Thursday , November 1 2018
Home / ဗပာုသုတ (page 3)

ဗပာုသုတ

ရှယ်ယာဈေးကျဆင်းမှုကြောင့် တစ်နေ့ထဲနဲ့ ဒေါ်လာ ၆ ဘီလီယံကျော် ဆုံးရှုံးသွားတဲ့ ဇူကာဘက်

  ကျန်ခဲ့တဲ့ တနင်္လာနေ့တုန်းက Facebook ရဲ့ ရှယ်ယာဈေးတွေ ကျဆင်းလာခဲ့တာကြောင့် Facebook တည်ထောင်သူလည်းဖြစ် အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ Mark Zuckerberg ဟာ တစ်နေ့ထဲမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပါတယ်။ Facebook အသုံးပြုသူတွေစုစုပေါင်း သန်း ၅၀ ကျော်ရဲ့ အချက်အလတ်တွေကို ခွင့်ပြုချက်မရှိဘဲ ကန်းဘရေ့ခ်ျ(Cambridge) အကဲဖြတ်အဖွဲ့က  အသုံးပြုခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီးနောက်မှာ ရှယ်ယာဈေးတွေဟာ ၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

Read More »

အလှအပအတွက် တစ်နေ့ကို ပေါင် တစ်ထောင်ကျော် အကုန်အကျခံတဲ့ ဗစ်တိုးရီးယား ဘက်ခမ်း

  အဆိုတော်တစ်ယောက်လည်း ဖြစ်သလို ဖက်ရှင် ဒီဇိုင်နာတစ်ယောက်လည်း ဖြစ်တဲ့ ဗစ်တိုးရီးယားဘက်ခမ်းဟာ အလှအပအပေါ် သူမအသုံးပြုထားတဲ့ ငွေကြေးပမာဏကို ထုတ်ဖော်ပြပြောကြားခဲ့ပါတယ်။ တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Spice Girl အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယားဘက်ခမ်းဟာ အရေပြားထိန်းသိမ်းတဲ့အလှကုန်တွေအပေါ်မှာ ၆၄၈ ပေါင်အထိ အကုန်ကျခံသုံးစွဲနေပြီး မိတ်ကပ်တွေအတွက် ၃၆၆ ပေါင်သုံးစွဲကာ ကိုယ်လိမ်းလိုးရှင်းတွေအတွက် ၁၂၄ ပေါင်နဲ့ ဆံပင်အတွက်ကို ၆၆ ပေါင် အသုံးပြုနေပါတယ်လို့ဆိုပါတယ်။ ဒါတွေအားလုံးစုပေါင်းလိုက်ရင်တော့ သူမတစ်နေ့တာ သုံးစွဲတဲ့ ပမာဏဟာ ၁၂၀၄ ပေါင်အထိရှိပါတယ်။

Read More »

တစ်နေ့ကြက်ဥကိုးလုံးခန့်စားတဲ့ ကိုယ်ဝန်ဆောင်တွေဟာ IQ မြင့်တဲ့ ကလေးကို မွေးနိုင်

  အသစ်ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ တစ်နေ့ကို ကြက်ဥကိုးလုံးလောက်စားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဉာဏ်ရည်မြင့်မားတဲ့ ကလေးကို မွေးဖွားနိုင်တယ်လို့ ဆိုပါတယ်။ သတင်းအချက်အလတ်တွေကို ခွဲခြမ်းစိတ်ဖြာတဲ့စွမ်းရည်နဲ့ မှတ်ဉာဏ်ကို တိုးစေတဲ့ ကိုလင်း(choline) ဓါတ်ဟာ ကြက်ဥထဲမှာ အများအပြားပါဝင်ပါတယ်။ ဒါပေမယ့် တစ်နေ့အတွင်း ကြက်ဥကိုးလုံးစားခြင်းဟာ များပြားလှတဲ့ပမာဏဖြစ်ပြီး အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့ ကိုလက်စထရော(cholesterol) ဓါတ်မြင့်မားမှုကို ဖြစ်စေနိုင်ပါတယ်။

Read More »

ချစ်သူကောင်လေးရဲ့ အင်္ကျီကို နမ်းရှုခြင်းကြောင့် အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုလျော့ကျနိုင်

    အသစ်ပြုလုပ်ခဲ့တဲ့ သုတေသနမှာ ထွက်ပေါ်ခဲ့တဲ့ ရလာဒ်ကတော့ ချစ်သူကောင်လေးတွေရှိတဲ့မိန်းကလေးတွေအတွက် သတင်းကောင်းတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ မိန်းကလေးတွေဟာ စိတ်ဖိစီးမှုများနေချိန်မှာ ကိုယ့်ချစ်သူရဲ့ ကိုယ်သင်းရနံ့လေးစွဲကျန်နေတဲ့ အင်္ကျီကို နမ်းလိုက်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေပြေလျော့စေတယ်ဆိုပြီး သုတေသန ရလာဒ်ထွက်ပေါ်ခဲ့လို့ပါ။ သုတေသနပြလုပ်ချက်အရ အမျိုးသမီးတွေကို စိတ်ရှုပ်ထွေးစရာကောင်းတဲ့ အလုပ်တွေ၊ စိတ်ဖိစီးမှုများတဲ့ အလုပ်တွေကို လုပ်ခိုင်းထားပေမယ့်လည်း သူတို့ရဲ့ချစ်ရတဲ့သူဝတ်ထားတဲ့အင်္ကျီကို နမ်းလိုက်တဲ့အခါမှာ စိတ်ဖိစီးမှုတွေလျော့ကုန်တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

Read More »

အလိုအလျောက်ပြန်လည်ပြုပြင်ပေးနိုင်မယ့် ဖုန်းမျက်နှာပြင်တွေကို သိပ္ပံပညာရှင်တွေတီထွင်

ကျွန်တော်တို့နေ့တိုင်းသုံးနေတဲ့ ဖုန်းတွေမှာ ဖန်သားမျက်နှာပြင်တွေတပ်ဆင်ထားတာကြောင့် လက်ထဲကလွတ်ကျတာ၊ တစ်ခုခုနဲ့ တိုက်မိတဲ့အခါမျိုးတွေမှာ မျက်နှာပြင်ကွဲအက်တတ်ပါတယ်။ နမော်နမဲ့နိုင်သူတွေအတွက်ကတော့ ဘယ်လောက်ပဲ ဖုန်းမှန်တွေလဲလဲ ခဏခဏထပ်ပြီး ကွဲနေရတာပါပဲ။ ဒါပေမယ့် သူတို့အတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ ဒီသတင်းကောင်းကတော့ အလိုအလျောက်ပြန်လည်ပြုပြင်နိုင်တဲ့ ဖုန်းမျက်နှာပြင်တွေကို သိပ္ပံပညာရှင်တွေက ရှာတွေ့ခဲ့တာပါပဲ။

Read More »