Saturday , November 3 2018
Home / FNews (page 456)

FNews

 “ နေပြည်တော်မှာ ဘယ်လောက်ပဲ နိုင်ငံဂုဏ်ဆောင်ဖြစ်ခဲ့ပေမယ့် ပုဂံမှာတော့ ဖျာလိပ်ပြီး အိမ်ပြန် ခဲ့ရတယ်” ပါလာမိုတာ စီးရင်း အိမ်မက်တွေကို ရဲရဲဝံ့ဝံ့အကောင်အထည်ဖော်ခဲ့သူ ဖိုးလုံးနှင့်တွေ့ဆုံခြင်း

နောင်(မြစ်မခ) ပါလာမိုတာကို မြန်မာနိုင်ငံမှာ ကိုယ်တိုင်တီထွင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပထမဆုံး စီးနင်း ပျံသန်းခဲ့သူ၊ နိုင်ငံတကာအားကစားနည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ကစားသူနည်းပါးသေးသည့် ပါလာမိုတာ အားကစားနည်း ပြန်လည်ဆန်းသစ်ရန် ကြိုးစားစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ကျပ် (၁၀) သိန်း ဆုချီးမြှင့်ခြင်းခံခဲ့ရသည့်  ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ မြို့မှ ကိုကျော်စိုးအောင်(ခေါ်)ဖိုးလုံးနှင့် တွေ့ဆုံခိုက် ၄င်း၏ အဆိုပါ အားကစားနည်းအပေါ် ခံယူချက်နှင့် ပတ်သက်၍ ပရိတ်သတ် သိရှိနိုင်ရေး ကောက်နုတ်ဖော်ပြအပ်ပါသည်။

Read More »

မြန်မာပို့ကုန်များ ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက်နိုင်ရေး အမျိုးသားပို့ကုန်မဟာဗျုဟာ စတင်ချမှတ်

ကြယ်စင်လင်း (မြစ်မခ) အမျိုးသားပို့ကုန်မဟာဗျုဟာစတင်ခြင်း အခမ်းအနားကို မတ်လ ၂၅ ရက်နေတွင် နေပြည်တော် MICC-2 တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ “မြန်မာနိင်ငံရဲ့ ပြည်ပပို့ကုန်တိုးတက်နိင်ရေးနဲ့ ကမ္ဘာ့ဈေးကွက်တိုးဖောက်နိင်ရေးကို ရည်ရွယ်ပါတယ်။ ပုဂ္ဂလိက ကဏ္ဍရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ” ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှုမြင့်တင်ရေးဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။

Read More »

တပ်မတော်တစ်ခုတည်းဖွဲ့စည်းရန် NCCT မူအားဖြင့် သဘောတူ

နောင်ရိုး(မြစ်မခ) တပ်မတော်အား တစ်ခုတည်း ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသော်လည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဖျက်သိမ်းရန် လက်မခံနိုင်ကြောင်း NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ဆိုသည်။ “အရင်တုန်းက အစိုးရတွေရဲ့ ကိုင်တွယ်မှုပုံစံက တပ်တွေ ဖျက်သိမ်းဖို့ပဲ။ နိုင်ငံရေးအရ ဘာမှအစား ထိုးပေးတာ မရှိဘူး။ အဲ့ဒီအပေါ်မှာ ယုံတည်ချက် မရှိဘူး။ တစ်ချိန်ချိန်မှာ ယုံကြည်ချက် မြင့်တက်လာ ရင်တော့ တစ်မျိုးပေါ့။ လောလောဆယ်တော့ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တပ်တွေ ဖျက်သိမ်း ပေးဖို့ဆိုတာတော့ ဘယ်အဖွဲ့မှာမှ အစီအစဉ်မရှိဘူး”ဟု နိုင်ဟံသာက ပြောသည်။

Read More »

MTVသီချင်းကြည့်ရှုသူများကို အမျိုးအစားခွဲခြားသတ်မှတ် ပေးသင့်ဟု ဖြူဖြူကျော်သိန်းဆို

စုသက်နှင်း(မြစ်မခ) မြန်မာ့ဂီတလောကတွင် သီချင်းအဆင့်ခွဲသည့် Rating စနစ် (MTV သီချင်းများတွင် ကြည့်ရှုသူ အသက် အရွယ်အပိုင်းအခြားကို တေးစီးရီးတွင်တစ်ပါတည်းသတ်မှတ်ပေးသည့်စနစ်)ဖြင့် သတ်မှတ် ပေးသင့်သည်ဟု အဆိုတော် ဖြူဖြူကျော်သိန်းက ဆိုသည်။ “အစ်မကလည်း အနုပညာသမားဆိုတော့ ကိုယ်တိုင်ဖန်တီးထားတဲ့  အနုပညာကို ဖြတ်တာ ၊ အသစ်ပြန်လုပ် တာတွေကို သဘောမကျဘူး။ အနီးဆုံးလား မဝေးဆုံးလား တေးစီးရီးတုန်းက သီချင်းဆိုတဲ့  နှုတ်ခမ်းပုံစံ ကြောင့် ဆင်ဆာထိဖူးတယ်။ ဒီဘက်ခေတ်မှာ အဲဒီအစား ၁၈နှစ်အောက် မကြည့် ရ၊ မိသားစု နဲ့ မကြည့်ရဆိုပြီး Rating ခွဲပေးတဲ့  စနစ်သုံးသင့်တယ်လို့ထင်တယ်။” ဟု ဖြူဖြူကျော်သိန်းက ပြောသည်။

Read More »

လက်ပံတန်းအကြမ်းဖက်မှုဆန့်ကျင်ရေး ပြည်မြို့၌ လက်ပတ်ဖြူ လှုပ်ရှားမှုစတင်

သီဟလွင်-ပြည် (မြစ်မခ) ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့ လူစည်ကားရာနေရာများတွင် လက်ပံတန်းအကြမ်းဖက်မှုဖြစ်စဉ်အား ရှုံ့ချဆန့်ကျင်သည့် အနေဖြင့် မြို့ခံများက လက်ပတ်ဖြူများပတ်သည့် လှုပ်ရှားမှုတစ်ရပ်ကို မတ်လ (၂၁)ရက်နေ့က ပြုလုပ်ခဲ့သည်။ နံနက်(၉)နာရီခွဲခန့်မှ စတင်ကာ ပြည်မြို့ခံ အရပ်ဖက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများမှ   အဆိုပါလှုပ်ရှားမှုကို ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်မြို့ဈေးကြီး၊ အောင်မင်္ဂလာဈေး၊ လက်ဖက်ရည် ဆိုင်များနှင့် လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ပြုလုပ်ခဲ့သည်။

Read More »