Thursday , November 1 2018
Home / သတင်း / လူ့အခွင့်အရေးဆိုင်ရာ သတင်းများ (page 5)

လူ့အခွင့်အရေးဆိုင်ရာ သတင်းများ

တရားရုံးမှ ဘက်လိုက်စီရင်ချက်ချသည်ဆိုကာ ကံသစ်ကျေးရွာသားများခင်ဦးမြို့တွင် ဆန္ဒထုတ်ဖော်

ကိုဖြိုး (မြစ်မခ)   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ် တရားရုံးမှတရားဆွဲဆိုထားသည့်ပုဒ်မ ၄၁၇ ကာမ လိမ်လည်မှုနှင့် အမှုဖွင့်ထားသူအား တရားသေလွှတ်လိုက်ရာ ခင်ဦးမြို့နယ်တရားရုံးက ဘက်လိုက်စီရင် ချက်ချသည်ဟုဆိုကာ ကံသစ်ကျေးရွာသားတို့မှ ခင်ဦးမြို့တွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာတွင် ကိုယ်ဝန်ရခဲ့သည့် အမျိုးသမီးက ရည်းစားဖြစ်သူ အမျိုးသားအား လက်ထပ် ရန်ပြောဆိုသည်ကို ငြင်းဆိုသည့်အတွက် ခင်ဦးမြို့နယ် တရားရုံးတွင် ၃၁/၂၀၁၅ ပုဒ်မ ၄၇၁ ဖြင့် တရားစွဲဆို ထားခဲ့သည့် အမှုအားတရားရုံးက တရားသေလွှတ်ပေးလိုက်သည့်အတွက် စက်တင်ဘာလ(၂၁) ရက်နေ့က ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။

Read More »

တရားရေးကဏ္ဍ၌ တပ်မတော်အရာရှိများ ခန့်ထားမှုအား ကန့်ကွက်သည့်လှုပ်ရှားမှု နေပြည်တော်တွင်စတင်

အောင်ကျော်ဟိန်း (မြစ်မခ)   တရားရေးကဏ္ဍတွင် တပ်မတော်မှအရာရှိများခန့်အပ်မှုကို ကန့်ကွက်သည့်အနေဖြင့် နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်းမှ တရားရေးဝန်ထမ်းများက အ၀ါရောင် ဖဲကြိုးလှုပ်ရှားမှုကို စတင်ပြုလုပ် နေကြောင်း သိရှိရသည်။ “ကျွန်မတို့က အခုစတင်ပြီးတော့ အ၀ါရောင် ဖဲကြိုးလှုပ်ရှားမှုကိုဒီနေ့စတင်လှုပ်ရှားတာပါ။ တရားရေး ကဏ္ဍ တွေကိုတပ်မတော်ကအရာရှိတွေ ရောက်မလာအောင် တပ်မတော်အရာရှိများကိုဆန့်ကျင်တဲ့အနေနဲ့ အခုလို Yellow Ribbon လှုပ်ရှားမှု စတင်လိုက်တာပါ။ ရှေ့နေအဖွဲ့များအားလုံးညီညွတ်စွာနဲ့ လှုပ်ရှားသွားမှာပါ။” ဟု အထက်တန်းရှေ့နေ ဒေါ်အေးမော်မော်ထွန်းက ပြောသည်။

Read More »

ဆန္ဒထုတ်ဖော်မှုကြောင့် ထောင်ဒဏ်ကျခံနေရသူ ရုံးထုတ်စဉ် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်

သီဟလွင် – ပြည် (မြစ်မခ) ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ဆန္ဒဖော်ထုတ်မှုများကြောင့် ထောင်ဒဏ်(၂)နှစ်နှင့် (၈)လ ကျခံနေရသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဝင်းလှိုင်သည် စက်တင်ဘာလ ၈ ရက်နေ့က ပုဒ်မ(၁၈)ဖြင့် ရုံးထုတ်လာစဉ် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ပြည်မြို့တရားရုံးသို့ ရုံးထုတ်လာစဉ် ထောင်ဝတ်စုံအပြာရောင်ပေါ်တွင် “မတရားတဲ့ ဥပတွေနဲ့ ဖမ်းဆီးထားသော ကျောင်းသား/သူ ၀န်းရံသူလွှတ်” ဆိုသော စာသားပါ အဖြူရောင်တီရှပ်ကို ထပ်မံဝတ်ဆင်ခဲ့ပြီး ဖမ်းဆီးခံထားရသော ကျောင်းသားပြည်သူများအား လွှတ်ပေးရန် တောင်းဆို မှုပြုလုပ်ခဲ့ကြောင်းကိုလည်း သိရသည်။

Read More »

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များအား ကျောင်းတာဝန်ရှိသူများက ခံဝန်ထိုးခိုင်း  

ချမ်းငြိမ်း(မြစ်မခ)   ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တက္ကသိုလ်မှ တာဝန်သူများ၏ ခွင့်ပြုချက်မရဘဲ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်ကျင်းပခြင်းနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးချယ်ရန် ရွေးကောက်ပွဲလုပ်ခဲ့ခြင်းတို့ကြောင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များအား ခံဝန် လတ်မှတ်ထိုးခိုင်းထားကြောင်း သိရှိရသည်။ “ကျောင်းကတော့ ရုပ်ရှင်ပြသတဲ့နေရာတော့မဟုတ်ပါဘူး။ ကျောင်းသည် သင်ကြားရေး ဆောင်ရွက်တယ်။ သုတေသနဆောင်ရွက်တယ်။ ဒီလိုမျိုးရုပ်ရှင်ပြသစရာနေရာလည်း မရှိပါဘူး။အဲဒီအခါကျတော့ ရုပ်ရှင်ပြသ ခွင့်မပြုပါဘူး။ ဘယ်ဟာရယ် ညာဟာရယ်ကြောင့် မဟုတ်ပါဘူး။ ဟိုဟာကြောင့် ဒီဟာကြောင့် ခေါင်းစဉ် မတပ်ပါဘူး။ ကျောင်းဝန်းထဲမှာ ရုပ်ရှင်ပြခွင့်မပေးခဲ့ပါဘူး။ ပြခွင့်မပေးဘဲ ဒီကလေးတွေက student service centre မှာ ရုပ်ရှင်ပြခဲ့တယ်။ ကျောင်းစည်းကမ်းနဲ့မညီလို့ မိဘခေါ်တာတို့၊ သတိပေးတာတွေ လုပ်တာပါ။ ဒါပေမဲ့ ကလေးတွေ စာမေးပွဲနီးတဲ့အခါကြတော့ ထိခိုနစ်နာအောင် ကျောင်းထုတ်တာတို့ …

Read More »

ကျောင်းသားများ ရုံးထုတ်၌ ကမ်ပိန်းတီရှပ်ဝတ်သဖြင့် တရားရုံးက စစ်ဆေးချိန်ရွှေ့ဆိုင်း

ချမ်းငြိမ်း(မြစ်မခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)ဖြင့် တရားရင်ဆိုင်နေရသော ကျောင်းသားသမဂ္ဂခေါင်းဆောင် များဖြစ်သည့် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့နှစ်ဦးတို့က အင်းစိန်ထောင်မှ ကျောက်တံတားတရားရုံးသို့ ရုံးချိန်းလာရာတွင် Failed Law စာတန်းပါသည့်အင်္ကျီများဝတ်ဆင်ထား၍ စစ်ဆေးချိန်နောက်ဆုတ် လိုက်ကြောင်း ကျောက်တံတားမြို့နယ်တရားရုံးမှ သိရှိရသည်။ ဖမ်းဆီးခံကျောင်းသားနှစ်ဦးအား ရုံးထုတ်ရန် ကျောက်တံတားမြို့နယ်တရားရုံးသို့ စက်တင်ဘာလ (၁)ရက် နေ့က အချုပ်ကားဖြင့်ခေါ်ဆောင်လာရာ အဆိုပါကျောင်းသားနှစ်ဦးက Failed Law စာတန်းပါသည့် တီရှပ် အင်္ကျီအနက်များကို ၀တ်ဆင်ထားပြီး တရားရုံးရှေ့တွင်လည်း Failed Law စာတန်းပါ တီရှပ်အနက်များ ၀တ်ဆင်ထားသည့် ကျောင်းသား ၂၀ ခန့် စောင့်ဆိုင်းနေကြသဖြင့် တရားရုံးတွင် စစ်ဆေးချိန်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

Read More »