Thursday , November 1 2018
Home / သတင်း / မှုခင်းသတင်း (page 4)

မှုခင်းသတင်း

ကော့ကရိတ်အချုပ်ထောင်ဖောက်ထွက်ပြေးသူများအနက် တစ်ဦးကို ထပ်မံ ဖမ်းဆီးရမိ

ထိန်လင်းအောင် (မြစ်မခ) မြဝတီ၊ ဇွန် ၂၆ ရက်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရဲစခန်းအချုပ်ထောင်ကိုဖောက်၍ လွတ်မြောက်ထွက်ပြေးနေသည့် အချုပ်သား (၆)ဦးအနက်မှ လွတ်မြောက်နေသူ (၁)ဦးကို မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဝါးတောလမ်းအနီးတွင် ဇွန် ၂၅ ရက်၊ ညနေပိုင်းက ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ ဖမ်းဆီးရမိခဲ့သူမှာ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် နေထိုင်သည့် မောင်နိုင်(ခ)မူ ဆာ(၃၃)နှစ်ဖြစ်ပြီး ကော့ကရိတ်မြို့မ ရဲစခန်း၌ မယ(ပ) ၆/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ် သောဆေးဝါးများဆိုင်ရာပုဒ်မ ၁၅/၁၉(က)/၂၀(က)အမှုဖြင့် ဖမ်းဆီးခံထားရသူဖြစ်ကြောင်း သိရသည်။

Read More »

ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် သရော်စာရေးသားသူအား တရားသေလွှတ်ပေး

ဇော်မင်း(မြစ်မခ) ရန်ကုန်၊ ဇွန် ၁၆ ရက်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင် အား တရားစွဲဆိုရန်မသင့်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီဌာနက မှတ်ချက်ပေးသဖြင့် ဗဟန်းမြို့နယ် တရားရုံးက ဇွန် ၁၆ ရက်၊ နံနက်(၁၁)နာရီတွင် တရားသေလွှတ်ပေးလိုက်ကြောင်း သိရှိရသည်။ “ဆက်သွယ်ရေးဝန်ကြီးဌာနကနေပြီး တရားစွဲဆိုဖို့မသင့်ဘူးဆိုပြီး မှတ်ချက်ပေးလာတဲ့အတွက် ကျွန်တော့်ကို တရားသေလွှတ်လိုက်တာပါ။ ဒီအမှုမှာ သက်သေအဖြစ်ပဲပါဝင်ရတော့မှာပါ။ ဦးကျော်မင်းဆွေကတော့ ဆက် လက်ပြီး တရားရင်ဆိုင်နေရဦးမှာပါ”ဟု ဗြိတိသျှကိုကိုမောင်ကပြောသည်။

Read More »

ရေပူစစ်ဆေးရေးစခန်းတွင် ဘီယာဂျပ်ဖာစက္ကူများဖြင့် ဖုံးအုပ်သယ်ဆောင်လာသောသစ်များ ဖမ်းဆီးရမိ

နောင်(မြစ်မခ) လားရှိုး၊ ဇွန် ၁၅ ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်ရှိ ရေပူစစ်ဆေးရေးစခန်းတွင် ကုန်တင်ယာဉ်အတွင်း ကတ်ထူပြား များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော တရားမဝင်ပိတောက်သစ်များကို ဇွန် ၁၅ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ “စခန်းထဲမှာ ကားတွေကို ပိတ်ပြီး စစ်ဆေးနေတဲ့အချိန်မှာ ပါဂျဲရိုးကားနဲ့ ဘောက်စ်ကားကပြန်လှည့်သွားလို့ လိုက်ဖမ်းတယ်။ ပါဂျဲရိုးကားထဲမှာက လူတွေပဲပါတယ်။ ကုန်တင်ကားယာဉ်မောင်းကတော့ ထွက်ပြေးသွား တယ်။ စစ်ဆေးကြည့်တော့ သစ်တွေဖြစ်နေတယ်။”ဟု ရေပူစစ်ဆေးရေးစခန်းတာဝန်ခံ ဦးတက်ထွန်းအောင်က ပြောသည်။ အဆိုပါ ရေပူစခန်းတွင် စစ်ဆေးမှုများဆောင်ရွက်နေသည်ကိုတွေ့ရှိသဖြင့် မန္တလေးမှမောင်းနှင်လာသော ယာဉ် နှစ်စီးမှာ လာရာလမ်းအတိုင်း ပြန်လည်မောင်းနှင်သွားခြင်းကြောင့် လိုက်လံဖမ်းဆီးရာမှ ကတ်ထူပြားများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော တရားမဝင်ပိတောက်သစ်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ယာဉ်မောင်းကထွက်ပြေးသွားတယ်။ …

Read More »

မရမ်းချောင်စစ်ဆေးရေးစခန်းတွင် အကောက်ခွန်မဲ့ ယာဉ်အစီးရေ တစ်ရာကျော် ဖမ်းဆီးရမိ

မျိုးမြတ် (မြစ်မခ) မုပ္ပလင်၊ ဇွန် ၁၅ ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအနီးရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီး ဌာနက ဖွင့်လှစ်ထားသော မရမ်းချောင်စစ်ဆေးရေးစခန်းတွင် စတင်ဖွင့်လှစ်ခဲ့ချိန်မှစ၍ (၃)လခွဲအတွင်း အကောက်ခွန်မဲ့ ယာဉ်(၁၀၆)စီး ဖမ်းဆီးရမိခဲ့ကြောင်း မရမ်းချောင်စစ်ဆေးရေးစခန်းမှ သိရှိရသည်။

Read More »

တစ်လင်တစ်မယားဥပဒေဖြင့် တိုင်းဧရာ ဘိုကလေးမြို့မ ရဲစခန်းမှ ဒုရဲအုပ် တစ်ဦးအား အမှုဖွင့်ဖမ်းဆီး

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ ဇွန်လ ၁၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မ ရဲစခန်းမှ ဒုရဲအုပ်ညီညီအောင်ဆိုသူသည် တရားဝင်ဇနီးမယား ရှိပါလျက် ကျောင်းဆရာမ တစ်ဦးအား လူပျိုဟုဆိုကာ ထပ်မံပေါင်းသင်းခဲ့သည့်အတွက် တစ်လင်တစ်မယား ကျင့်သုံး ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ ဖြင့် ဘိုကလေးမြို့မ ရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ ဘိုကလေးမြို့မရဲစခန်းမှ အမှုစစ် ဒုရဲအုပ်ညီညီအောင်သည် ဘိုကလေးမြိုနယ်အတွင်းရှိ ကျေးရွာ အ.လ.ကခွဲကျောင်းတစ်ခုမှ ကျောင်းဆရာမတစ်ဦးအား လူပျိုလူလွတ်ဟုပြောဆို၍ ချစ်ရေးဆိုခဲ့ရာ ဆရာမမှ လက်ခံခဲ့ပြီး ခိုးရာလိုက်ပြေးသည့် အဆင့်ထိ ဖြစ်ခဲ့ကြောင်း သိရသည်။

Read More »