒုတိယ သမ္မတ (၁) ပြောကြား

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဒီဇင်ဘာ ၂၀ ရက်။ မြန်မာနိုင်ငံတွင် တွေးခေါ်မှုဦးစားပေးပညာရေးစနစ်ကို ပြောင်းလဲနေပြီဖြစ်သောကြောင့် ယခင်စနစ်အတိုင်းကျင့် သုံးပါက နစ်နာမှုများရှိလာမည်ဖြစ်ကြောင်း မွန်ပြည်နယ်၊ သထုံမြို့သို့ ဒီဇင်ဘာ ၂၀ ရက်က ရောက်ရှိစဉ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ပြောကြားလိုက်သည်။ “ဒီနှစ်ကစပြီး ကိုယ့်အတွေးအခေါ်နဲ့ကိုယ်ဖြေတဲ့စာမေးပွဲတွေစပြီ။ အရင်တုန်းကတော့ အလွတ်ကျက်နေကြ တယ်။ အဲဒီမှာ အမှတ်ရဖို့၊ မရဖို့ဘဲ အဓိကထားနေကြတယ်။ ခုကတော့ ပြောင်းလဲနေပြီဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေလည်း ပြောနိုင်ဆိုနိုင်ဖို့ တော်တော်လေးကြိုးစားပေးကြရဦးမှာပါ။ စာအုပ်ထဲကနေ အလွတ်ကျက် ဖြေတဲ့ဟာတွေကတော့ ရမှာမဟုတ်တော့ဘူး။ ပညာရေးစနစ်ကပြောင်းနေပါပြီ။ အဲဒါကိုမသိဘဲ အရင်အတိုင်း …

Read More »

အခြေခံပညာကျောင်းများတွင် လွှတ်တော်နှင့် ပတ်သက်သည့် အကြောင်းအရာများ အသိပညာပေးလုပ် ဆောင်ရန်စီစဉ်

  ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ နိုဝင်ဘာ ၂၂ ရက်။ အခြေခံပညာစာသင်ကျောင်းများတွင် လွှတ်တော်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဥပဒေအကြောင်း များကို ကလေးများအတွက် အသိပညာပေးဟောပြောခြင်းများလုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးထံမှ သိရှိရသည်။ “စာသင်ကျောင်းတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေအားတဲ့ အချိန် ကလေးတွေလည်း စာမေးပွဲတွေမနီး သေးတဲ့အချိန်လောက်မှာ လွှတ်တော်နဲ့ပတ်သက်တဲ့အကြောင်း၊ ဥပဒေနဲ့ပတ်သက်တဲ့အကြောင်း၊ အတွေ့ အကြုံလေးတွေကိုဖြန့်ဝေပေးပြီးတော့ လွှတ်တော်ခေါ်တဲ့ပုံစံကို လက်တွေ့လေ့လာခိုင်းမလို့ အစီအစဉ်တွေ တော့ ရှိပါတယ်။”ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးက ပြောသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမဦးရေ(၄၀၀၀)ကျော် လိုအပ်ရှိနေ

မျိုးမြတ် (မြစ်မခ) ပဲခူး၊ ဇူလိုင် ၁၃ ရက်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမ ဦးရေမှာ (၄၀၀၀)ကျော် လိုအပ်လျက်ရှိနေကြောင်း ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရှိရသည်။ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် ဆရာ၊ ဆရာမဦးရေ (၂၈၂၆)ဦးလိုအပ်နေပြီး ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းရှိ ကျောင်းများတွင် ဆရာ၊ ဆရာမဦးရေ (၁၉၇၅)ဦး လိုအပ်နေကြောင်း သိရသည်။ “မနှစ်ကထက်တော့ ဆရာလိုအပ်ချက်က ဒီနှစ်မှာနည်းပါတယ်။ ယခုကျောင်းဖွင့်ချိန်မှာတော့ ကျောင်းတွေမှာရှိ တဲ့ ကျောင်းသားအင်အား၊ ဆရာအရေအတွက်နဲ့မျှပြီး သင်ကြားပေးနေပါတယ်။ လစ်လပ်နေသော ဆရာအရေ အတွက်ကို ခန့်အပ်ဖို့အတွက် ဇွန်လထဲမှာ တိုင်းဒေသကြီးအစိုးရကိုတင်ပြထားပါတယ်။ ရာထူးတိုးအမိန့်တွေ ထွက်ပြီးရင် မကြာခင်မှာပဲ လစ်လပ်နေရာတွေကို ခန့်အပ်သွားမှာပါ။”ဟု …

Read More »

ပဲခူးတိုင်းအတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၃၉)ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူပေါင်း (၂၈၀၀၀)ကျော်ရှိ

မျိုးမြတ် (မြစ်မခ) ပဲခူး၊ ဇွန် ၂၈ ရက်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ ပဲခူးတိုင်းဒေသကြီးရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၃၉)ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူပေါင်း (၂၈၀၀၀)ကျော်ရှိနေကြောင်း ပဲခူးတိုင်းဒေသကြီး ပညာ ရေးမှူးရုံးမှ သိရှိရသည်။ ပဲခူးတိုင်းဒေသကြီး(၂၈)မြို့နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်း(၂၀)၊ မူလတန်းလွန် ကျောင်း(၅၀)၊ မူလတန်းကျောင်း(၆၉)တို့တွင် ကျောင်းသား၊ ကျောင်းသူ(၂၈၀၂၃)ဦးတို့အား ဆရာ၊ ဆရာမ (၁၀၀၀)ကျော်တို့ဖြင့် ပညာသင်ကြားပေးနေခြင်းဖြစ်သည်။

Read More »

ကျိုင်းတုံမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းသို့ တက်ရောက်သူ ယခုနှစ်တွင် လျော့ကျ

ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ ဇွန် ၂၇ ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တွင် တက်ရောက်ပညာသင်ယူသော ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ ယခင်နှစ်ကထက် လျော့ကျ လာကြောင်း သိရှိရသည်။ အစိုးရနည်းပညာအထက်တန်းကျောင်း၏ ကျောင်းအပ်လက်ခံလျှောက်လွှာဖောင်ပိတ်ရက်မှာ ဇွန် ၁၁ ရက်က ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းဆယ်တန်းစာမေးပွဲ၏ အောင်စာရင်းထွက်ချိန်မှာ ဇွန် ၁၇ ရက်ဖြစ်နေခြင်းကြောင့် တက်ရောက်သူနည်းပါးလာခြင်းဖြစ်ကြောင်း သိရသည်။ “တချို့ ဆယ်တန်းကို ကျရှုံးတဲ့ ကျောင်းသား၊ ကျောင်းသူတွေက လာရောက်စုံစမ်းမေးမြန်းကြတာရှိပေမယ့် ကျွန်တော်တို့ကျောင်းက လက်ခံနိုင်ခြင်းမရှိတော့ပါဘူး။”ဟု ကျောင်းအုပ်ဆရာကြီး ဦးတေဇာထွန်းက ပြောသည်။

Read More »