Thursday , November 1 2018
Home / သတင်း / စီးပွားရေးသတင်း (page 20)

စီးပွားရေးသတင်း

မွန်ပြည်နယ်တွင် ရင်းနှီးမြုပ်နှံမှုများ ကမ်းလှမ်းလာသော်လည်း မည်သည့်စီမံကိန်းကိုမျှ လုပ်ကိုင်ခွင့်မပြုသေး

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ စက်တင်ဘာ(၁၄)ရက်။ မွန်ပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံမှုများပြုလုပ်ရန် ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များမှ မွန်ပြည်နယ် အစိုးရအဖွဲ့ထံ လာရောက်တွေ့ဆုံမှုများရှိခဲ့သော်လည်း ယနေ့အချိန်အထိ မည်သည့်စီမံကိန်းကိုမျှ လုပ်ကိုင်ခွင့် မပြုသေးကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဌာနထံမှ သိရှိရသည်။

Read More »

FMI အစုရှယ်ယာဈေးနှုန်း ကျပ်(၁၈၅၀၀)ဖြင့် ကြမ်းခင်းဈေးအောက် အနိမ့်ဆုံးဈေးသို့ရောက်ရှိ

ဇော်မင်း (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ (၁၃) ရက်။ ရန်ကုန်စတော့အိတ်ချိန်းတွင်ရောင်းဝယ်နေသော FMI  အစုရှယ်ယာဈေးနှုန်းသည် စက်တင်ဘာ ၁၂ ရက်တွင် ယခင်အပါတ်ထက် (၁၅၀၀)ကျပ်ကျဆင်းကာ ကြမ်းခင်းဈေးအောက် အနိမ့်ဆုံးသို့ရောက်ရှိခဲ့သော်လည်း အရောင်းအဝယ်နည်းပါးနေကြောင်း FMI အစုရှယ်ယာပိုင်ရှင်တစ်ဦးဖြစ်သော ဦးလှမြင့်က ပြောဆိုလိုက်သည်။

Read More »

Honda မော်တော်ဆိုင်ကယ်အရောင်းပြခန်းတွင် 2016 model အမြင့်ဘီးများ ထပ်မံရောက်ရှိ

မင်းခန့် (မြစ်မခ) မန္တလေး၊ စက်တင်ဘာ (၁၃) ရက်။ မန္တလေးမြို့ရှိ Honda မော်တော်ဆိုင်ကယ် ၂၀၁၆ မော်ဒယ်လ် အမြင့်ဘီးသစ်များနှင့် ဒီဇိုင်းအသစ်များ ယခု စက်တင်ဘာလအတွင်း ထပ်မံဝင်ရောက်လာကြောင်း အဆိုပါဆိုင်ကယ်များတင်သွင်းနေသည့် NCX Myanmar ကုမ္ပဏီလီမိတက်မှ သိရှိရသည်။

Read More »

ကျောက်ဖြူဒေသမှ ပြည်ပသို့ ကဏန်းပျော့ ထုတ်လုပ်တင်ပို့မှု ထက်ဝက်ခန့်ထိ ကျဆင်းလာ

အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ စက်တင်ဘာ(၂)ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ သဘာဝမြစ်ချောင်းများမှ ကဏန်းကုန်ကြမ်းဖမ်းဆီးရရှိမှု ကျဆင်းလာသဖြင့် ပြည်ပ တရုတ်အိတ်စ်ပို့(စ်)ကဏန်းပျော့ ထုတ်လုပ်တင်ပို့မှုမှာလည်း ၂၀၁၅ ခုနှစ်ထက် ထက်ဝက်ခန့် ကျဆင်းလာကြောင်း သိရှိရသည်။ ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံသို့ တစ်လလျှင် ပျမ်းမျှအားဖြင့် (၁၀)တန်မှ (၁၂)တန်ဝန်းကျင်တင်ပို့မှု ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်မတ်လနှင့် ဧပြီလပိုင်းမှ စတင်ပြီး (၆)တန်မှ (၈)တန်ဝန်းကျင်ထိသာ တင်ပို့နိုင်ခဲ့ကြောင်း  ကုန်ကြမ်းရရှိမှု ကျဆင်းလာမှု၊ ဈေးနှုန်းမြင့်တက်လာမှုနှင့် ပြည်ပဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းလာမှု တို့ကြောင့် တင်ပို့မှုကျဆင်းလာရခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ရှယ်ယာအရောင်းအဝယ်ပြုလုပ်ခွင့်ရသည့် MCB ဘဏ်မှ ကျပ်(၈၈၀၀)ဖြင့် ရှယ်ယာပေါင်း နှစ်သောင်းကျော် အရောင်းအ၀ယ်ဖြစ်ခဲ့

ဇော်မင်း(မြစ်မခ) ရန်ကုန်၊ သြဂုတ် (၃၀)ရက်။ ရန်ကုန်စတော့အိတ်ချိန်းတွင် တတိယမြောက် ရှယ်ယာအရောင်းအဝယ်ပြုလုပ်ခွင့်ရသည့် MCB ဘဏ်အနေ ဖြင့် သြဂုတ် ၂၉ ရက်တွင်  ရှယ်ယာဈေးနှုန်း(၈၈၀၀)ကျပ်ဖြင့် ရှယ်ယာပေါင်း(၂၂၂၁၄)စု အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း YSX ၏ထုတ်ပြန်ချက်အရ သိရှိရသည်။ “ကျွန်တော်တို့ဆီတော့ MCB ရှယ်ယာ (၇၀၀၀)လောက်အဝယ်တက်တယ်။ MCB  ကတော့ ဒီနေ့(၂၀၀၀၀) ကျော် အရောင်းအ၀ယ်ဖြစ်တယ်။ ကျန်တဲ့ FMI နဲ့ MTSH ကတော့ နည်းတယ်”ဟု CB Securities ၏ မန်နေး ဂျင်းဒါရိုက်တာ ဦးသောင်းဟန်ကပြောသည်။

Read More »