Thursday , November 1 2018
Home / သတင်း / လူ့အခွင့်အရေးဆိုင်ရာ သတင်းများ (page 3)

လူ့အခွင့်အရေးဆိုင်ရာ သတင်းများ

ဗိုလ်မှူးကျော်နုမော်အား တပ်မတော်မှ ထုတ်ပယ်ပြီးသော်လည်း အရပ်ဖက်တရားရုံးတွင် စစ်ဆေးခံရန် လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို 

မင်းအံ့သွန်း (မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ(၃၁)ရက်။ ရှစ်နှစ်အရွယ်ကလေးငယ်အား ရိုက်နှက်မှုဖြင့် စစ်ဆေးခံရသည့် အိမ်ရှင်ဖြစ်သူ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ကို တပ်မတော်မှ ထုတ်ပယ်ပြီးသော်လည်း အရပ်ဖက်တရားရုံးသို့ လွှဲပြောင်းကာ အဆုံးအဖြတ်ခံယူစေလိုကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများက တောင်းဆိုလိုက်ကြောင်း သိရှိရသည်။ “တပ်မတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ လုပ်သင့်တဲ့လုပ်ဆောင်ချက် ဖြစ်ပါတယ်။ တပ်မတော်ပိုင်း က ကျူးလွန်တာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အခုလို ပွင့်ပွင့်လင်းလင်းနဲ့ လုပ်ပြတာတော့ မရှိခဲ့ဘူး။ အခုလို ပွင့်ပွင့် လင်းလင်း လုပ်ပြလိုက်တဲ့အတွက်လည်း ကြိုဆိုပါတယ်။ ဒါပေမယ့် ပြစ်မှုတွေကိုတော့ အရပ်ဖက် တရားရုံးရဲ့ အညီအမျှ အဆုံးအဖြတ် ခံယူစေချင်တယ်။”ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ နိုင်ငံတကာဆက်ဆံရေးမှူး ဦးအောင်ဇော်ဦးက ပြောသည်။

Read More »

မြန်မာနိုင်ငံသားနှစ်ဦးအား  ဥပဒေအရအကူအညီပေးရန် ထိုင်းနိုင်ငံလူ့အခွင့်အရေးကော်မရှင်သို့ တောင်းဆို

သီဟလွင် (မြစ်မခ) ပြည်၊ ဒီဇင်ဘာ(၂၉)ရက်။ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦး အမှုအား ဥပဒေအရ တန်းတူညီမျှကူညီပေးရန်နှင့် အခြားသောအချက်များပါဝင်သည့် အကြောင်းကြား စာတစ်စောင်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံသို့ ပေးပို့ထားကြောင်း သိရှိရသည်။ အဆိုပါ အကြောင်းကြားစာအား ဒီဇင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြက လက်မှတ်ရေးထိုးပေးပို့ခဲ့ခြင်းဖြစ်ပြီး လူ့အခွင့်အရေး၊ အသက်ရှင်သန်ပိုင်ခွင့်နှင့် တရား ဥပဒေအရ တန်းတူညီမျှ ခွင့်ရရှိရေးတို့အား ဆောင်ရွက်ပေးရန် အကူအညီတောင်းခံထားခြင်း ဖြစ်ကြောင်းကိုလည်း သိရသည်။

Read More »

အမျိုးသားပညာရေးဥပဒေဆန္ဒထုတ်ဖော်သည့် ရတနာပုံတက္ကသိုလ် ကျောင်းသားသုံးဦးအား ကျောင်းတက်ခွင့်ပိတ်

ထက်မြက်၊ စောခ(မြစ်မခ) မန္တလေး၊ ဒီဇင်ဘာ(၂၃) ရက်။ အမျိုးသားပညာရေးဥပဒေအား ဆန္ဒဖော်ထုတ်မှုဖြင့် ထောင်ဒဏ်(၆)လကျခံရပြီး ပြန်လည် လွတ်မြောက် လာသည့် ကျောင်းသားများဖြစ်သော မောင်ဂျစ်တူး၊ မောင်ဥာဏ်လင်းထက်၊ မောင်အောင်ဆန်းဦးတို့အား တတိယနှစ်၊ စတုတ္ထနှစ်သင်တန်းများ တက်ရောက်ခွင့်ကို တားမြစ်ခံလိုက်ရကြောင်း သိရှိရသည်။ “ကျောင်းအပ်တာ နောက်ဆုံးရက် ဒီဇင်ဘာ ၂၄ ရက်နေ့ဖြစ်တယ်။ အပြစ်ပေးတယ်ဆိုလည်း ထိုက်သင့်တဲ့ပြစ် ဒဏ်ကျခံခဲ့ပြီးဖြစ်တယ်။ ဒါကြောင့် ကျောင်းတက်ခွင့်ရရမှာဖြစ်တယ်။ လက်မခံဘူးဆိုရင် လူအခွင့်အရေး ကော်မရှင်ကို တင်ပြမယ်။ ပြီးရင်တရားစွဲဆိုသွားမယ်။” ဟု ရတနာပုံတက္ကသိုလ် တတိယနှစ် ကျောင်းသား မောင်ဂျစ်တူးက ပြောသည်။

Read More »

ချောစန္ဒီထွန်းအမှု တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေး

မျိုးမင်းထွန်း – ဧရာဝတီတိုင်း (မြစ်မခ) ပုသိမ် – နိုဝင်ဘာ(၂၇)ရက်။ တပ်မတော်မှပြောင်းလဲ ၀တ်ဆင်ခဲ့သည့် ဝတ်စုံအရောင်ကို လူမှုကွန်ယက်တွင်သရော်ခဲ့သည်ဟု စွပ်စွဲခံရသူ မချောစန္ဒီထွန်းအမှုအား နိုဝင်ဘာ(၃၀)ရက်နေ့တွင်   မအူပင်မြို့နယ် တရားရုံးမှ တရားလိုပြသက်သေအဖြစ် မအူပင်မြို့အခြေစိုက် အမှတ်(၂၇)ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးကို ထပ်မံ စစ်ဆေးခဲ့ ကြောင်း သိရှိရသည်။ တရားလိုပြ သက်သေများကို စစ်ဆေးရာတွင် ချောစန္ဒီထွန်းအား ၎င်းတို့မှ မသိသလို၊ သူမ တင်ခဲ့သည့် Post အားလည်းကိုယ်တိုင် မြင်တွေ့ခြင်းမရှိကြောင်း Facebook တွင်လည်း သူမနှင့် သူငယ်ချင်း ဖြစ်မနေကြောင်း ထွက်ဆိုခဲ့သည်ဟု ရှေ့နေအဖြစ်လိုက်ပါ ဆောင်ရွက်နေသူ ဦးရောဘတ်စန်းအောင်က ပြောသည်။

Read More »

၈၈ ကရင်မျိုးဆက်ကျောင်းသားအစည်းအရုံးဥက္ကဌဦးစောမောင်ကြီးကို ပုဒ်မ ၁၇(၁)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်

သန့်ဇင်ဦး (မြစ်မခ) ရန်ကုန် – နိုဝင်ဘာ (၂၅)ရက်။ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် ၈၈ ကရင်မျိုးဆက် ကျောင်း သား အစည်းအရုံးဥက္ကဌ ဦးစောမောင်ကြီးအား ဘားအံမြို့နယ်တရားရုံးမှ နိုဝင်ဘာ ၂၅ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ် ချမှတ်လိုက်ကြောင်း သိရှိရသည်။ DKBA အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးစောဆန်းအောင်နှင့် ဆက်သွယ်သည်ဟုဆိုကာ ၂၀၁၅ ခုနှစ် ဇူလိုင် လ ၈ ရက်တွင် ဘားအံမြို့ရှိ ၈၈ ကရင်မျိုးဆက်ကျောင်းသားအစည်းအရုံး ရုံးခန်း၌ အခြားအစည်းအရုံး အဖွဲ့ဝင် ၁၁ ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။  

Read More »