Thursday , November 1 2018
Home / သတင်း / မှုခင်းသတင်း (page 3)

မှုခင်းသတင်း

ရေပူစစ်ဆေးရေးစခန်းကိုမဖြတ်တော့ဘဲ အနီးရှိရွာတွင် ရပ်ထားသည့် သစ်ကားများ ဖမ်းဆီးရမိ

နောင် (မြစ်မခ) လားရှိုး၊ ဇူလိုင် ၁၂ ရက်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ရေပူစစ်ဆေးရေးစခန်းအနီးရှိ ရွာတစ်ရွာတွင်ရပ်ထားသော ကုန်တင် ခြောက်ဘီးယာဉ် နှစ်စီးပေါ်မှ တရားမဝင်သယ်ဆောင်လာသော ပိတောက်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တာဝန်ရှိသူများသည် တရားမဝင်သစ်များတင်ဆောင်လာသော ယာဉ်များ ဖြတ်သန်းသွားကြောင်းသတင်းအရ စောင့်ဆိုင်းနေသော်လည်း ရောက်ရှိလာခြင်း မရှိသဖြင့် လိုက်လံရှာဖွေရာမှ ဇူလိုင် ၁၁ ရက်၊ ညပိုင်းတွင်တွေ့ရှိကာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

Read More »

လားရှိုးမြို့တွင် ဗုံးဖောက်မည်ဆိုသည့် ဖောက်ခွဲရေးသမား(၂)ဦး ဓါတ်ပုံကို ထုတ်ပြန်ကြေညာ

နောင် (မြစ်မခ) လားရှိုး၊ ဇူလိုင် ၁၁ ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လူစည်ကားရာနေရာများတွင် ဗုံးဖောက်ခွဲမှုများ ပြုလုပ်ရန် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖောက်ခွဲရေးသမားများ စေလွှတ်ထားသည်ဆိုသည့် သတင်းအရ ဖောက်ခွဲ ရေးသမားနှစ်ဦး၏ ဓာတ်ပုံများနှင့် သတိပေးလက်ကမ်းစာစောင်များကို ထုတ်ပြန်ကြေညာထားကြောင်း သိရှိရသည်။

Read More »

တာချီလိတ်မြို့တွင် မော်တော်ယာဉ်တစ်စီးဖြင့် ကျားသေတစ်ကောင် တရားမဝင်တင်ဆောင်လာသူ(၂)ဦးအား ဖမ်းဆီးရမိ

  ထက်တိုင်းကျော် (မြစ်မခ) တာချီလိတ်၊ ဇူလိုင် ၁၀ ရက်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးဖြင့် ကျားသေတစ်ကောင်အား တရားမဝင်တင်ဆောင်လာသူ (၂)ဦးအား တာချီလိတ်မြို့အထွက်ရှိ မယ်ယန်းစုပေါင်း စစ်ဆေးရေးဂိတ်၌ ဇူလိုင် ၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ မယ်ယန်းစုပေါင်းစစ်ဆေးရေးဂိတ်၌ တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ အကောက်ခွန်ဌာနတာ ဝန်ရှိသူများက စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်၌ တင်ဆောင်လာသော အသက်(၁၀)နှစ်အရွယ်ဝန်းကျင် ကျားထီး အသေတစ်ကောင်ကို စစ်ဆေးတွေ့ရှိရသဖြင့် တင်ဆောင်လာသူ(၂)ဦးကို ဖမ်းဆီးထားခြင်းဖြစ်သည်။

Read More »

မြဝတီခရိုင်၌ (၆)လတာကာလအတွင်း မူးယစ်ဆေးဝါးတရားခံ(၂၀၀)ကျော်အား ဖမ်းဆီးအရေးယူနိုင်ခဲ့

  ထိန်လင်းအောင်(မြစ်မခ) မြဝတီ၊ ဇွန် ၃၀ ရက်။ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ ဇွန် ၂၉ ရက်အထိ မူးယစ်ဆေးဝါးတရားခံ ကျား(၁၇၀)ဦး၊ မ(၃၆)ဦး၊ စုစုပေါင်း(၂၀၆)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ “ကျွန်တော်တို့ မူးယစ်တပ်ဖွဲ့အနေနဲ့ ဒီမူးယစ်ဆေးဝါးရဲ့ဆိုးကျိုးတွေ၊ ပြစ်မှုပြစ်ဒဏ်တွေနဲ့ အသိပညာဗဟုသုတ တွေ ပြည်သူလူထုရရှိအောင် မှုခင်းယာဉ်လှည့်လည်ပြခြင်းတွေ၊ အသိပညာပေးဟောပြောပွဲတွေ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နေသလို မူးယစ်ဆေးဝါးသတင်းရတာတွေရှိရင်လည်း အချိန်နဲ့တပြေးညီ ဖော်ထုတ်ဖမ်းဆီး  နေပါတယ်။”ဟု အမှတ် (၃၂) မူးယစ်တပ်ဖွဲ့စုမှူး ယာယီရဲမှူး လှထွေးက ပြောသည်။  

Read More »

ပုသိမ်မြို့တွင် ခွေးများအား အဆိပ်ကျွေးသတ်ဖြတ်၍ အသားရောင်းချသူ(၂)ဦးကို ဖမ်းဆီးရမိ

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ ဇွန် ၂၈ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အိမ်မွေးခွေးများအား အဆိပ်ကျွေးသတ်၍ အသားများအား ရောင်းချသူ (၂)ဦးအား ဇွန်လ(၂၆)ရက်၊ နေ့လယ်ပိုင်းတွင် ရပ်ကွက်နေပြည်သူများက ၀ိုင်းဝန်းစောင့်ကြည့်ဖမ်းဆီး၍ ပုသိမ်နယ်မြေရဲစခန်းသို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။ အမှတ်(၈)ရပ်ကွက်၊ ကျောက်စရစ်ကုန်းရှိ ကမ်းနီမရမ်းကုန်းကျောင်းတိုက်မှ မွေးထားသောခွေးများ အော်သံ ကြားသဖြင့် ကျောင်းထိုင်ဆရာတော်နှင့် အဖွဲ့က သွားရောက်ကြည့်ရာ ခွေး(၂)ကောင်သေဆုံးနေသည်ကိုတွေ့ရ ပြီး တစ်စုံတစ်ဦးက အဆိပ်ကျွေးသတ်ခြင်းဖြစ်နိုင်ကာ ခွေးအသေများကို လာယူနိုင်သေးကြောင်း မသင်္ကာ သဖြင့် စောင့်ဆိုင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Read More »