Thursday , November 1 2018
Home / ဗပာုသုတ (page 2)

ဗပာုသုတ

မျက်နှာလေ့ကျင့်ခန်း လုပ်ခြင်းကြောင့် နုပျိုတဲ့ ရုပ်ရည်ကို ရရှိစေနိုင်သလား

  မိတ်ကပ်တွေကို သုံးရတာ ငြီးငွေ့နေပြီး သဘာဝအတိုင်း မျက်နှာလေးကို လှပနေစေချင်ပါသလား။ သုတေသန ပညာရှင်တွေဟာ မကြာသေးခင်က နည်းလမ်းတစ်ခုကို စမ်းသပ်ခဲ့ကြပြီး ဒီနည်းလမ်းကို ‘Facial Yoga’ လို့ ခေါ်ဝေါ်သုံးနှုန်း ကြပါတယ်။ ဒီနည်းလမ်းဟာ နုပျိုတဲ့ရုပ်ရည် ပိုင်ဆိုင်နိုင်ဖို့ ရည်ရွယ်ပြီး မျက်နှာကြွက်သား တွေကိုလှုပ်ရှားပေးခြင်း ဖြစ်ပါတယ်။ အသက်ကြီးရင်ဖြစ်တတ်တဲ့ အရေးအကြောင်းတွေ၊ ပါးရေတွန့်လာတာတွေ၊  ပါးချိုင့်လာတာတွေကို လျော့နည်းစေဖို့ မျက်နှာလေ့ကျင့်ခန်းလို့ခေါ်တဲ့ ဒီနည်းလမ်းကို ပြုလုပ်ကြပါတယ်။ ဒီလို မျက်နှာလေ့ကျင့်ခန်းတွေကို လုပ်ခြင်းအားဖြင့် ပါး၊ မေးရိုး၊ မျက်ခွံ၊ မျက်ခုံး နဲ့ လည်ပင်း တွေမှာရှိတဲ့ ကြွက်သားတွေကို သန်မာလာစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

Read More »

လူလတ်ပိုင်းအရွယ်မှာ သွားနှစ်ချောင်းထက်ပိုပြီး ကျိုးခြင်းဟာ နှလုံးရောဂါပိုမိုဖြစ်စေနိုင်မယ့် လက္ခဏာဖြစ်တယ်လို့ဆို

  လူတစ်ယောက်ဟာ သက်လတ်ပိုင်း အရွယ်မှာ သွားနှစ်ချောင်းထက် ပိုကျိုးမယ်ဆိုရင် နှလုံးရောဂါ ကိုပိုမိုဖြစ်စေနိုင်တယ် လို့သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ လေ့လာမှုတွေအရ သွားနှစ်ချောင်းထက်ပို ကျိုးထားတဲ့ အသက် ၄၅ မှ  ၆၉ ကြားရှိတဲ့ လူပေါင်း ၆၁၀၀၀ လောက်ဟာ သွားလုံးဝ မဆုံးထားတဲ့လူတွေထက် နှလုံးရောဂါ ပိုဖြစ်တယ်လို့ သိရပါတယ်။ အစောပိုင်းလေ့လာမှုတွေမှာ သွား ၂၅ ချောင်းကနေ ၃၂ ချောင်း ရှိကြတဲ့ လူလတ်ပိုင်းတွေဟာ သွားနှစ်ချောင်းထက်ပိုဆုံးရူံးတဲ့အခါ နှလုံးရောဂါဖြစ်ပွားမှု ကိုမြင့်တက်စေနိုင်ပါတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ဒါ့အပြင် လူတွေရဲ့ အစာတဲ့ ပုံစံတွေ၊ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ၊ ကိုယ်အလေးချိန၊် သွေးတိုးရောဂါ စတာတွေကလဲ ရောဂါဖြစ်ပွားမှုကို တိုးစေပါတယ်။ 

Read More »

ကမ္ဘာ့ အထူးဆန်းဆုံး အလှအပအတွက် အသုံးပြုကြတဲ့ နည်းလမ်းတွေ

  ဒီနေ့ခေတ်မှာဆိုရင် အလှအပလို့ပြောလိုက်ပြီဆိုတာနဲ့ မျက်နှာကို ဆေးကြောသန့်စင်ပေးခြင်း၊ Toner လိမ်းပေးခြင်း၊ အသားအရေ စိုပြေအောင်ပြုလုပ်ခြင်းလောက်နဲ့ မလုံလောက်တော့ပါဘူး။ အမျိုးသမီးတွေဟာ လှပတဲ့အသားအရေရရှိဖို့ သာမာန်အိမ်တွင်းပစ္စည်းတွေကိုပဲ သုံးတဲ့ခေတ်က ကုန်သွားပါပြီ။ အခုချိန်မှာဆိုရင်တော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ အလှအပ ပညာရှင်တွေက သူမတူအောင် ထူးဆန်းတဲ့ အလှအပဆိုင်ရာနည်းလမ်းတွေနဲ့ လူမှုကွန်ရက်တွေမှာ အပြိုင်အဆိုင် ကြီးစိုးနေပါပြီ။ ကဲ ဒါဆို လူတွေက ဘယ်လိုထူးဆန်းတဲ့နည်းလမ်းတွေကို အလှအပအတွက်သုံးနေကြလဲ ကြည့်လိုက်ရအောင်။

Read More »

ပရော်ဖက်ဆာ စတီဗင်ဟော့ကင်ရဲ့ အရိုးပြာကို နယူတန်ရဲ့ အုတ်ဂူအနီးမှာ မြှပ်နှံမယ်

  ထင်ရှားတဲ့ ရူပဗေဒပညာရှင်ကြီး စတီဗင်ဟော့ကင် ကွယ်လွန်ခဲ့ပြီး တစ်ပတ်ခန့်အကြာမှာပဲ ဈပနအခမ်းအနားကို ပြုလုပ်မယ့်အစီအစဉ်တွေကို ကျန်ရစ်သူ မိသားစုက ကြေငြာခဲ့ပါတယ်။ စတီဗင်ဟော်ကင်ရဲ့ ဈာပနအခမ်းအနားကို လာမယ့် မတ်လ ၃၁ ရက်နေ့၊ စနေနေ့မှာ ကင်းဘရေ့ခ်ျ တက္ကသိုလ်ဝင်းထဲမှာရှိတဲ့ ဂရိတ် စိန်မေရီ ဘုရားရှိခိုးကျောင်းမှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဘုရားကျောင်းဟာ ဟော်ကင်း ၅၂ နှစ်တာ ကာလုံး ကျင်လည်ကျက်စားခဲ့တဲ့ ကောလိပ်အဆောင်နှစ်ဆောင်ဖြစ်တဲ့ Gonville နဲ့ Caius တို့နဲ့ နီးပါတယ်။ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက် နေ့လည် ၂ နာရီမှာ ကျင်းပမယ့် သီးသန့် ဈာပနအခမ်းအနားကို မိသားစုဝင်တွေ၊ …

Read More »

သုတ်ပိုးအရေအတွက်နည်းတဲ့ အမျိုးသားတွေမှာ နှလုံးရေဂါနဲ့ ဆီးချိုရောဂါတွေဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများ

  မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ သုတ်ပိုးအရေအတွက် နည်းတဲ့ အမျိုးသားတွေဟာ နှလုံးရောဂါ ဆီးချိုရောဂါ စတဲ့ ရောဂါတွေဖြစ်ပွားနိုင်ခြေ ၂၀ ရာခိုင်နှုန်းခန့် ပိုပါတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ လူပေါင်း ၅၀၀၀ ပါဝင်ခဲ့တဲ့ ဒီစမ်းသပ်မှုအသစ်ထဲမှာတော့ သွေးပေါင်တတ်တာ၊ ကိုလက်စထရောတတ်တာ၊ ခန္ဓာကိုယ်မှာ အဆီများတာ စတာတွေဟာ သုတ်ပိုးအရေအတွက်နည်းတဲ့ အမျိုးသားတွေမှာ ၂၀ ရာခိုင်နှုန်း ပိုအဖြစ်များတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

Read More »