Thursday , November 1 2018
Home / သတင်း / မှုခင်းသတင်း (page 5)

မှုခင်းသတင်း

ကျိုက်ထိုမြို့နယ်တွင် တစ်သောင်းတန်နှင့် ငါးထောင်တန် ငွေစက္ကူအတု ကျပ်သိန်း(၁၇၀)ကျော်ဖိုး ဖမ်းဆီးရမိ

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဇွန် ၁၄ ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဈေးရှေ့နှင့် မြို့တွင်းဈေးဆိုင်များတွင် ဇွန် ၁၃ ရက်က ငွေစက္ကူအတု အသုံးပြု၍ ပစ္စည်းများ လိုက်လံဝယ်ယူသူများကို ဖမ်းဆီးစစ်ဆေးရာမှ တစ်သောင်းတန်နှင့် ငါးထောင်တန်ငွေစက္ကူအတု ကျပ်(၁၇၃)သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ သိရှိရသည်။ “သူတို့တွေက မြဝတီဘက်ကဆင်းလာတဲ့ပုံရတယ်။ ကျိုက်ထိုမြို့အထွက် တရားရုံးရှေ့မှာရှိတဲ့ သစ်သီးတန်း တွေမှာ ငွေတစ်သောင်းတန်တွေနဲ့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်ဝယ်တာ။ အဲ့ဆိုင်တန်းမှာက ကျွန်တော်တို့ ဆီက နယ်ထိန်းတစ်ယောက်ရဲ့ညီက ဆိုင်ဖွင့်ထားတာ။ သူ့ဆိုင်မှာလည်းဝယ်သွားတာကို သူ့အစ်ကိုဆီ ဖုန်း ဆက်အကြောင်းကြားရာကနေ သူတို့စီးလာတဲ့ကားကိုမေးမြန်းပြီး လိုက်လံဖမ်းဆီးတာ။ မုပ္ပလင်ကျေးရွာနားက ထမင်းဆိုင်တစ်ဆိုင်မှာ ဖမ်းမိတာပါ။ စစ်ဆေးတော့ ငွေအတုတွေဖမ်းမိတာပါ။”ဟု ကျိုက်ထိုမြို့မ ရဲစခန်းမှ …

Read More »

လားရှိုးမြို့ရှောင်လမ်းတွင် ခရီးသည်တင်ယာဉ်ဖြင့် ပိတောက်သစ်များ တရားမဝင်သယ်ဆောင်လာသူ နှစ်ဦး ဖမ်းဆီးရမိ

  နောင်(မြစ်မခ) လားရှိုး၊ ဇွန် ၉ ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ လားရှိုးမြို့ရှောင်လမ်းတွင် ခရီးသည်တင်ယာဉ်ဖြင့် တရားမဝင်သယ် ဆောင်လာသော ပိတောက်သစ်များကို ဇွန် ၈ ရက်က ဖမ်းဆီးရမိခဲ့ပြီး ဇွန် ၉ ရက်တွင် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ လားရှိုးမြို့ရှောင်လမ်း၊ မူဆယ်-မန္တလေးသွား ပြည်ထောင်စုလမ်းမကြီး၊ (၉)မိုင်လမ်းခွဲတွင် ခရီးသည်တင်ယာဉ် တစ်စီး ဝာရားမဝင်သယ်ဆောင်လာသော ပိတောက်ဓါးရွှေ၊ ပိတောက်တိုင်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

Read More »

သထုံမြို့နယ်တွင် တရားမဝင်သယ်ဆောင်လာသော ကျွန်းသစ်ခွဲသားများ ဖမ်းဆီးရမိ

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဇွန် ၈ ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ ကြာပန်းတိုးဂိတ်တွင် ဇွန် ၇ ရက်က တရားမဝင်သယ် ဆောင်လာသော ကျွန်းသစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သထုံခရိုင် မှုခင်းအကူနှိမ်နင်းရေးဌာနမှ သိရှိရသည်။ “သူတို့တွေက သစ်တွေကို ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းဘက်ကနေ သယ်ဆောင်လာတာ သတင်းရလို့ စောင့်ဖမ်းတာပါ။ ကရင်ပြည်နယ်ကနေတဆင့် တစ်ဘက်နိုင်ငံကို ပို့ဖို့ ဖြစ်နိုင်ခြေများတယ်။ သယ်ဆောင်လာ သူကိုတော့ ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ။”ဟု သထုံခရိုင် မှုခင်းအကူနှိမ်နင်းရေးဌာနမှ ရဲအရာရှိတစ်ဦးက ပြောသည်။

Read More »

ကျိုင်းတုံမြို့နယ်တွင် ဖမ်းဆီးရမိထားသည့် တရားမဝင်သစ်ပိုင်ရှင်များကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေ

ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ ဇွန် ၅ ရက်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခုတ်-ကျိုင်းတုံကားလမ်းပေါ်ရှိ ပန်လီရွာအနီးတွင် ဖမ်းဆီးရမိ ထားသော တရားမဝင်ပိတောက်သစ်ခွဲသားများ၏ ပိုင်ရှင်ဖြစ်သူများကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေ ကြောင်း သိရှိရသည်။ အဆိုပါ သစ်များကို မေ ၃ ရက်၊ နံနက်(၃)နာရီတွင် (၁၀)ဘီးယာဉ်(၂)စီးဖြင့် သယ်ဆောင်လာစဉ်  ဖမ်းဆီးရမိခဲ့ပြီး မေ ၄ ရက်၊ ည(၁၁)နာရီကျော်တွင် ကျိုင်းတုံမြို့မ ရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရှိရသည်။

Read More »

(၈)တန်းကျောင်းသူနှစ်ဦးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းဆရာကို ထောင်ဒဏ်နှစ်(၄၀)ချမှတ်

မျိုးမင်းထွန်း(မြစ်မခ) ပုသိမ်၊ ဇွန် ၁ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အ.လ.က(ခွဲ)မှ (၈)တန်းကျောင်းသူနှစ်ဦး ကို စာသင်ကျောင်းအတွင်း အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သော ကျောင်းဆရာအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်(၄၀)ကျခံစေရန် ဖျာပုံခရိုင်တရားရုံးက မေ ၃၁ ရက်တွင် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။ သမိုင်းဘာသာပြဆရာဖြစ်သူ ရန်နိုင်အား ကျောင်းသူနှစ်ဦးစလုံး၏ ဖခင်များက ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၇၆) ဖြင့် တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ရာဇဝတ်ကြီးအမှုအမှတ်(၆၉)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် (၂၀)နှင့် ရာဇဝတ်ကြီးအမှုအမှတ်(၇၀)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်(၂၀)ကို ဖျာပုံခရိုင်တရားသူကြီး ဒေါ်ခင်လင်းက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Read More »