Wednesday , November 21 2018
Home / FNews (page 458)

FNews

ပင်လယ်ရေကြောင်းလမ်းမှ တရုတ်သို့ ဆန်တင်ပို့မည့်ကိစ္စ မြန်မာကုန်သည်များအကြား သဘောထားကွဲလွဲမှုဖြစ်ပေါ်နိုင်

သန့်ဇင်ဦး(မြစ်မခ) လာမည့် ဧပြီလကုန်ပိုင်းမှစတင်၍ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုကဏ္ဍ၌ မူဆယ်ဂိတ်မှတင်ပို့မှုအစား ပင်လယ်ရေကြောင်းလိုင်းမှ တင်ပို့သည့် ကုန်သွယ်မှုအဖြစ် Oversea Trade ဖြင့် တင်ပို့သွားရန်စီစဉ် ထားသည်ဟု မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်) အတွင်း ရေးမှူး ဦးသန်းဦးထံမှ သိရှိရသည်။ “အရင်ကတော့ မူဆယ်ကုန်စည်ဒိုင်ကနေတဆင့် တရုတ်နိုင်ငံရွှေလီဘက်ကို တင်ပို့ပါတယ်။ ဒီဘက် ကတော့ တရားဝင် အခွန်ဆောင်ပြီးပို့ပေမဲ့ ဟိုဘက်ရောက်တော့ ဟိုဘက်က ကုန်သည်တွေက အခွန် လွတ်အောင်ဆိုပြီး မှောင်ခိုတွေသယ်ကြတယ်။ အဖမ်းလည်းခံရတဲ့အခါ ဒီက ဆန်ကုန်သည်တွေ ထိ ခိုက်ပါတယ်” ဟု ဦးသန်းဦးက ပြောသည်။

Read More »

သင်္ဘောတိမ်းမှောက်မှုကြောင့် နစ်နာသူများကို ရခိုင်ပြည်နယ်အစိုးရ ထောက်ပံ့ကြေးပေး

အာရကန်ကိုကို(မြစ်မခ) ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ကျောက်ဖြူကယ်ဆယ်ရေးစခန်းသို့ မတ်လ ၁၇ ရက်တွင် လာရောက်ပြီး သင်္ဘောတိမ်းမှောက်မှုကြောင့် သေဆုံးသူများ၏ မိသားစုဝင်များနှင့် အသက်ရှင် လွတ်မြောက် ကျန်ရစ်သူများကို ထောက်ပံ့ကြေးပေးအပ်ကြောင်း သိရသည်။ ကျောက်ဖြူကယ်ဆယ်ရေးစခန်းရှိ လွတ်မြောက်လာသူ (၃၆) ဦးနှင့်သေဆုံးသူ (၆၀)ဦး၏ ကျန်ရစ်သူ မိသားစုဝင်များကို ထောက်ပံ့ငွေကျပ်၁၄သိန်းခွဲ( တစ်ဆယ့်လေးသိန်း ငါးသောင်း)ကို ပေးခဲ့ခြင်းဖြစ်သည်။

Read More »

V Gastro Bar အမှုမှ ဆိုင်ရှင်၊မန်နေဂျာနှင့် နယူးဇီလန်နိုင်ငံသားကို သာသနာညှိုးနွမ်းစေမှုဖြင့် ထောင် ၂ နှစ်နှင့် ၆ လ ချ မှတ်

ထက်အောင်(မြစ်မခ) Facebook စာမျက်နှာတွင် ဗုဒ္ဓရုပ်ပွားတော်ပုံအား နားကြပ်တပ်၍ ဘားဆိုင်ကြော်ငြာသည့် V Gastro Bar အမှုအား မတ်လ ၁၇ ရက် ဗဟန်းတရားရုံးက ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုထွန်းသူရိန် ၊ မန်နေဂျာ ကိုထွဋ်ကိုကိုလွင်နှင့်  အထွေထွေမန်နေဂျာ နယူးဇီလန် နိုင်ငံသား Mr. Philips တို့အား ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်လိုက် ကြောင်း ဗဟန်းမြို့နယ်တရားရုံးမှ သိရှိရသည်။ အဆိုပါ အမှုအား သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) နှင့် ဒေသန္တရပုဒ်မ ၁၈၈ တို့ဖြင့် တရာစွဲဆိုထားခြင်း ဖြစ်ပြီး ပုဒ်မ ၂၉၅ (က) အတွက် ထောင်ဒဏ် …

Read More »

အချစ်ရေးကို ပရိတ်သတ်အား အသိမပေးလိုသည့် သဉ္ဇာနွယ်ဝင်း

ရဲရင့်မင်းခန့်(မြစ်မခ) ပရိတ်သတ်အား အနုပညာလှုပ်ရှားမှုနှင့်သာပတ်သက်၍ အသိပေးလိုပြီး ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည့် အချစ်ရေးနှင့် ပတ်သက်ပြီး အသိမပေးလိုကြောင်း သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းက ဆိုသည်။ “ပရိသတ်အားပေးတာ အနုပညာပိုင်းနဲ့ပတ်သက်ပြီး အားပေးကြတာများတယ်လေ။  အနုပညာသမားတစ် ယောက်အနေနဲ့ ကိုယ့်ပရိသတ်ကကိုယ့်ကို အချစ်ရေးမှာ စိတ်ဝင်စားတာထက်စာရင် အနုပညာကို စိတ်ဝင်စားစေချင်ပါတယ်။ အဲ့ဒီအတွက်ကြောင့် အချစ်ရေးမဖြေတာပါ။”ဟု သဉ္ဇာနွယ်ဝင်းက ပြောသည်။

Read More »

ကလေးမြို့တွင် မြူနှင့် မီးခိုးများ ထူထပ်ခြင်းကြောင့် လေယာဉ်များ ဆင်းသက်ရေး ခက်ခဲနေ

ကျော်သူစိုး – ကလေး(မြစ်မခ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မြူနှင့် တောင်ယာရှို့သည့် မီးခိုးများ ထူထပ်နေခြင်းကြောင့် ကလေး လေယာဉ်ကွင်းသို့ ဆင်းသက်မည့် လေယာဉ်များ ဆင်းသက်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကလေးမြို့လေဆိပ်မှ သိရှိရသည်။ အဆိုပါ မြူနှင့် တောင်ယာရှို့သည့် မီးခိုးများကြောင့် မတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် ကလေးမြို့သို့ ဆင်းသက်မည့် ကလေး- မန္တလေး- ရန်ကုန် ပျံသန်းသည့် ကမ္ဘောဇလေယာဉ်လိုင်းမှာ မဆင်းသက်နိုင်ခဲ့ခြင်းကြောင်း သိရသည်။

Read More »