Thursday , November 1 2018
Home / သတင်း / စီးပွားရေးသတင်း

စီးပွားရေးသတင်း

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် သုံးနှစ်အတွင်း အိမ်ခြံမြေဈေးနှုန်း သုံးဆကျော်မြင့်တက်

  အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ နိုဝင်ဘာ ၉ ရက်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် အိမ်ခြံမြေဈေးနှုန်းသည် သုံးနှစ်အတွင်း သုံးဆကျော်အထိမြင့်တက်လာ ကာ အရောင်းအဝယ်ကောင်းနေကြောင်း တောင်ကုတ်မြို့ရှိ အိမ်ခြံမြေအရောင်း အဝယ်လုပ်ကိုင်သူများထံမှ သိရှိရသည်။ တောင်ကုတ်မြို့တွင် စီးပွားရေးနှင့် အလုပ်အကိုင်ဖွံ့ဖြိုးခြင်းများနှင့် အကြမ်းဖက်အန္တရာယ်အတွက် လုံခြုံရေး စိတ်ချရခြင်းတို့ကြောင့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်း ပြောင်းရွှေ့ နေထိုင်သူများလာခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာရကြောင်း သိရသည်။

Read More »

လားရှိုးမြို့တွင်း၌ မြေအရောင်းအဝယ်အေးနေပြီး မြို့နယ်ဝန်းကျင်တွင် အကွက်ဖော်ရောင်းခြင်း များသာ အနည်းငယ်ရှိနေ

  နောင် (မြစ်မခ) လားရှိုး၊ အောက်တိုဘာ ၂၄ ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင်း၌ မြေအရောင်းအဝယ်အေးနေပြီး မြို့နယ်ဝန်းကျင်တွင်ရှိသော မြေများကို ဝယ်ယူလိုသူ ရှိသဖြင့် အကွက်ဖော်ရောင်းခြင်းများသာ အနည်းငယ်ရှိနေကြောင်း သိရှိရသည်။ “မြို့တွင်းမှာတော့ မြေက အရောင်းအဝယ်မဖြစ်ဘူး။ မြို့ရဲ့ဆင်ခြေဖုံးနေရာလိုဖြစ်တဲ့ မြို့ဝန်းကျင်မှာရှိတဲ့ မြေနေရာတွေကို အကွက်ဖော်ပြီး ရောင်းတာတော့ နည်းနည်းအလုပ်ဖြစ်ပါတယ်။ ဒီလမှာ(၅) ကွက် လောက်တော့ အရောင်းဖြစ်ခဲ့ပါတယ်။”ဟု လားရှိုးမြို့မှ အိမ်ခြံမြေအကျိုးတော်ဆောင် ဦးထက်အောင်ကျော်ကပြောသည်။

Read More »

မြဝတီမြို့မော်တော်ဆိုင်ကယ်အသစ်ဈေးကွက် ယခင်လများထက်ဈေးမြင့်တက်လာ

ထိန်လင်းအောင် (မြစ်မခ) မြဝတီ၊ အောက်တိုဘာ ၂၄ ရက်။ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မော်တော်ဆိုင်ကယ်အသစ်ဈေးကွက်မှာ ဒေါ်လာဈေးနှင့်အပြိုင် မြင့်တက် လာသော ထိုင်းဘတ်ငွေဈေးကြောင့် ယခင်လများကထက် ဆိုင်ကယ်ဈေးနှုန်းများမြင့်တက်လာကြောင်း မြဝတီမြို့ရှိ ဆိုင်ကယ်အရောင်းဆိုင်များထံမှ သိရှိရသည်။ “ဒီလကတော့ ဒေါ်လာဈေးနဲ့အပြိုင်ပေါ့။ ဒီထိုင်းဘတ်ငွေဈေးကလည်း မြင့်တက်လာတော့ ဆိုင်ကယ် ဈေးတွေက အရင်လတွေထက်တော့ အများကြီးမဟုတ်ပေမယ့် အနည်းငယ်ဈေးတက်သွားတာပေါ့။” ဟု မြဝတီမြို့တွင် ဆိုင်ကယ်အရောင်းစင်တာဖွင့်လှစ်ရောင်းချနေသူ ဦးမောင်ဝင်းက ပြောသည်။

Read More »

ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

  ယမုံ (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ(၁၉)ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ရန် ဖိတ်ခေါ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောဆိုလိုက်သည်။ “မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်(၃)ခု အကောင်အထည်ဖော်နေပါတယ်။ အဲ့ဒီထဲမှာ ရခိုင်ပြည်နယ်၊ ကျောက် ဖြူခရိုင်အတွင်း တည်ရှိနေတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် အပါအဝင်ဖြစ်ပါတယ်။ ကျောက်ဖြူအထူးစီးပွား ရေးဇုန်မှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်တွေ ပါဝင်တဲ့အတွက် ဒီမှာလည်း လာရောက် ရင်းနှီးမြှုပ်နှံဖို့အတွက်ကျွန် တော်အနေနဲ့  ဖိတ်ခေါ်ပါတယ်။”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန် ဦးတိုးအောင်မြင့်က ပြောသည်။

Read More »

ရှမ်းတောင် ရွာငံဒေသထွက် ကော်ဖီစေ့များ ပြည်ပနိုင်ငံများသို့ တင်ပို့နေသော်လည်း ဈေးကောင်းမရဖြစ်နေ

  မြတ်မိုးသူ (မြစ်မခ) တောင်ကြီး၊ သြဂုတ် ၂၉ ရက်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံဒေသမှ ထွက်ရှိသည့် ကော်ဖီစေ့များကို ပြည်ပနိုင်ငံများသို့ တင်ပို့နေရ သော်လည်း ပြည်တွင်းဝယ်လက်များက ဈေးကောင်း မပေးသဖြင့် ကော်ဖီစိုက်တောင်သူများ အခက်အခဲ တွေ့နေရကြောင်း နွားဘန်းကျေးရွာကော်ဖီအစုအဖွဲ့ ဥက္ကဌ  ဦးမျိုးလေးထံမှ သိရှိရသည်။ ရွာငံဒေသထွက် ကော်ဖီစေ့များကို ကမ္ဘောဒီးယား၊ ထိုင်ဝမ်၊ အမေရိကန်၊ ထိုင်းနှင့် လာအိုနိုင်ငံများထံ တင်ပို့ ရောင်းချနေရသော်လည်း သီးနှံအာမခံချက်မရှိဘဲ အရောင်းအဝယ်ဖြစ်နိုင်သည့် ဈေးဖြင့် ရောင်းချနေရကြောင်း သိရသည်။

Read More »