Thursday , November 1 2018
Home / သတင်း / စီးပွားရေးသတင်း (page 4)

စီးပွားရေးသတင်း

ရတနာတိုး ဆန်ကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ဝယ်ယူသူများပြားနေ

  စောခ (မြစ်မခ) မကွေး၊ ဇူလိုင် ၃ ရက်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ဇွန်လနောက်ဆုံးအပါတ်မှ စတင်ရိတ်သိမ်းနေသည့် ရတနာတိုးဆန်ကို  တရုတ်နိုင်ငံသို့ တင်ပို့ရန် လာရောက်ဝယ်ယူသည့် ကုန်သည်များ များပြားနေကြောင်း ဒေသတွင်း ဆန်ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။ အဆိုပါ ဆန်များကို တရုတ်နိုင်ငံက အဝယ်လိုက်နေသဖြင့် မန္တလေးနှင့် မူဆယ်မှ ဆန်ကုန်သည်များ လာရောက်၍ အဓိကဝယ်ယူနေကြပြီး မကွေးမြို့ပေါ်ရှိ ဆန်ပွဲရုံများထံမှလည်း ဝယ်ယူနေကြကြောင်း သိရသည်။ “ရတနာတိုးကို ရသလောက် အကုန်လာဝယ်ကြတယ်။ ကိုယ့်ဖက်ကနေ ပို့စရာမလိုဘူး။ တိုက်ရိုက်လာဝယ်ကြ တာဖြစ်တယ်။ ကျန်တဲ့ ဆန်အမျိုးအစားတွေ အရောင်းအေးနေချိန်မှာ ဒီတစ်မျိုးပဲ အရောင်းသွက်နေတာ ဖြစ်ပါ တယ်။”ဟု မင်းဘူးခရိုင်အတွင်း ဆန်ရောင်းဝယ်ရေး …

Read More »

သထုံမြို့နယ်အတွင်း အရည်အသွေးကောင်းမွန်သည့် ရာဘာများ ထုတ်လုပ်နိုင်ရန် ရာဘာသန့်စင်စက်ရုံ တည်ဆောက်မည်

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဇွန် ၂၈ ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဈေးကွက်ဝင် အရည်အသွေးကောင်းမွန်သည့် ရာဘာများ ထုတ်လုပ်နိုင်ရန် ရာဘာသန့်စင်စက်ရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း သထုံမြို့နယ်ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရှိရသည်။ နိုင်ငံတကာဈေးကွက်ဝင်သည့် သန့်စင်ရာဘာပြားများ ထုတ်လုပ်နိုင်ပြီး ဒေသတွင်းရာဘာဈေးကွက် ဦးမော့လာ ကာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ဝင်ငွေတိုးတက်လာနိုင်ရေးရည်ရွယ်၍ ရာဘာ သန့်စင် စက်ရုံတည်ဆောက်ရခြင်းဖြစ်ကြောင်း သထုံမြို့နယ်ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌ ဒေါက်တာ သန်းမျိုးက ပြောသည်။ “ရာဘာသန့်စင်စက်ရုံကို ဒီနှစ်ထဲမှာ အကောင်အထည်ဖော်နိုင်အောင်လုပ်မယ်။ စက်ရုံဆောက်ပြီးရင် ရာဘာအ စေးရည်ကိုပဲဝယ်မှာ။ ဈေးပေးဝယ်တဲ့အခါမှာလည်း ရာဘာအပြားပေါက်ဈေးအတိုင်း ပေးဝယ်မှာ။ ဒါဆို တစ်နိုင် တစ်ပိုင်ခြံရှင်တွေအတွက် လုပ်အားခကုန်ကျစရိတ်တွေ အများကြီးသက်သာသွားမယ်။”ဟု ဒေါက်တာ သန်းမျိုးက ပြောသည်။ လက်ရှိတွင် ဒေသထွက်ရာဘာများ …

Read More »

ကျောက်ဖြူ-မင်းပြင်ကားလမ်း တစ်ဖက်တစ်ချက်ရှိ မြေကွက်များ လျော့ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေ

အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ ဇွန် ၂၈ ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ-မင်းပြင်ကားလမ်းတစ်ဖက်တစ်ချက်ရှိ မြေကွက်များကို မေလကုန်ပိုင်းနှင့် ဇွန်လ ဆန်းပိုင်းမှ စတင်၍ ဈေးလျော့ကာ ရောင်းချနေခြင်းကြောင့် ဝယ်ယူသူများလာကြောင်း အိမ်ခြံမြေ အရောင်း အဝယ်လုပ်ကိုင်သူများထံမှ သိရှိရသည်။ ယင်းမြေကွက်များသည် ၂၀၁၆ ခုနှစ်က ပေ(၄၀x၆၀)တစ်ကွက်လျှင် ကျပ်သိန်း(၃၀)မှ ကျပ်သိန်း(၄၀) ဝန်းကျင်ထိ ပေါက်ဈေးရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဇွန်လတွင် ကျပ်(၂၄)သိန်းမှ ကျပ်သိန်း(၃၀)ကျော်အထိသာ ပေါက်ဈေးရှိနေကြောင်း သိရသည်။

Read More »

သထုံမြို့နယ်မှ ထွက်ရှိသော ကွမ်းရွက်များ ဈေးနှုန်းဆက်တိုက်ကျဆင်းသဖြင့် အရှုံးပေါ်နေ

အောင်မြင့်ထွန်း (မြစ်မခ) မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းမှ ထွက်ရှိသော ကွမ်းရွက်များ သင်္ကြန်ပြီးကာလမှစတင်ကာ ဈေးဆက်တိုက် ကျနေသဖြင့် အရှုံးပေါ်နေကြောင်း သထုံမြို့ရှိ ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။ သထုံဒေသထွက်ကွမ်းရွက်များ တင်ပို့ရာဒေသများတွင် မုံရွာဒေသထွက်ကွမ်းရွက်များ အဆက်မပြတ်ဝင်လာ ခြင်း၊ မုံရွာဒေသထွက်ကွမ်းရွက်များနှင့် ဈေးနှုန်းယှဉ်ရောင်းနိုင်မှု မရှိခြင်းတို့ကြောင့် အရှုံးပေါ်နေရခြင်းဖြစ် ကြောင်း သထုံမြို့နယ်၊ ဇရပ်ကျွန်းကျေးရွာနေ ကွမ်းစိုက်တောင်သူ ဦးသန်းထွန်းက ပြောသည်။

Read More »

မန္တလေးအိမ်ခြံမြေ အရောင်းအဝယ်တိုးတက်လာစေရန် ရာဖြတ်နှုန်းထားများ အဓိကလျော့ချပေးရန် လိုအပ်

မင်းခန့် (မြစ်မခ) မန္တလေး၊ ဇွန် ၂၆ ရက်။ မန္တလေးအိမ်ခြံမြေအရောင်းအဝယ်များ တိုးတက်လာစေရန်အတွက် အခွန်လျော့ချရုံသာမကဘဲ ရာဖြတ်ဈေးများပါ လျော့ချပေးရန်လိုအပ်ကြောင်း မန္တလေးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရှိရသည်။ “မြေဈေးကွက်တွေ အရောင်းအဝယ်မဖြစ်တာ ၅ နှစ်ကျော်အထိရှိပြီ။ အခုလိုအကြာကြီး ဈေးကွက်တွေ  အေးနေတော့ ဒီလုပ်ငန်းကို လုပ်ကိုင်တဲ့သူတွေအနေနဲ့ အရမ်းကို အဆင်မပြေဖြစ်တယ်။ မြေအရောင်းအဝယ် ဖြစ်ရင် အခွန်တွေလည်းဆောင်ရတဲ့အပြင် ရာဖြတ်ကလည်း သတ်မှတ်ဈေးနှုန်းတွေကို ပိုပြီးဖြတ်နေတော့ ဘယ်သူမှ မရောင်းချရဲဘူးဖြစ်နေသလို ဝယ်တဲ့သူတွေကလည်း မဝယ်ရဲကြဘူးဖြစ်နေတယ်။”ဟု မန္တလေးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးလွန်းမောင်က ပြောသည်။ အရှေ့မြို့ကွက်သစ်နေရာများရှိ မမရပ်ကွက်၊ ဖဖရပ်ကွက်နှင့်

Read More »