Thursday , November 1 2018
Home / သတင်း / မှုခင်းသတင်း

မှုခင်းသတင်း

မြောင်းမြမြို့နယ်မှ သုံးလောင်းပြိုင်လူသတ်မှုကျူးလွန်ခဲ့သူအား တစ်လကြာသည်အထိ ဖမ်းမမိသေး

  မျိုးမင်းထွန်း (မြစ်မခ) မြောင်းမြ၊ ဇန်နဝါရီ ၁၀ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာတွင် ဒီဇင်ဘာလ ၁၀ ရက်ကဖြစ်ပွားခဲ့သော  (၃) လောင်းပြိုင် လူသတ်မှု ကျူးလွန်ထွက်ပြေးလွှတ်မြောက်နေသူကို ဇန်နဝါရီ ၁ဝ ရက် တစ်လကြာသည်အထိ ဖမ်းဆီးမရမိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရှိရသည်။ တောင်ကလေးကျေးရွာတွင် နေထိုင်သည့် သန်းဇော်သည် ဇနီးဖြစ်သူ မတင်တင်ဆန်းနှင့် စကားများပြီး သတ်ဖြတ်ခဲ့ကာ ဝင်ရောက်ဖြန်ဖြေသည့် ခြံဝန်းတစ်ခုထဲတွင် အတူနေထိုင်သည့် ယောက္ခမဖြစ်သူ ဒေါ်ခင်ရီနှင့် တူဖြစ်သူ မောင်လင်းလင်းထိုက်တို့ကိုပါ ဓါးဖြင့်ထပ်မံခုတ်သတ်ခဲ့ပြီး ထွက်ပြေးလွှတ်မြောက်နေခြင်းဖြစ်ကြောင်း ဓါးဖြင့် ခုတ်ခံရသူတစ်ဦးဖြစ်သည့် ခယ်မဖြစ်သူ မစန္ဒာဦးမှာ ဓါးဒဏ်ရာများပြင်းထန်စွာရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

Read More »

ပဲခူးတိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်း သစ်ခိုးထုတ်သူများမှ သစ်တောဝန်ထမ်းများကို ရန်ပြုတိုက်ခိုက်သည့် အကြိမ်အရေအတွက်နည်းလာ

  မျိုးမြတ်(မြစ်မခ) ပဲခူး၊ ဇန်နဝါရီ ၁၀ ရက်။ ပဲခူးတိုင်းဒေသကြီး၌ ၂၀၁၇ ခုနှစ်အတွင်း တရားမဝင်သစ်ခိုးထုတ်သူများ ဖမ်းဆီးရာတွင် သစ်ခိုးထုတ်သူများမှ သစ်တောဝန်ထမ်းများကို ရန်ပြုတိုက်ခိုက်သည့် အကြိမ်အရေအတွက် နည်းလာကြောင်း ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနရုံးမှ သိရှိရသည်။

Read More »

ဖြူးမြို့နယ်တွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ သစ်(၁၁၃) တန်ကျော် ဖမ်းဆီးရမိ

  ကျော်မျိုးထွဋ် (မြစ်မခ) ကညွတ်ကွင်း၊ ဇန်နဝါရီ ၁၀ ရက်။ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ သစ်(၁၁၃) တန်ကျော် ဖမ်းဆီး ရမိခဲ့ရာ သစ်မာအမျိုးအစားမှာ အများဆုံးဖြစ်ကြောင်း ဖြူးမြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။ “တောထဲမှာ ဖမ်းဆီးရတာများတဲ့အတွက် တောထဲဆိုတော့ ကိုယ်ပိုင်အဆောက်အအုံ မဟုတ်ဘူး အများသူငါ ဝင်ထွက်သွားလာလို့ရတဲ့နေရာတွေမှာ ဝင်ရောက်ဖမ်းဆီးရတဲ့အတွက် ပိုင်ရှင်နဲ့အတူတကွ ဖမ်းဆီးဖို့ရာ အင်မ တန် ခဲယဉ်းပါတယ်။ ဝင်လာပြီဆိုတာ အသံကြားလိုက်တာနဲ့ အလွယ်တကူရှောင်တိမ်းလို့ရတာဖြစ်တဲ့အတွက် ပိုင်ရှင်မဲ့တွေပဲ ဖမ်းမိတာဖြစ်တယ်။ မြို့ပေါ်မှာဝင်ရောက် ဖမ်းဆီးတာနည်းပြီး တောထဲမှာဝင်ရောက် ဖမ်းဆီးတာ များတာကြောင့် ပိုင်ရှင့်မဲ့များတာဖြစ်တယ်။”ဟု ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်လင်းက ပြောသည်။    

Read More »

ရန်ကုန်-မန္တလး အမြန်လမ်းပေါ်တွင် ၂၀၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု (၅၅၅)မှု ဖြစ်ပွားခဲ့ရာ (၁၁၆)ဦး သေဆုံး

  ကျော်မျိုးထွဋ်(မြစ်မခ) ကညွတ်ကွင်း၊ ဇန်ဝါရီ ၂ ရက်။ ရန်ကုန်-မန္တလး အမြန်လမ်းပေါ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁)ရက်မှ ဒီဇင်ဘာ(၃၁)ရက်ထိ ယာဉ်မတော်တ ဆမှုစုစုပေါင်း (၅၅၅)မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ (၁၁၆)ဦး၊ ဒဏ်ရာရရှိသူ(၈၆၃)ဦးထိရှိခဲ့ကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့မှ သိရှိရသည်။ အဆိုပါ အမှုများတွင် ယာဉ်များအရှိန်ပြင်းစွာမောင်းနှင်မှုကြောင့်ဖြစ်သည့် အမှုမှာ အများဆုံးဖြစ်နေကြောင်း သိရသည်။

Read More »

ကျိုင်းတုံမြို့နယ်မှ မီးရှို့အသတ်ခံရသည့် အမျိုးသမီးအမှုတွင် သံသယတရားခံ (၂)ဦးကို ဖမ်းဆီးစစ်ဆေးနေ

နိုင်နိုင်အောင်ဝေ (မြစ်မခ) ကျိုင်းတုံ၊ ဒီဇင်ဘာ ၂၇ ရက်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်မှ မီးရှို့အသတ်ခံရသည့် အသက်(၂၀)ဝန်းကျင်အမျိုးသမီးအမှုမှ သံသယရှိသူ တရားခံ(၂)ဦးကို ဒီဇင်ဘာ ၂၆ ရက်၊ နံနက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့ပြီး ဆက်လက်စစ်ဆေးနေ ကြောင်း ကျိုင်းတုံမြို့ရဲစခန်းမှ သိရသည်။ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ နမ့်လပ်ရေအားလျှပ်စစ်စက်ရုံအနီး ကျိုင်းတုံ-လွယ်မွေသွားကားလမ်း မိုင်တိုင်အမှတ်(၈/၄)အနီးတွင် မီးလောင်ခံထားရသည့် အသက်(၂၀)ခန့်ရှိ အမျိုးသမီးတစ်ဦး၏ အလောင်းအား ဒီဇင်ဘာ ၂၂ ရက်၊ ည(၉း၃၀)နာရီခန့်ကတွေ့ရှိခဲ့ရသဖြင့် ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးခဲ့ရာမှ တရားခံ (၂)ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

Read More »