Thursday , November 1 2018
Home / သတင်း / စီးပွားရေးသတင်း (page 19)

စီးပွားရေးသတင်း

ရှေးဟောင်းဒင်္ဂါးများ ရောင်းဝယ်မှုလွယ်ကူစေရန် မြန်မာနိုင်ငံ ဒဂါင်္းစုဆောင်းသူများအသင်း ဖွဲ့စည်း

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ(၂၇)ရက်။ မြန်မာနိုင်ငံတွင် ရှေးဟောင်းဒင်္ဂါးများ ရောင်းဝယ်မှုလွယ်ကူလာစေရန် မြန်မာနိုင်ငံဒင်္ဂါးစုဆောင်းသူများအသင်း ကို စက်တင်ဘာ ၂၅ ရက်က ဖွဲ့စည်းလိုက်ကြောင်း အသင်းတည်ထောင်သူများထံမှ သိရှိရသည်။

Read More »

မြန်မာ့ရွှေအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ၈၇၈၅၀၀ ဖြင့် အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိ

စောခ(မြစ်မခ) ရန်ကုန်၊ စက်တင်ဘာလ (၂၂) ရက်။ ကမ္ဘာ့ရွှေဈေးမြင့်တက်လာသောကြောင့် ၂၀၁၆ ခုနှစ် အတွင်း မြန်မာ့အခေါက်ရွှေဈေး အမြင့်ဆုံးဈေးသို့ ရောက်ရှိ လာကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။ မြန်မာ့ရွှေဈေးမှာ စက်တင်ဘာလ (၂၁)ရက်ဈေးအရ တစ်ကျပ်သားလျှင် (၈၇၃၀၀၀)ကျပ်ရှိရာမှ (၈၇၈၅၀၀) ကျပ်သို့ မြင့်တက်လာပြီး ၂၀၁၆ ခုနှစ်နှစ်ဆပိုင်းတွင် ၇၃၂၀၀၀သာ ဈေးပေါက်ခဲ့ကြောင်း သိရသည်။

Read More »

ပဲခူး ရေလုပ်သားများ မျှော့ ပိုမိုဖမ်းဆီးရမိပြီး ဈေးကွက်တွင် ဈေးကောင်း ရရှိနေ

မျိုးမြတ်(မြစ်မခ) ဝေါ၊ စက်တင်ဘာ (၁၉) ရက်။ ၂၀၁၆ မိုးတွင်းကာလတွင် မိုးရွာသွန်းမှုများခြင်းကြောင့် မြစ်ချောင်းအင်းအိုင်များတွင် ရေများပြားလာသဖြင့် မျှော့ဖမ်းခြင်းလုပ်ငန်းလုပ်ကိုင်နေသော ရေလုပ်သားများ မျှော့များ ပိုမိုဖမ်းဆီးရမိပြီး ဈေးကွက်တွင် ဈေးကောင်း ရရှိနေကြောင်း ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းရှိဒေသခံများထံမှ သိရှိရသည်။

Read More »

သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ရင်းနှီးမြုပ်နှံမှုမှအပ ကျန်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများအတွက် မှတ်ပုံတင် လျှောက်ထားနိုင်

ယမုံ(မြစ်မခ) ရန်ကုန်၊ စက်တင်ဘာလ(၁၉)ရက်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်မှုလုပ်ငန်းများအတွက် မှတ်ပုံတင်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ရင်းနှီးမြုပ်နှံမှုများမှအပ ကျန်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံးခွဲများ၌ လုပ်ငန်းမှတ်ပုံတင် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။ 

Read More »

မန္တလေး သမန်းကုန်းမြို့သစ် အိမ်၊ ခြံ၊ မြေဈေးကွက် ဝယ်သူမရှိသလောက်ရပ်တန့်

သီဟ (မြစ်မခ) စက်တင်ဘာ (၁၆) ရက်။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ သမန်းကုန်းမြို့သစ် အိမ်၊ ခြံ၊ မြေများမှာ ၂၀၁၅ ခုနှစ်အကုန်ပိုင်းမှစတင် ကာ လက်ရှိအချိန်အထိ အရောင်းအဝယ်နည်းနေပြီး ဝယ်ယူသူမရှိသလောက်ဖြစ်နေကြောင်း သမန်းကုန်းမြို့ သစ်ရှိ အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ကိုင်သူများထံမှ သိရှိရသည်။ သမန်းကုန်းမြို့နယ်အတွင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းများဖော်ဆောင်ပေးမည်ဆိုသည့်သတင်းများနှင့် ဝန် ထမ်းများအား နေရာစီစဉ်ပေးမည်ဆိုသည့်သတင်းများ ထွက်ပေါ်နေမှုကြောင့် အိမ်၊ ခြံ၊ မြေဈေးကွက် အရောင်း ဝယ်အေးနေခြင်းဖြစ်ကြောင်း သိရသည်။

Read More »