Saturday , November 3 2018
Home / admintin

admintin

မအူပင်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးသည့် ငါးထောင်တန်အုပ်များတွင် စက္ကူဖြတ်စများပါဝင်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ယူလာသော မအူပင်မြို့နယ် အခြေခံပညာ ဦးစီးဌာနမှ ဆရာ၊ဆရာမများ၏လစာများမှ ငါးထောင်တန်အုပ်များတွင် စက္ကူများရောပါနေသဖြင့် ၀န်ထမ်း တစ်ဦးလျှင် သုံးထောင်ကျော်ဖြတ်ပြီး လစာပေးချေထားရကြောင်း သိရသည်။ မအူပင်မြို့နယ်ရှိ အခြေခံပညာရေးဝန်ထမ်းများအားထုတ်ပေးမည့် လစာငွေသိန်းပေါင်း (၂၀၀၀) ကျော် ငွေထုပ်များအနက်မှ ကျပ်သိန်း(၅၀)ငွေထုပ်တစ်ထုပ်အတွင်း A4 စက္ကူဖြတ်စအများအပြားပါဝင်နေသဖြင့် အဆိုပါငွေထုပ်အား မအူပင်မြို့မြန်မာ့စီးပွါးရေးဘဏ်သို့ ပြန်လည်အပ်နှံထားပြီး ဆရာ၊ဆရာမများ၏ သဘောတူညီချက်ဖြင့် လစာငွေများ လျှော့ပေးထားခြင်းဖြစ်ကြောင်း မအူပင်မြို့နယ်ပညာရေးမှုးရုံးမှသိရသည်။

Read More »

မြောက်ဥက္ကလာပမြို့နယ်မှ မျက်နှာဖုံးစွပ် လူသတ်မှု အမိန့်ချမှတ်ရန်ပျက်ပြယ် ရုံးချိန်းထပ်မံချိန်းဆို

မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ ၆ လမ်းတွင် မျက်နှာဖုံးစွပ်ထားသည့် လူတစုမှ ကျော်မင်းဆိုသူအား အရက်ဆိုင်ထဲတွင် ဓားဖြင့်ခုတ်သည့်အမှုကို ဖေဖော်ဝါရီ ၂၇ ရက်တွင်အပြီးသတ် အမိန့်ချမှတ်ရန် စီစဉ် ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတ်လ ၅ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း သိရှိရသည်။ “တရားသူကြီးမရှိလို့ မတ်လ ၅ ရက်နေ့ကိုထပ်ပြီးချိန်းလိုက်တယ်။ ” ဟု မြောက်ပိုင်းခရိုင် တရားရုံး ဒုခရိုင်တရားသူကြီး ၂ တရားခွင်စာရေးမက ပြောသည်။

Read More »

ရေထဲမျောပါလာသော မွေးကင်းစ အမွှာမိန်းကလေး (၂)ဦးမှာ သေဆုံးပြီးသားဟု ပွင့်ဖြူမြို့နယ် ရဲတပ်ဖွဲ့ဆို

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မုန်းချောင်းအတွင်း ဖေဖော်ဝါရီ(၂၅)ရက်နေ့ ညနေပိုင်းတွင် မျောပါလာသော မွေးကင်းစ အမွှာမိန်းကလေး(၂)ဦးမှာ သေဆုံးပြီးသား ကလေးများသာ ဖြစ်ပြီး တရားခံအား သိရှိပြီဖြစ်သော်လည်း ယခုအထိ ဖမ်းဆီးထားခြင်းမရှိသေးကြောင်း ပွင့်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှ သိရှိရသည်။ “ကလေးတွေက ပေါင်ချိန်လည်းမပြည့်ဘူး။ ကိုယ်ဝန်ပျက်ကျတဲ့သဘောမျိုးနဲ့ အသေလေးတွေမွေးတာလို့ ဆေးရုံကပြောတယ်။ မြေမြုပ်ဖို့ ယူသွားပြီးတော့ ချောင်းထဲမျောလိုက်တာ။” ဟု ပွင့်ဖြူမြို့နယ် ရဲစခန်း မှုခင်းဂတ်စာရေး ဦးသန်းရွှေက ပြောသည်။

Read More »

မန္တလေးမြို့ယာဉ်ကြောပိတ်ဆို့ ငါးနှစ်အတွင်းဖြစ်လာနိုင်သဖြင့် သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်မည်

မန္တလေးမြို့တွင် နောင်လာမည့်ငါးနှစ်အတွင်း ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဖြစ်ပွားလာနိုင်သဖြင့် သယ်ယူ ပို့ဆောင်ရေးစနစ်ကို Asia Development Bank(ADB) ပူးပေါင်းကာ အဆင့်မြင့်တင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းက ပြောသည်။ “ မန္တလေးမြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်က ဆိုင်ကယ်တွေကိုပဲ အားကိုးနေရတယ်။ အဆင့်မြင့် ဘတ်စ်ကားတွေ မရှိသေးဘူး။ ရှိလာရင် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်လာမယ်။ ဒါကြောင့် ငါးနှစ်အနေအထားနဲ့ တွက်ချက်ပြီး သယ်ယူပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်သွားမှာဖြစ်တယ်” ဟု ၀န်ကြီး ဦးကျော်ဆန်းက ပြောသည်။

Read More »